ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် သုံးလသားကလေးအပါအဝင် လေးဦး ကိုဗစ်ဖြင့် သေဆုံး

diz_admin

March 7, 2022

ရေဖြူမြို့နယ် မူးဒူးရွာက အသက် သုံးလသား ကလေးတစ်ဦး အပါအဝင် လူလေးဦး မတ်လ ၆ ရက်နေ့က ကိုဗစ်‌ဖြင့် သေဆုံးသွားကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် နာရေးကူညီမှု-ထားဝယ်တို့ထံမှ သိရသည်။ သုံးလသား ကလေးငယ်မှာ ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် ကုသနေစဉ် မတ်လ ၆ ရက်နေ့ ညနေ လေးနာရီခန့်တွင် သေဆုံးသွားကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ဆိုသည်။ “ကိုဗစ်နဲ့ လသားအရွယ်သေတာ ထားဝယ်မှာ ပထမဆုံးပဲ” ဟု ၎င်းက ပြောသည်။ ကိုဗစ်ဖြင့်သေဆုံးသည့် အထက်ပါကလေးငယ်အား ယနေ့ (မတ် ၇) သင်္ဂြိုဟ်မည်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။ သေဆုံးသွားသည့် ကလေးငယ်၏ မိဘတွင်မူ ကိုဗစ်ပိုးမတွေ့ရကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က အသက် ၈၃နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ […]

ဆီဈေးတက်သဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ တွက်ခြေမကိုက်ဟုဆို

diz_admin

March 6, 2022

ကိုဗစ် ကန့်သတ်ချက်ကြောင့် ကားလက်မှတ်ခများ ဈေးတင်ကာ ပြေးဆွဲနေသော်လည်း လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်လာသဖြင့် ခရီးတင်တင်ယာဉ်လိုင်းများ တွက်ခြေမကိုက်တော့ကြောင်း မြိတ်မြို့က ခရီးတင်ယာဉ်လိုင်းများထံမှ သိရသည်။ ကိုဗစ် ပြန်လည်ကူးစက်ပြန့်ပွားလာသဖြင့် မြိတ်မြို့မှ တိုင်းအတွင်းမြို့များနှင့် တိုင်းပြင်ပမြို့များသို့ ပြေးဆွဲနေကြသည့် ခရီးတင်ယာဉ်လိုင်းအားလုံး တင်ဆောင်နိုင်သည့် ပမာဏ၏ ထက်ဝက်ကိုသာ တင်ရန် တိုင်းကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ညွှန်ကြားထားသည်။ ယင်းသို့ ခရီးသည်လျှော့၍ ပြေးဆွဲရသဖြင့် ကားလက်မှတ်ခကို ကျပ်တစ်သောင်း ဈေးတင် ကောက်ခံခဲ့ကြောင်း မြိတ်မြို့က ယာဉ်လိုင်းအချို့ထံမှ သိရသည်။ မြိတ်-ထားဝယ်ခရီးစဉ် ခရီးသည်တစ်ဦး ကျပ်တစ်သောင်းခွဲနှုန်း ကောက်ယူခဲ့ရာမှ ထပ်တိုးကာ ကျပ်နှစ်သောင်းခွဲ ကောက်ယူခြင်းဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းအချို့ထံမှ သိရသည်။ သို့သော် ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသည် သွားလာမှု ရှားပါးနေချိန်တွင် စက်သုံးဆီဈေးများ အဆမတန် မြင့်တက် […]

ထားဝယ်တွင် မနက်ဖြန် ငါးနာရီကြာ မီးပြတ်မည်

diz_admin

March 5, 2022

ထားဝယ်မြို့နယ်အတွင်း မနက်ဖြန် (မတ် ၆) နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ငါးနာရီကြာ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်တစ်ခု တိုးချဲ့တပ်ဆင်ရန်အတွက် ငါးနာရီကြာ လျှပ်စစ်မီးဖြတ်တောက်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဓာတ်အားသုံးစွဲမူ ဝန်များလာသဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်တစ်ခု တိုးချဲ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် အခြေခံလျှပ်စစ်တစ်ယူနစ်ကို ၃၅ ကျပ်ဖြင့် သုံးစွဲနေချိန် တနင်္သာရီတိုင်းနေ ပြည်သူတို့မှာ ၎င်းတို့ထက် ရှစ်ဆကျော် ဈေးပိုပေးပြီး သုံးစွဲနေရသည်။ လက်ရှိထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်ကို ၂၈၃ ကျပ်ဖြင့် သုံးစွဲနေရသည်။ မြိတ်နှင့် […]

၁၀ ရက်ကျော် ပျောက်ဆုံးနေသည့် PDF အဖွဲ့ဝင်၏ အလောင်း ပြန်တွေ့

diz_admin

March 5, 2022

တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် PDF အဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ပျောက်ဆုံးပြီး ၁၂ ရက်အကြာတွင် ပြန်တွေ့ကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။ ပဝကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အသက် ၃၀ နှစ်ကျော်အရွယ် PDF အဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေသည့် သတင်းကို ကြားသိခဲ့ရပြီး မတ်လ ၃ ရက်နေ့တွင် ရုပ်အလောင်းကို ပြန်တွေ့ကြောင်း ပဝရွာသားအချို့က ပြောသည်။ ၎င်း၏ ရုပ်အလောင်းကို တိုက်ပွဲဖြစ်သည့်နေရာနှင့် အနည်းငယ်ဝေးသည့် ဥယျာဉ်ခြံတစ်ခုတွင် ခြံပိုင်ရှင် တို့က ပြန်တွေ့သဖြင့် ရွာသချိုင်းတွင် မြေမြှုပ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “သေတဲ့သူက သေနတ် (ကျည်) ထိထားတယ်” […]

မြိတ်တွင် ကိုဗစ်လူနာတစ်ဦး သေဆုံး၊ ကိုဗစ်ပိုးတွေ့သူလည်း ခြောက်ရာကျော်ပြီ

diz_admin

March 5, 2022

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်လူနာ အမျိုးသမီးတစ်ဦး ယနေ့ (မတ် ၅) နံနက်ပိုင်းက သေဆုံးကြောင်း ယင်းရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပေးသည့် နာရေးကူညီမှုအသင်းထံမှ သိရသည်။ အဆိုပါသေဆုံးသည့် အမျိုးသမီးသည် အသက် ၄၀ အရွယ်ဖြစ်ပြီး ရောဂါအခံရှိသူဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုကာလတွင် ကိုဗစ်ရောဂါဖြင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသည့် ပထမဆုံး လူနာဖြစ်ပြီး ယင်းမတိုင်ခင် ဖေဖော်ဝါရီလအတွင်းကမူ သေဆုံးသူ အမျိုးသမီးတစ်ဦးကို ကိုဗစ်စစ်ဆေးရာ ပိုးတွေ့ခဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိကြောင်း နာရေးကူညီမှုအသိုင်းအဝိုင်းထံမှ သိရသည်။ မြိတ်မြို့တွင် ဖေဖော်ဝါရီအတွင်း ကိုဗစ်ပိုးတွေ့သူ ၄၆၅ ဦးရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သည့် မြို့နယ်အလိုက် ကိုဗစ် ပိုးတွေ့/ သေဆုံးလူနာ စာရင်းအရ သိရသည်။ ဖေ‌ဖော်ဝါရီလတွင် ကိုဗစ်ပိုးတွေ့သူ အများဆုံးနေ့မှာ […]

ကံပေါက် မိကျောင်းအိုင်ရွာသားတစ်ဦး အသတ်ခံရ

diz_admin

March 4, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ မိကျောင်းအိုင်ရွာသားတစ်ဦး မတ်လ ၃ ရက်က အသတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ဦးလှသန်းဆိုသူဖြစ်ပြီး ကံပေါက်ကျေးရွာအုပ်စု ဖက်တောင်ရွာ ဥယျာဉ်ခြံသွားလမ်းတ‌စ်နေရာတွင် ဝမ်းဗိုက် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရွာသားတစ်ဦးက မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးလှသန်းအား စစ်ကောင်စီသတင်းပေးဟုဆိုကာ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးလှသန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ယခင် စစ်အစိုးရ ခေတ်ကလည်း ကျေးရွာကောင်စီဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။

ထိုင်း တည်းခိုခန်းတစ်ခုတွင် အဖမ်းခံရသည့် မြန်မာ ၄၀ကျော်အနက် ကိုးဦးတွင် ကိုဗစ်တွေ့

diz_admin

March 4, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅ ဦးအနက် ကိုးဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ထားသည်။ အဆိုပါ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး တည်းခိုခန်းတစ်ခုတွင် တည်းခိုနေစဉ် မတ်လ ၁ရက်နေ့က ဖမ်းမိခြင်းဖြစ်ကြောင်း မတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၄၅ ဦးအနက် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၂ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့ကို တရားမစွဲမီ ကွာရန်တင်းစခန်းသို့ ပို့ပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ရာ ကိုးဦးတွင် ပိုးတွေ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အထက်ပါ ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၄၅ ဦးသည် တစ်ဦးလျှင် ပွဲစားခ […]

ဘဏ်အပ်ငွေ ထုတ်ရခက်ခဲနေဆဲ

diz_admin

March 4, 2022

တစ်နှစ်ကျော်ကြာသည်အထိ ပြည်သူများ၏ ဘဏ်အပ်နှံငွေများကို ထုတ်ယူရာတွင် အခက်အခဲ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်လေးခုကို ဆက်သွယ်မေးမြန်းခဲ့ရာ ဘဏ်အပ်နှံငွေများကို အကန့်အသတ် ဖြင့်သာ ထုတ်ပေးနိုင်သေးကြောင်း ပြောကြသည်။ ဧရာဝတီဘဏ်တွင် အကောင့်ထဲရှိ ငွေများကို တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပေးနေပြီး တစ်ကြိမ်ထုတ်လျှင် ကျပ်သုံးသိန်းသာရရှိကြောင်း ၎င်းဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ငွေထုတ်ယူရန်အတွက် ကြိုတင်တိုကင်ယူရန် မလိုကြောင်း ၎င်းကပြောသည်။ ကမ္ဘောဇဘဏ်တွင်မူ ကြိုတင်တိုကင်ယူရပြီး တစ်ကြိမ်ငွေထုတ်လျှင် ကျပ်သုံးသိန်းသာ ထုတ်ပေးကြောင်း ယင်းဘဏ်ဝန်ထမ်းတစ်ဦးကပြောသည်။ ရုံးဖွင့်ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီကြားအချိန်တွင် တိုကင်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ CB ဘဏ် (ထားဝယ်) တွင်မူ ငွေထုတ်ပြီးပါက နောက်တစ်ကြိမ်ထုတ်ရမည့်အချိန်ကို ရက်ချိန်းပေးလိုက် ကြောင်း ၎င်းဘဏ်တွင် ကိုယ်တိုင်ငွေထုတ်ဖူးသူတစ်ဦးက ပြောသည်။ တစ်ခါထုတ်လျှင် […]