ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း တည်းခိုခန်းတစ်ခုတွင် အဖမ်းခံရသည့် မြန်မာ ၄၀ကျော်အနက် ကိုးဦးတွင် ကိုဗစ်တွေ့

diz_admin

March 4, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅ ဦးအနက် ကိုးဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ထားသည်။ အဆိုပါ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး တည်းခိုခန်းတစ်ခုတွင် တည်းခိုနေစဉ် မတ်လ ၁ရက်နေ့က ဖမ်းမိခြင်းဖြစ်ကြောင်း မတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၄၅ ဦးအနက် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၂ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့ကို တရားမစွဲမီ ကွာရန်တင်းစခန်းသို့ ပို့ပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ရာ ကိုးဦးတွင် ပိုးတွေ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အထက်ပါ ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၄၅ ဦးသည် တစ်ဦးလျှင် ပွဲစားခ […]

ဘဏ်အပ်ငွေ ထုတ်ရခက်ခဲနေဆဲ

diz_admin

March 4, 2022

တစ်နှစ်ကျော်ကြာသည်အထိ ပြည်သူများ၏ ဘဏ်အပ်နှံငွေများကို ထုတ်ယူရာတွင် အခက်အခဲ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်လေးခုကို ဆက်သွယ်မေးမြန်းခဲ့ရာ ဘဏ်အပ်နှံငွေများကို အကန့်အသတ် ဖြင့်သာ ထုတ်ပေးနိုင်သေးကြောင်း ပြောကြသည်။ ဧရာဝတီဘဏ်တွင် အကောင့်ထဲရှိ ငွေများကို တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပေးနေပြီး တစ်ကြိမ်ထုတ်လျှင် ကျပ်သုံးသိန်းသာရရှိကြောင်း ၎င်းဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ငွေထုတ်ယူရန်အတွက် ကြိုတင်တိုကင်ယူရန် မလိုကြောင်း ၎င်းကပြောသည်။ ကမ္ဘောဇဘဏ်တွင်မူ ကြိုတင်တိုကင်ယူရပြီး တစ်ကြိမ်ငွေထုတ်လျှင် ကျပ်သုံးသိန်းသာ ထုတ်ပေးကြောင်း ယင်းဘဏ်ဝန်ထမ်းတစ်ဦးကပြောသည်။ ရုံးဖွင့်ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီကြားအချိန်တွင် တိုကင်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ CB ဘဏ် (ထားဝယ်) တွင်မူ ငွေထုတ်ပြီးပါက နောက်တစ်ကြိမ်ထုတ်ရမည့်အချိန်ကို ရက်ချိန်းပေးလိုက် ကြောင်း ၎င်းဘဏ်တွင် ကိုယ်တိုင်ငွေထုတ်ဖူးသူတစ်ဦးက ပြောသည်။ တစ်ခါထုတ်လျှင် […]

ကျွန်းစု NLD တိုင်းအလုပ်အမှုဆောင်အပါအဝင် ခုနစ်ဦး အဖမ်းခံရပြီးနောက်အခြေအနေ သိခွင့်မရ

diz_admin

March 3, 2022

တနင်္သာရီတိုင်း NLD ပါတီ အလုပ်အမှုဆောင် ဦးသိန်းတန်နှင့် သားသမီးနှစ်ဦးအပါအဝင် ခုနစ်ဦး ဖမ်းဆီး ခံရသည့်နောက်ပိုင်းအခြေအနေ မိသားစုဝင်များ တစ်စုံတစ်ရာ သိခွင့် တွေ့ခွင့်မရသေးကြောင်း မြိတ်ခရိုင် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များ သိခွင့် မရကြောင်း ၎င်းက ဆိုသည်။ ကျွန်းစုမြို့နယ် ပထော်ကျေးရွာတွင် နေထိုင်သည့် ဦးသိန်းတန်နှင့် သားဖြစ်သူ၊ ၎င်းတို့နှင့် နီးစပ်သူ လေးဦး တို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် နေအိမ်၌ ဖမ်းဆီးခံရကြောင်း အထက်ပါတာဝန်ရှိ သူက ပြောဆိုသည်။ ဦးသိန်းတန်၏ သမီးဖြစ်သူမှာလည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း နီးစပ်သူများထံမှ သိရသည်။ သမီးဖြစ်သူ […]

စက်သုံးဆီဈေး တစ်လီတာ ၂၀၀၀ ကျော်ပြီ

diz_admin

March 3, 2022

တရိပ်ရိပ်တက်နေသော စက်သုံးဆီဈေးနူန်းသည် အကျမရှိတော့ဘဲ လက်ရှိတွင် တစ်လီကျပ် ၂၀၀၀ ကျော် အထိသို့ပင် မြင့်တက်လာကြောင်း ထားဝယ် စက်သုံးဆီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယနေ့ ထားဝယ်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၀၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ် ဈေးပေါက်နေကြောင်း စက်သုံး ဆီဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။ ယင်းသို့ စက်သုံးဆီဈေးနူန်း ဆက်တိုက်မြင့်တက်လာသဖြင့် ထားဝယ်မြို့ရှိ စက်သုံးဆီပိုင်ရှင်များအသင်း တွင် ဆီဈေးကိစ္စ အစည်းအဝေးတစ်ရပ် လုပ်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။ “အခု‌ဆီဈေးတက်နေတာက အရမ်းရုပ်ဆိုးသွားပြီ။ အဲဒါကြောင့် နောက်ထပ်ဈေး ထပ်မတတ်နိုင်အောင် အစည်းအဝေး ခေါ်မယ်လို့တော့ ပြောသံကြားရတယ်” […]

ကျောင်းတွင် ကိုဗစ်အစုလိုက်ကူးစက်မှုရှိပြီး တိုင်းအတွင်း ကျောင်းသား၊ ဆရာ ၁၆၀ကျော် ကူးစက်ခံရ

diz_admin

March 3, 2022

ဘုတ်ပြင်းမြို့နယ်က အထက ကျောင်းတစ်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ ၆၃ဦး ကိုဗစ်အစုလိုက်အပြုံလိုက် ကူးစက်ခံရပြီး တိုင်းတစ်ခုလုံးတွင် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ ၁၆၀ ကျော် ကူးစက်ခံထားရကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ တိုင်းအတွင်း ကျောင်းသူ၊ ကျောင်းသား ၁၂၃ ဦးနှင့် ဆရာ၊ ဆရာမ ၄၃ ဦး စုစုပေါင်း ၁၆၆ တို့မှာ ကိုဗစ် ကူးစက်ခံထားရကြောင်း အထက်ပါဌာန (စီမံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းယုက ပြောသည်။ ယင်းအနက် အများဆုံးတွေ့ရှိမှုမှာ ဘုတ်ပြင်းမြို့နယ် အထက တောင်ဒဂုန်ကျောင်းတွင်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၇ ဦးနှင့် ဆရာ၊ ဆရာမ ခြောက်ဦး စုစုပေါင်း ၆၃ ဦး […]

ရွှေဈေးတက်ချိန် ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ပါး

diz_admin

March 2, 2022

ရွှေဈေးတက်နေချိန်တွင် ထားဝယ်ဈေးကွက်၌ အရောင်းအဝယ် အေးစက်နေကြောင်း ရွှေဆိုင်ပိုင်ရှင် အချို့ထံမှ သိရသည်။ လက်ရှိ ထားဝယ်ဈေးကွက်တွင် ‌အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်ဆယ့်ကိုးသိန်းနှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။ ထိုသို့ရွှေဈေးတက်နေပြီး အတက်အကျ မငြိမ်သဖြင့် အရောင်းရော အဝယ်ပါ နည်းပါးနေကြောင်း ထားဝယ်မြို့ ဈေးကြီးအရှေ့ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “အရင်က (ဇန်နဝါရီလ) နဲ့ စာရင် အတော်လေးပါးတယ်။ ရွှေဈေးကလည်း လုံးဝမငြိမ်ဘူးဖြစ်နေတာ” ဟု ၎င်းက ပြောသည်။ ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် တစ်ဆယ့်ကိုးသိန်းသုံးသောင်းကျော်ဖြင့် ရောင်းချနေကြသည်။ ထားဝယ်ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်ကမူ အခေါက်ရွှေ ဝယ်သူထက် ပြန်ရောင်းသူက များနေကြောင်း ဆိုသည်။ “အခုချိန်က အလှူတွေ မင်္ဂလာဆောင်တွေလည်း နည်းသွားပြီဆိုတော့ ဝယ်တဲ့သူက အရမ်းနည်းတယ်” ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က […]

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၃၀ နီးပါးကို ကော့သောင်းသို့ ပြန်လွှဲ

diz_admin

March 2, 2022

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၂၉ ဦးကို မတ်လ ၁ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းပေးကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ ထိုင်းနိုင်ငံ အခြေစိုက် FED သည် မြန်မာရွှေ့ပြောင်းအလုပ်သမာများအရေးကို ဆောင်ရွက်ပေးနေသည့် ဖောင်းဒေးရှင်းဖြစ်သည်။ အထက်ပါ ရွှေ့ပြောင်းအလုပ်သမားတို့သည် အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ လူဝင်မူကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များ ကျခံပြီးသူများဖြစ်ကြကြောင်း FED ထံမှ သိရသည်။ ကော့သောင်းဘက်သို့ လွှဲပြောင်းပေးလိုက်သူများတွင် အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၁၂၉ ဦး ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်းထံမှ သိရသည်။ ပြန်လည်ရောက်ရှိလာသူတို့ကို ကွာရန်တင်းစခန်း ဝင်ရောက်ခြင်းနှင့် သက်ဆိုင်ရာနေရပ် အသီးသီးသို့ […]

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် ယခုလအတွင်း မြန်မာလုပ်သား ၁၇၀၀ ကျော် ဖမ်းဆီးခံရ

diz_admin

March 1, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖေဖော်ဝါရီ တစ်လအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၇၃၅ ဦး ဖမ်းမိကြောင်း ထုတ်ပြန်ချက်စာရင်းအရ သိရသည်။ ဇန်နဝါရီလအတွင်းကလည်း မြန်မာလုပ်သား တစ်ထောင်ကျော် ဖမ်းမိကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် မြန်မာအလုပ်သမား တစ်လလျှင် ၅၀၀ ဦးနီးအထိ ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်ကြသဖြင့် ပရာကျွတ်ခီရီခရိုင်အတွင်းဖမ်းဆီးခံရနေခြင်း ဖြစ်သည်။ မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းသို့ တရားမဝင် […]