မြိတ်က သေဆုံးသူအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့
diz_admin
February 21, 2022မြိတ်မြို့ ကန်ကြီးရပ်ရှိ နေအိမ်တစ်ဆောင်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သေဆုံးသည့် အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ အသက် ၇၀ နှစ်ကျော်ရှိ အမျိုးသမီးသည် ရုတ်တရက်သေဆုံးပြီးနောက် ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးရာ ပိုးတွေ့ရှိသဖြင့် နေ့ချင်းပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း အဆိုပါအသိုင်းအဝိုင်းထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိသူ၏ နေအိမ်အား lock down ချထားကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။ မြိတ်တွင် နေ့စဉ်နီးပါး ကိုဗစ်ပိုးတွေ့ရှိနေပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပိုးတွေ့သူ ၃၁ ဦး၊ ၁၈ ရက်နေ့တွင် ၁၈ ဦး၊ ၁၇ ရက်နေ့တွင် ၁၅ ဦး၊ ၁၆ ရက်နေ့တွင် ရှစ် ဦးတို့ရှိကြကြောင်း […]


