ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ပစ်ခတ်ခံရသဖြင့် ရဲလေးဦးဒဏ်ရာရ ဟုဆို

diz_admin

March 18, 2022

မြိတ်မြို့နယ်တွင် ယနေ့ (မတ် ၁၈) ပစ်ခတ်ခံသဖြင့် ရဲလေးဦး ဒဏ်ရာရရှိကြောင်း အခင်းဖြစ်သည့် နေရာအနီးတွင်ရှိသည့် ခရီးသွားပြည်သူအချို့ထံမှ သိရသည်။ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ လသာကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ညနေ ၄ နာရီဝန်းကျင်က ရဲတပ်ဖွဲ့တစ်ဖွဲ့ တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း ၄င်းတို့က ပြောသည်။ “ဒဏ်ရာရတဲ့ ရဲလေးယောက်လုံး မြိတ်ဆေးရုံကိုယူဆောင်သွားပြီ” ဟု ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။ တုံးဗျာကျေးရွာအုပ်စု၊ လသာရွာသည် မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်ခြားဖြစ်ပြီး ယင်းနေရာသည် KNLA တပ်မဟာ(၄) လှုပ်ရှားသည့် နယ်မြေနှင့်နီးစပ်ကြောင်း ဒေသခံရွာသားများကပြောပြသည်။

မွန်ညီညွတ်ရေးပါတီ ညီလာခံ ကျင်းပ

diz_admin

March 18, 2022

မွန်ညီညွတ်ရေးပါတီ MUP ပထမဆုံးအကြိမ် ညီလာခံကို မော်လမြိုင်မြို့တွင် ယနေ့ (မတ် ၁၈) စတင် ကျင်းပကြောင်း ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။ ပါတီညီလာခံကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပသွားရန် လျာထားကြောင်း ၎င်းတို့က ပြောသည်။ ညီလာခံအတွင်း ပါတီတည်ဆောက်ရေးလုပ်ငန်းစဉ်များ သုံးသပ်အတည်ပြုခြင်း၊ ပါတီတည်ဆောက်ရေး ဥပဒေကို ပြင်ဆင်သုံးသပ် အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်ခြင်းနှင့် ဗဟိုအဆင့် ပါတီ ဦးဆောင်သူအဆင့်ဆင့်တို့ကို ရွေးချယ်တင်မြှောက်ခြင်းစသည့် အဓိက အချက် လေး ချက်ကို ဆွေးနွေး သွားရန်ရှိကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောသည်။ ပါတီ ညီလာခံတွင် ပါတီကိုယ်စားလှယ်များ လေ့လာသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ကြေကာင်း […]

မြိတ်တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်

diz_admin

March 17, 2022

မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ကြက်မအုပ်ရွာဟောင်းအနီးတွင် ယနေ့ (မတ် ၁၇) ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံက် ၇ နာရီခွဲခန့်တွင် ကြက်မအုပ်ရွာအနီး စစ်ကောင်စီတပ်နှင့် PDF တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် သေနတ်သံများကြားရပြီး ပေါက်ကွဲသံများလည်း ကြားရကြောင်း ပပြင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။ “သေနတ်သံက ၁၀ မိနစ်လောက်ပဲ ကြားရတယ်။ စစ်ကောင်စီဖက်က အထိအခိုက်ရှိတယ်လို့ကြားရတယ်။ ဘယ်လောက်ထိတယ်ဆိုတာတော့ မသိရသေးဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။ မြိတ်ဘက်က ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပွားသည်ဟု လတ်တလော ကြားသိရကြောင်း အဆိုပါဒေသခံက ပြောဆို သည်။ အဆိုပါကျေးရွာအုပ်စုအနီးတွင် မတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ် […]

မြိတ်ဒေသတွင် ကွမ်းသီးတစ်ပိဿာ ကျပ် ၁၆၀၀ ဈေးကျဆင်း

diz_admin

March 17, 2022

မြိတ်ဒေသတွင် ကွမ်းသီးခြောက်ဈေး တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ကျော် ဈေးပေါက်ခဲ့ရာမှ လက်ရှိတွင် ၄၈၀၀ သို့ ဈေးပြန်ကျသွားကြောင်း ကွမ်းသီးခြံရှင်များနှင့် ကွမ်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူများ ထံမှ သိရသည်။ မြန်မာနိုင်ငံက ကွမ်းသီးများကို အိန္ဒိယသို့ အဓိကတင်ပို့ရောင်းချနေပြီး လက်ရှိတွင် ကလေး-တမူး နယ်စပ် ဂိတ် ပိတ်ထားသဖြင့် ကွမ်းသီးဈေး ဆက်တိုက်ကျဆင်းနေခြင်းခြင်းဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ကလေး-တမူးနယ်စပ်ဂိတ်အား ၂၀၂ဝ မတ်လ ၁၀ ရက်မှစပြီး အိန္ဒိယနိုင်ငံဘက်က ကိုဗစ်ကြောင့် ပိတ်ခဲ့ပြီးနောက် ၂၀၂၁ နိုဝင်ဘာတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့က မြိတ်တွင် ကွမ်းသီးဈေးတစ်ပိဿာလျှင် ကျပ်ခြောက်ထောင်လေးရာအထိ ဈေးရရှိခဲ့ကြောင်း ကွမ်းခြံရှင်အချို့က ပြောပြသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန် ၂၀၂၂ […]

ထားဝယ်ဒေသထွက် ဓနိဖက် ဈေးတက်

diz_admin

March 16, 2022

ထားဝယ်ဒေသထွက် ဓနိဖက် တစ်ထောင်လျှင် ယခုနှစ် ကျပ်သုံးသောင်းဝန်းကျင်း ဈေးတက်ကြောင်း ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူများနှင့် သုံးစွဲသူများထံမှ သိရသည်။ ယမန်နှစ်က ဓနိဖက် တစ်ထောင်ကို ငွေကျပ် ကိုးသောင်း ဈေးရပြီး ယခုနှစ်တွင်မူ ‌တစ်သိန်းနှစ်သောင်း ကျပ် ဈေးရကြောင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ဓနိဖက်လုပ်သူက ရှားလာသလို ဖက်ထိုးခလည်း ဈေးကြီးလာတယ်” ဟု ၎င်းက ဆိုသည်။ ဓနိဖက်လုပ်ရာတွင် ကုန်ကျစရိတ် ကြီးလာသဖြင့် ဓနိဖက်လည်း ဈေးတက်ခြင်းဖြစ်ကြောင်း ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။ ဖက်တစ်ထောင်ကို ယမန်နှစ်က ထိုးခ (လက်ခ)‌ အနေနဲ့ နှစ်‌‌သောင်းဝန်းကျင်သာပေးရပြီး ယခုနှစ်တွင်မူ နှစ်‌သောင်းငါး‌ထောင်ကျပ် ပေးရကြောင်း လောင်းလုံးမြို့နယ်က ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူ နောက်တစ်ဦးက ပြောသည်။ “ဖက်ဈေးကောင်းရင် ထိုးခလည်း ပိုပေးရလေ့ […]

သရက်ချောင်း စော်ဖျားရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

March 16, 2022

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် အမျိုးသားတစ်ဦး မတ်လ ၁၅ ရက်က အသတ်ခံရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။ အသတ်ခံရသူမှာ ဒလန်ဟုစွပ်စွဲခံရသည့် အသက် ၃၅ နှစ်ခန့်ရှိ ကိုသက်ထွေးဆိုသူဖြစ်ပြီး ရွာနှင့် ခြောက်မိုင်ခန့်အကွာတွင် ရှိသည့် နွားလပို့တောင်ခြေရှိ ၎င်း၏ ရော်ဘာခြံတွင် အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အခင်းဖြစ်နေရာကို မသွားရဲကြသဖြင့် ရုပ်အလောင်းကို ယနေ့ (မတ် ၁၆) မွန်းလွဲ ၁နာရီခွဲအချိန် အထိ ကောက်ယူခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ “အလောင်းက ဘယ်လိုအခြေအနေရှိလဲ မသိဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ အဆိုပါအမျိုးသားကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက သတ်သွားသည်ကို မသိရသေး ကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်တွင် ကမ်းနားဈေးသည် အများအပြား အဖမ်းခံရ၊ အချို့ပြန်လွတ်

diz_admin

March 16, 2022

ထားဝယ်မြို့ ကမ်းနားဈေးတွင် ရောင်းချနေသည့်ဈေးသည် အများအပြား ယနေ့ (မတ် ၁၆) နံနက် ၃နာရီဝန်းကျင်က အဖမ်းခံရ‌ကြောင်း ဈေးသည်အချို့ထံမှ သိရသည်။ ထားဝယ်ကမ်းနားဈေးက ဈေးသည်များကို ညမထွက်ရအမိန့် ဖောက်ဖျက်သည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း ဈေးသည်အချို့က ပြောသည်။ အဖမ်းဆီးခံရသည့် ဈေးသည်အရေအတွက်မှာ ၇၀ ဝန်းကျင်၊ တစ်ရာ ဝန်းကျင်၊ နှစ်ရာဝန်းကျင် စသည်ဖြင့် ပြောဆိုကြသော်လည်း ဖမ်းဆီးခံရသည့် ဈေးသည်အရေအတွက် အတိအကျကိုမူ သီးခြားအတည်မပြု နိုင်သေးပေ။ ယမန်နှစ်ကတည်းက ထားဝယ်မြို့နယ် အပါအဝင် မြို့နယ်အများစုတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ “ဖမ်းခံရသူတွေအများစုက မြို့ပေါ်က ဈေးသည်တွေလို့ သိရတယ်။ သူတို့က မနက်သုံးနာရီလောက် ကတည်းက ဈေးကိုလာနေကြတာ” […]

ထားဝယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

March 16, 2022

ထားဝယ်မြို့ တလိုင်းမရပ်ကွက်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး မတ်လ ၁၅ ရက် ညနေပိုင်းတွင် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ ကိုအောင်သီဟဆိုသူဖြစ်ပြီး တလိုင်းမစုအရပ် တံတားထိပ်တွင် ထိုင်နေစဉ် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့်လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တံတားထိပ်တွင် သူငယ်ချင်းနှစ်ဦးနှင့်အတူ ထိုင်နေစဉ် ကိုအောင်သီဟကို ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းနောက် ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကိုအောင်သီဟကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သေဆုံးသူ အောင်သီဟသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး CDM ဝင်ထားသည်ဟု ဟန်ဆောင်ကာ ဆန္ဒပြသူ များကို သတင်းပေးဖမ်းဆီးခိုင်းခဲ့ကြောင်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့က […]