ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်-ရန်ကုန် လေကြောင်းလိုင်းသုံးခု အလှည့်ကျပြေးဆွဲ

diz_admin

March 23, 2022

ထားဝယ်-ရန်ကုန်ခရီးစဉ်ကို လေကြောင်းလိုင်းသုံးခု ပူးပေါင်းပြီး ယနေ့ (မတ် ၂၃) မှစတင်ကာ နေ့စဉ် အလှည့်ကျပြေးဆွဲနေကြောင်း အဆိုပါလေကြောင်းလိုင်းများထံမှ သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်းတို့ ပူးပေါင်းပြီး အလှည့်ကျ ပြေးဆွဲနေခြင်းဖြစ်သည်။ ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်းက တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်၊ မန်းရတနာပုံက အင်္ဂါ‌၊ စနေ နှစ်ရက်၊ အဲသံလွင်က ကြာသပတေး၊ တနင်္ဂနွေ နှစ်ရက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းများထံမှ သိရသည်။ ယင်းသို့ အလှည့်ကျ ပူးပေါင်းပြေးဆွဲမှုကြောင့် လေကြောင်းလိုင်းသုံးခုအနက် မည်သည့် လေကြောင်း၏ လက်မှတ်ဖြင့်ဖြစ်စေ ခရီးသည် သွားလိုသည့် နေ့ရက်တွင် ပြေးဆွဲသည့် လေကြောင်းလိုင်းကို စီးနိုင်မည် ဖြစ်ကြောင်း လေကြောင်းလိုင်းများထံမှ သိရသည်။ ဥပမာ ခရီးသည်သည် မြန်မာ့လေကြောင်း […]

လောင်းလုံး နာ‌ရေးကူညီမှုအသင်းပိုင်ပစ္စည်းများ အခိုးခံရ

diz_admin

March 22, 2022

လောင်းလုံးမြို့ နာရေးကူညီမှုအသင်းပိုင်ပစ္စည်းများ အခိုးခံလိုက်ရကြောင်း ယင်းနာရေးကူညီမှု အသင်းထံမှ သိရသည်။ အခိုးခံလိုက်ရသော ပစ္စည်းများမှာ မီးထိန်းစက်နှစ်လုံး၊ မီးကြိုးခွေအချို့၊ အလောင်းထည့်ရေခဲသေတ္တာ မီးပလပ်ခုံ၊ ကားဘတ်ထရီတစ်လုံး၊ သံတိုင် ငါးချောင်း စုစုပေါင်းကာလတန်ဖိုး ငွေကျပ် နှစ်သိန်း ဝန်းကျင် ရှိကြောင်း ယင်းအသင်းမှ တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာတော့ နာရေးပစ္စည်းတွေ အခိုးခံရတယ်လို့ တစ်ခါမှ မကြုံဖူးဘူး” ဟု ၎င်းက ဆိုသည်။ ယနေ့ (မတ် ၂၂) နံနက် ၉ နာရီခွဲ မြို့အတွင်းက နာရေးတစ်ခုကို ကူညီရန်ရှိ၍ အသင်းသားများ ပစ္စည်း သွားယူစဉ် ပစ္စည်းများ ပျောက်ဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့်နာရေးတစ်ခုကို ကူညီအပြီး ရက် ၂၀ ခန့်အကြာတွင် […]

ရေးတွင် သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး သေဆုံး

diz_admin

March 21, 2022

မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ပေါင်ကျေးရွာတွင် သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည့် ရေးမြို့က အသက် ၂၆နှစ်အရွယ် ကိုအောင်ခန့်ဟိန်း သေဆုံးသွားကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မတ်လ ၁၈ ရက်နေ့က ဝယ်ပေါင်ကျေးရွာ ဝပ်ရှော့တစ်ခုတွင် ကားပြင်နေသည့် ‌ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်သည်ဟု ကြားသိရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် PDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကားဝပ်ရှော့တွင် လုပ်ကိုင်သူတစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းအပြင် ကိုအောင်ခန့်ဟိန်းနှင့် ဝပ်ရှော့တွင် လုပ်ကိုင်သူ နောက်တစ်ဦးမှာ ကျည်ထိမှန်သည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံရကြောင်း ကိုအောင်ခန့်ဟိန်း၏ မိသားစုနှင့် နီးစပ်သူအချို့မှ သိရသည်။ မတ်လ ၂၀ ရက်နေ့တွင် ကိုအောင်ခန့်ဟိန်း သေဆုံးသွားသည်ဟု ကြားသိရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ […]

မြိတ်တွင် ဗုံးပေါက်ပြီးနောက် စစ်ဆေးရေး တင်းကျပ်

diz_admin

March 21, 2022

မြိတ်-ကျွဲကူးကားလမ်းမပေါ်ရှိ အမှတ် ၁၀၁ ခြေလျင်တပ်ရင်းရှေ့တွင် မတ်လ ၂၀ ရက်နေ့ ညဦးပိုင်း အချိန်က ဗုံးပေါက်ပြီးနောက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ကျွဲကူးကျေးရွာသားအချို့ထံမှ သိရသည်။ အဆိုပါ တပ်ရင်းရှေ့ကို ကျွဲကူးဘက်မှ မြိတ်ဘက်သို့ မောင်းနှင်သွားသည့် ဆိုင်ကယ်တစ်စီးက ဗုံးဖြင့် ပစ်ဖောက်ခဲ့သဖြင့် ကျေးရွာတွင်ညတွင်းချင်း ရုတ်တရက် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကျွဲကူးရွာနေ အသက် ၅၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် ၁၀၁ တပ်အနီးရှိ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း တပ်နယ်ကျောင်းရှေ့၊ မြိတ်-ကျွဲကူးတံတားနှင့် လမ်းဆုံလမ်းခွတို့တွင် ယနေ့ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရွာသားအချို့က ပြောပြသည်။ “မနက်က ဖြတ်သွားတော့ ကျောင်းရှေ့မှာ စစ်သားတွေ ယူနီဖေါင်းလက်နက်အစုံနဲ့ စစ်နေတယ်” ဟု […]

တနင်္သာရီတိုင်းတွင် မတ်လကုန်အထိ မိုးထစ်ချုန်းရွာနိုင်

diz_admin

March 21, 2022

လက်ရှိအားကောင်းနေသည့် မုန်တိုင်းငယ်အရှိန်နှင့် နေ့အပူချိန်မြင့်တက်မှုကြောင့် တနင်္သာရီတိုင်းတွင် မတ်လကုန်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။ ယနေ့ (မတ် ၂၁) မှ လကုန်ရက်အထိ ၇ ရက်မှ ၁၀ ခန့်အထိ ရွာသွန်းမြဲခန့် ပိုကာ မိုးထစ်ချုန်းရွာနိုင် ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်နှင့် နေ့အပူချိန်များ မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသော‌ ဒေါင်လိုက်ဖြစ်ထွန်းသည့် တိမ်တိုက်များကြောင့်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။ “မုန်တိုင်းတစ်ခုဖြစ်ပြီးရင် တိမ်အကြွင်းအကျန်တွေ ရှိတာလည်းပါတယ်။ ပြီးတော့ နေ့အပူချိန်မြင့်တက် တော့ ဒီ Cloud တွေကနေပြီး ထစ်ချုန်းမိုးရွာတဲ့တိမ်တွေကနေပြီးလည်း မိုးကရွာနိုင်တယ်။ အဲဒီအချက်တွေကြောင့် ပြောတာပါ” ဟု ၎င်းက […]

ပစ်ခတ်မှုဖြစ်သည့် ချောင်းနှစ်ခွတံတား ပိတ်ထား

diz_admin

March 19, 2022

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတား ရဲကင်း ယနေ့ (မတ် ၁၉) နံနက်ပိုင်းက ပစ်ခတ်ခံရ ပြီးနောက် တံတားကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ညနေ ၄နာရီပိုင်းအထိ ပိတ်ထားကြောင်း ခရီးသွား ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီဝန်းကျင်က ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ “ပစ်ခတ်မှု ဖြစ်ပြီးနောက်မှာတော့ တံတားကို ပိတ်ထားလိုက်တယ်။ ဖြတ်သန်းသွားလာခွင့် မပေးဘူး” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်တို့ကို ဆယ်သွယ်ထား သည့် အဆိုပါ ချောင်းနှစ်ခွတံတားကို ပိတ်ထားလိုက်သည့်အတွက် ကားနှင့် ဆိုင်ကယ် ရာနှင့်ချီ ပိတ်မိပြီး ပြန်လှည့်နေရကြောင်း ဒေသခံအချို့ကို […]

တိုင်းအတွင်း ခရီးသည်များကို မှတ်ပုံတင် ပိုစစ်

diz_admin

March 19, 2022

တနင်္သာရီတိုင်းအတွင်း ခရီးသွားလာသူများကို ကိုဗစ်ကာကွယ်ဆေးလက်မှတ်ထက် နိုင်ငံသား စိစစ်ရေး ကတ် (မှတ်ပုံတင်) ကို ပိုမိုစစ်ဆေးနေကြောင်း ‌ထားဝယ် – ကော့သောင်း ပြေးဆွဲနေသည့် ကားသမား အချို့က ပြောသည်။ ထားဝယ်မြို့မှ ကော့သောင်းမြို့အထိ စစ်ဆေးရေးဂိတ် အနည်းဆုံး ခြောက်ဂိတ်ခန့် စစ်ဆေးခံရသည့် အနက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်မှာ တစ်ဂိတ်တွင်သာ စစ်ဆေးခံရလေ့ရှိပြီး ကျန်ဂိတ် များမှာ မှတ်ပုံတင်ကိုသာ အဓိက စစ်ဆေးကြောင်း ထားဝယ် – ကော့သောင်း ကားသမားတစ်ဦးက ပြော သည်။ ယခင်က တိုင်းအတွင်း ခရီးသည်များကို ကိုဗစ်ကာကွယ်ဆေးလက်မှတ်ကိုသာ အဓိက စစ်ဆေးနေရာမှ ‌ယခု မတ်လထဲတွင် မှတ်ပုံတင်ကို အဓိက စစ်ဆေးလာခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။ “အခုက ကိုဗစ်လက်မှတ် မရှိလည်း သူတို့က ဘာမှမလုပ်ဘူး။ ရောဂါအခံရှိလို့ […]

တနင်္သာရီ ကိုးအင်းရွာအနီးတွင် တိုက်ပွဲဖြစ်

diz_admin

March 19, 2022

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ကိုးအင်းရွာအနီးတွင် ယနေ့ (မတ် ၁၉) နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး ယင်းရွာက ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် PDF တပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း တကူရွာက ဒေသခံများက ပြောသည်။ “တစ်နာရီကျော်ကျော် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အခုတော့ အသံတွေ တိတ်သွားပြီ” ဟု အဆိုပါ ဒေသခံက နံနက် ၉ နာရီကျော်တွင် ပြောသည်။ တိုက်ပွဲမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၇နာရီကျော်တွင် ပစ်ခတ်သံများ ရပ်တန့်သွားကြောင်း ဒေသခံများထံမှ သိရသည်။ နှစ်ဖက်ထိခိုက်သေဆုံးမှုကို မသိရသေးသော်လည်း တိုက်ပွဲကြောင့် ကိုးအင်းအပါအဝင်အနီးဝန်းကျင်က ပြည်သူများ ဘေးလွတ်ရာသို့ […]