ကျူပင် ယမန်နှစ်ထက် ဈေးပိုကောင်း
diz_admin
February 24, 2022တံမြက်စည်းပြုလုပ်သည့် ကျူပင်များ ဈေးနှုန်း ယမန်နှစ်ကထက် ယခုနှစ် ဈေးပိုကောင်းလာကြောင်း ကျူပင်ခုတ်ယူရောင်းချကြသည့် တောင်သူများထံမှ သိရသည်။ ယမန်နှစ်က ကျူအပင်ရေတစ်ထောင်ကို ၂၃၀၀ ကျပ် ဒေသပေါက်ဈေးရှိရာမှ ယခုနှစ် ကျူထွက်ချိန်တွင် ၂၈၀၀ ကျပ်အထိ ဈေးရကြောင်း တောင်သူများက ပြောသည်။ “ကျူဈေးကောင်းတော့ တောထဲမှာ ကျူရှာနေတဲ့ သူတွေချည်းပဲ” ဟု မြိတ်မြို့နယ်၊ သစ်ယာဝ ကျေးရွာအုပ်စုနေ ကျူခုတ် တောင်သူတစ်ဦးက ပြောသည်။ ကျူပင်များအား အမျိုးသားတစ်ဦး တစ်နေ့ခုတ်လျှင် အပင်ရေ ရှစ်ထောင်မှ ၁ သောင်း ခန့်ရရှိပြီး ငွေအားဖြင့် ကျပ်နှစ်သောင်းဝန်းကျင်ခန့် ရရှိကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ်က တံမြက်စည်းတစ်စီး ကျပ်ခြောက်ရာပေါက်ဈေးရှိပြီး ယခုနှစ်တွင် ကျပ်ရှစ်ရာအထိ ဈေးမြင့်တက်သွားကြောင်း ဈေးကွက်အတွင်းထံမှ သိရသည်။ ကျူပင်များသည် တောတောင်အတွင်း […]


