ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန် မြို့နယ်အချို့တွင် သောက်သုံးရေ စတင်ပြတ်လပ်

diz_admin

March 13, 2022

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေ ပြတ်လပ်မှုများ စတင်ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ မုဒုံ၊ ကျိုက်မရော၊ ပေါင်မြို့နယ်အတွင်းရှိ ရက်ကွက် ကျေးရွာအချို့တို့တွင် မတ်လဆန်းပိုင်းခန့်မှ စတင်ကာ သောက်ရေ ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ ရာသီဥတုပူပြင်းလာသည့်အတွက် တွင်းရေများ ခမ်းခြောက်လာကြောင်း မုဒုံမြို့နယ် ယောင်းဒေါင်းကျေးရွာမှ ဒေသခံတစ်ဦးက ယင်းနေရာတွင် ကြုံတွေ့နေရသည့် အခြေအနေကို ပြောသည်။ “ရာသီဥတု ပူလာတော့ ရေတွင်းက ရေတွေ နည်းလာတယ်။ ရေနည်းလာတော့ သောက်သုံးဖို့အတွက်က လုံးဝ အဆင်မပြေတော့ဘူး” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ရေအခက်အခဲရှိသည့် ရပ်ကွက် ကျေးရွာတို့တွင် အများစုက သောက်ရေကို ဝယ်သုံးနေရပြီး အလှူရှင်များ လာရောက်လှူဒါန်းပေးနေသည်လည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။ ရေဝယ်သုံးနေရသည့် ရပ်ကွက် […]

ရွှေပြန်ရောင်းလျှင် ဈေးနှိမ်ခံရဟုဆို

diz_admin

March 12, 2022

ဈေးမတက်ချိန်က ဝယ်ယူထားသောရွှေကို‌ ယခုကဲ့သို့ ရွှေဈေး သိန်းနှစ်ဆယ်ဝန်းကျင်‌ ပေါက်ဈေးရှိနေချိန် ပြန်ရောင်းချလျှင် ရွှေဆိုင်အချို့က ဈေးနှိမ်ဝယ်ယူနေကြသဖြင့် အရှုံးခံရောင်းချနေရကြောင်း ရွှေရောင်းချ သူအချို့က ပြောသည်။ ၁၅ ပဲရည်၊ ၁၄ ပဲရည် ရွှေကို ပြန်ရောင်းချချိန်တွင် ကာလပေါက်ဈေးဖြင့် ဝယ်ယူခြင်းမဟုတ် ဈေးနှိမ် ဝယ်ယူနေကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။ ယမန်နေ့က ၁၅ ပဲရည်ရွှေတမတ်သားကို သွားရောင်းချခဲ့ရာ ကျပ်နှစ်သောင်း အရှုံးခံပြီး ရောင်းချ ခဲ့ရကြောင်း ထားဝယ်မြို့ခံ ဒေါ်ဌေးဌေးက ဆိုသည်။ ဒေါ်ဌေးဌေးသည် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁၅ သိန်းကျပ်ဝန်းကျင် ဈေးပေါက်ချိန် ကျပ်နှစ်သိန်းရှစ်သောင်းဖြင့် ရွှေတစ်မတ်သား ဝယ်ယူထားခြင်းဖြစ်ကြောင်း ဆိုသည်။ ယခု ရွှေဈေး ကျပ်သိန်းနှစ်ဆယ် ဝန်းကျင်ဈေးပေါက်နေချိန် ပြန်ရောင်းချရာတွင် ဝယ်ဈေးထက် ဈေးပို မရသည့်အပြင် […]

ထားဝယ်တွင် လူငယ်တစ်ဦး ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံရ

diz_admin

March 11, 2022

ထားဝယ်၌ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရရာတွင် ဖမ်းဆီးခံရသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၂၈နှစ် ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။ ဟိန်းမင်းကိုကို (ခေါ်) ဟိန်းလွင်ထူးကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက မတ်လ ၄ ရက်နေ့က ယင်းသို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်က ဘုံမ္မော်ရပ်ကွက်တွင် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းစဉ် အဖမ်းခံရခြင်း ဖြစ်ပြီး ဟိန်းမင်းကိုကိုနှင့်အတူ ၁၅ ဦးအဖမ်းခံခဲ့ရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဟိန်းမင်းကိုကိုမှာ ဖမ်းဆီးခံရချိန် လက်မောင်း၊ ပေါင်နှင့် ခြေထောက်တို့တွင် ရော်ဘာကျည်နှင့် အနီးကပ် ပစ်ခံထားရခြင်းကြောင့် ဒဏ်ရာအပြင်းအထန် […]

မြိတ်နှင့် ပုလောတို့တွင် မိုင်းပေါက်ကွဲပြီးနောက် ပစ်ခတ်မှုများဖြစ်

diz_admin

March 11, 2022

မြိတ်မြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီးနှင့် ပုလောမြို့နယ် မင်းထိန်ရွာအနီးတွင် မိုင်းပေါက်ကွဲပြီး နောက် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်လုံးကြီးကျေးရွာအနီး ကားလမ်းမကြီးပေါ်တွင် မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်ကောင်စီတပ် ကား၊ ဆိုင်ကယ်တို့ဖြင့် သွားလာစဉ် ပေါက်ကွဲသံ နှစ်ကြိမ် ကြားရပြီးနောက် ပစ်ခတ်သံများ ၁၅ မိနစ်ခန့် ကြားရကြောင်း ကျောက်လုံးကြီးဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဘက်က ကားတစ်စီးပျက်စီးကာ ဒဏ်ရာရသူရှိသည်ဟု သတင်းကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းမိုင်းဖောက်ခွဲမှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ယင်းဖြစ်စဉ်ပြီးနောက် ည ၁၂ နာရီကျော်တွင် ပုလောမြို့နယ် မင်းထိန်ကျေးရွာနှင့် ပဝတ်ကုန်းရွာကြားတွင် လည်း ပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီးနောက် သေနတ်ပစ်ခတ်သံ အချက်တစ်ရာနီးပါးခန့်ကြားရကြောင်း ဒေသခံများက […]

မြိတ်တွင် သောက်ရေသန့် ဈေးတက်

diz_admin

March 11, 2022

စက်သုံးဆီဈေးတက်မှုကြောင့် မြိတ်မြို့တွင် ကားဖြင့် အိမ်အရောက်ပို့ပေးနေသည့် သောက်ရေသန့် အပါအဝင် ရေသန့်ဗူးများ ဈေးတက်နေကြောင်း ရေသန့်စက်ရုံများနှင့် သုံးစွဲသူများထံမှ သိရသည်။ အိမ်အရောက်ပို့ပေးသည့် ၂၀ လီတာဆန့် သောက်ရေသန့်တစ်ပူးလျှင် ဗူးခွံဖိုးမပါဘဲ ကျပ်ခြောက်ရာမှ ကျပ်ခုနစ်ရာ ဖြစ်သွားပြီဖြစ်ကြောင်း မြိတ်မြို့၊ မြို့သစ်ရပ်နေ အိမ်ရှင်မတစ်ဦးကပြောသည်။ “ရေ၊ မီး အကုန်ဈေးတက်၊ ခေတ်အခြေအနေက သောက်ရေတောင် ချွေတာပြီး သောက်ရမလိုဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။ တစ်လီတာ သောက်ရေသန့်ဗူး ခြောက်ဗူးပါ တစ်ကပ်လျှင်လည်း ကျပ်သုံးရာ ဈေးတက်သွားသည်။ တစ်လီတာ ရေသန့်ဗူး ခြောက်ဗူးပါ တစ်ကပ်လျှင် ယခင် ကျပ် ၁၃၀၀ မှ လက်ရှိတွင် ကျပ် ၁၆၀၀ ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်း မြိတ်မြို့ရှိ နိုင်ရေသန့်စက်ရုံမှ တာဝန်ရှိသူက […]

မလေးရှားသွားမည့် မြန်မာလုပ်သား ၁၄ ဦး ထိုင်းတွင် အဖမ်းခံရ

diz_admin

March 11, 2022

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားသို့ တရားမဝင်နည်းလမ်းဖြင့် သွားရောက်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦး ထိုင်းတွင် အဖမ်းခံရပြီး ယင်းသို့ မကြာခဏ အဖမ်းခံရလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ မလေးရှားနိုင်ငံသို့သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၄ ဦးအား ထိုင်းနိုင်ငံ ရနောင်းမြို့ တွင် မတ်လ ၈ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ရနောင်းခရိုင်အတွင်းရှိ ဒီရေတောထဲတစ်နေရာတွင် ဖမ်းမိခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်းတို့တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားများ မရှိဘဲ ပွဲစား လာရောက်ခေါ်ဆောင်မည်ကို စောင့်ဆိုင်းနေကြစဉ် ဖမ်းမိခြင်းဖြစ်‌ကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးမိသူတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနေသူတို့ဖြစ်ကြပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၄၇၅၀၀ […]

ဆီဈေးကတက်၊ ကင်းမွန်ဈေးကျလို့ လုပ်ငန်းရပ်တော့မည်ဟု လှေပိုင်ရှင်အချို့ဆို

diz_admin

March 10, 2022

စက်သုံးဆီဈေးနှုန်း တစ်နေ့တခြား မြှင့်တက်လာသော်လည်း ကင်းမွန်ဈေးကျနေသည့် ကင်းမွန်ဖမ်းသူများ အကြီးအကျယ် အခက်တွေ့နေပြီး လာမည့်ငါးဖမ်းရာသီတွင် လုပ်ငန်းရပ်နားတော့မည်ဖြစ်ကြောင်း မြိတ်မြို့က လှေပိုင်ရှင်အချို့က ပြောသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်း စတင်သည့် ပြီးခဲ့သည့် နိုဝင်ဘာလက ဒီဇယ်ဆီ တစ်ပီပါလျှင် တစ်သိန်းရှစ်သောင်း ဝန်းကျင်သာရှိပြီး လက်ရှိတွင် ငါးသိန်းသုံးသောင်းဝန်းကျင်အထိပေး ဝယ်နေရကြောင်း လှေပိုင်ရှင်များထံမှ သိရသည်။ “ဆီစရိတ်တွေ ပိုလာတော့ အရှုံးပြနေကြတာ” ဟု မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်ရှိ ကင်းမွန် ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောသည်။ ကင်းမွန်ဖမ်းထွက်သည့် ၁၅ ရက် တစ်ခေါက်လျှင် လှေနဲ့ အင်ဂျင်စက် အရွယ်အစားအပေါ်မူတည်ပြီး တစ်စီးလျှင် အနည်းဆုံး ဒီဇယ်ဆီ လေးပီပါမှ အများဆုံး ၁၀ ပီပါအထိ ကုန်ကျလေ့ရှိကြောင်း ၎င်းက ဆိုသည်။ ယင်းကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများမြှင့်တက်လာနေသည့်အချိန်တွင် ကင်းမွန်ဈေးလည်း […]

တနင်္သာရီ ရှမ်းအင်းတော်ရွာအနီး ပစ်ခတ်မှုဖြစ်

diz_admin

March 10, 2022

တနင်္သာရီမြို့နယ် ရှမ်းအင်းတော်ကျေးရွာနှင့် ကမ္မလိုင်းရွာကြားတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၉ ရက်နေ့ နံက် ၆ နာရီဝန်းကျင်က တမုတ်ချုံးကျေးရွာအုပ်စု ရှမ်းအင်းတော်ရွာနှင့် ကမ္မလိုင်းရွာ ကြား ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီတပ်သားများကို PDF များက တိုက်ခိုက်ကြောင်း အဆိုပါ ဒေသခံများက ပြောသည်။ ယင်းနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံတို့က ဆိုသည်။ “လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်သံတွေလည်းကြားရတယ်။ အသေအပျောက်တော့ မသိရသေးဘူး” ဟု တမုတ်ချုံးရွာသားတစ်ဦးက ပြောသည်။ ယင်းသို့ပစ်ခတ်မှုဖြစ်ပြီး နှစ်နာရီခန့်အကြာတွင် ဂျက်တိုက်လေယာဉ်နှစ်စီး ပျံဝဲကာ နေသည်ကို တွေ့ရပြီး PDF တပ်ဖွဲ့ဝင်များကို ရှာဖွေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မတ် ၁၀) တွင်လည်း လေယာဉ်များ ပျံဝဲနေသည်ကို တွေ့နေရပြီး […]