ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် လူ ၁၂၀ ကျော် ကိုဗစ်ပိုးတွေ့

diz_admin

February 13, 2022

မြိတ်မြို့တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့သူ ၁၂၀ ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်မာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် မြို့နယ်အလိုက် ကိုဗစ် ပိုးတွေ့/သေဆုံး လူနာစာရင်းကို ထုတ်ပြန်ရာတွင် မြိတ်မြို့၌ ကိုဗစ်ပိုး စစ်ဆေးသူ ၃၆၈ ဦးအနက် ၁၂၅ ဦးတွင် ပိုးတွေ့ရှိ ကြောင်း ဖော်ပြထားသည်။ မြိတ်တွင် ကိုဗစ်ပိုးတွေ့သူ ၁၂၅ ဦးအနက် စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ပိုးတွေ့ရှိသူ ၄၂ ဦးလည်း ပါဝင်သည်။ ယင်းသတင်းကို Dawei Watch က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖော်ပြပြီးဖြစ်သည်။ ပုသိမ်မြို့ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာအဖွဲ့က မှန်လုံမော်တော်ယာဉ်ကြီးတို့ဖြင့် မြိတ်သဲအင်းဂူသို့ လာရောက်ကြခြင်းဖြစ်သည်။ ထို့အပြင် […]

ကမ်းဝေးငါးဖမ်းလှေ လေးရာကျော်ကို ငါးဖမ်းခွင့် တစ်လထပ်တိုးပေးရန် တောင်းဆို

diz_admin

February 13, 2022

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ လေးပုံတစ်ပုံနီးပါးဖြစ်သည့် လှေလေးရာကျော်ကို ငါးဖမ်းကာလ တစ်လ ထပ်တိုးပေးရန် တောင်းဆိုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။ တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိသည့်အနက် ကင်းမွန်မီးထွန်းလှေ အပါအဝင် လှေအစီးရေ လေးရာကျော်အား တစ်လထပ်တိုးပေးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ ၂၀၂၁ – ၂၀၂၂ ခုနှစ် ငါး မဖမ်းရရာသီကို လာမည့် ဧပြီ၊ မေ၊ ဇွန်လကို သတ်မှတ်လိုက်ပြီး အမျိုးအစား မတူညီသည့် လုပ်ငန်းများအတွက်လည်း သတ်မှတ်ကာလကို သီးခြားဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ကျင်းပသည့် အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအစည်းအဝေးတွင် တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်က တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ […]

မြိတ်တွင် လူ‌ ၄၀ ကျော် ကိုဗစ်ပိုးတွေ့

diz_admin

February 12, 2022

မြိတ်မြို့ စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လူ ၄၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ကိုဗစ်လူနာများ သယ်ယူပို့ဆောင်ရေး ကူညီဆောင်ရွက်နေကြသည့် နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ပုသိမ်မြို့ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့မှ မှန်လုံမော်တော်ယာဉ်ကြီး သုံးစီးခန့်ဖြင့် မြိတ်သဲအင်းဂူသို့ လာရောက်ကြသူတို့တွင် ကိုဗစ်ပိုး တွေ့ရှိခြင်းဖြစ်ကြောင်း သဲအင်းဂူရိပ်သာအနီးနေသူ အမျိုးသားတစ်ဦးက ပြောသည်။ “ရိပ်သာမှာ တရားစခန်းရှိလို့ လာကြတာဖြစ်မယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာသည် မြိတ်-ကျွဲကူး ကားလမ်းမပေါ်တွင် တည်ရှိသည်။ မြိတ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၁၀ ဦး၊ ၁၀ ရက်နေ့တွင် ၂ ဦး၊ ၉ ရက်နေ့တွင် ၈ […]

မွန် စာသင်ကျောင်းအချို့တွင် ကိုဗစ် အစုလိုက်အပြုံလိုက် ကူးစက်

diz_admin

February 12, 2022

မွန်ပြည်နယ် မြို့နယ်အချို့ရှိ အခြေခံပညာကျောင်းအချို့တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ် အစုလိုက် အပြုံလိုက် ကူစက်ခံထားရကြောင်း မြို့နယ်ကျန်းမာရေးဌာနနှင့် ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ချောင်းဆုံမြို့နယ် ကမာမိုးကျေးရွာ အထက (ခွဲ) တွင် ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ဦးကျော်တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ “ပိုးတွေ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို စစ်ဆေးတဲ့အခါမှာလည်း positive ထပ်တွေ့ထားတာ ရှိတယ်။ အခု ပိုးတွေ့လူနာတွေ အားလုံးကို သီးခြားထားပြီးတော့ ဆေးကုသ ပေးနေတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကမာမိုးကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာများကို […]

ထားဝယ်လေဆိပ်သို့ ဆိုက်ရောက်လာသည့် ခရီးသည် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

February 11, 2022

ရန်ကုန်မြို့မှ ထားဝယ်လေဆိပ်သို့ ယနေ့ ဆိုက်ရောက်လာသည့် လေယာဉ်စီး ခရီးသည် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဆိုက်ရောက်လာသည့် လေယာဉ်နှစ်စီးမှ အမျိုးသား လေးဦးနှင့် အမျိုးသမီး ခြောက်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ တပ်ဖွဲ့မှူးက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးပြီးသည့် လက်မှတ်ရှိသော်လည်း ကိုဗစ် စစ်ဆေးထားသည့် လက်မှတ်မပါသူများ၊ ကိုဗစ် ရှိ မရှိ စစ်ဆေးထားသည့် ဆေးစစ်လက်မှတ်မှာ ၇၂ နာရီကျော်နေသူများကို ထားဝယ် လေဆိပ်တွင် ကိုဗစ်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ပိုးတွေ့သူများကို နေအိမ်ကွာရန်တင်းနှင့် ဟိုတယ်ကွာရန်တင်း နေရာများသို့ ပို့ဆောင်လိုက်ကြောင်း တပ်ဖွဲ့မှူးက ပြောဆိုသည်။ “လူနာရှင်ရဲ့ဆန္ဒအရ […]

ရေဖြူမြို့နယ် ဘဝါရွာသား ခုနှစ်ဦး ဖမ်းဆီးခံရ၊ သုံးဦး ပြန်လွတ်

diz_admin

February 11, 2022

ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါရွာသား ခုနှစ်ဦး ယနေ့ (ဖေဖာ်ဝါရီ ၁၁) နံနက် လေးနာရီခွဲ ဝန်းကျင် တွင် ဖမ်းဆီးခံရပြီး ညနေပိုင်းတွင် သုံးဦးပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ် ခုနစ်အိမ်ကို ဝင်ရောက်ဖမ်းဆီးရာ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး တစ်ဦးတို့ ဖမ်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။ “တစ်အိမ်ချင်း လိုက်ဖမ်းတာမျိုး မဟုတ်ဘူး။ ခုနှစ်အိမ်လုံးကို တစ်ပြိုင်နက် ပိတ်ဆို့ပြီးဖမ်းတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါဖမ်းဆီးခံရသူများမှာ ဘဝါရွာသားများဖြစ်ကြသည့် ဦးဌေးဌေး၊ ဦးစိုးနိုင်၊ ဦးတင်ဦး၊ ဦးဝင်းနိုင်၊ မောင်သားလေး၊ မောင်ညီလေး၊ ဒေါ်ဝင်းနွဲ့တို့ဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းတို့မှာ ဈေးရောင်း၊ ဥယျာဉ်ခြံစိုက်၊ မော်တော်ယာဉ်မောင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်ကြသူများ […]

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသော်လည်း လေကြောင်းဖြင့်လာလျှင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ထားသည့် လက်မှတ်ပြရမည်

diz_admin

February 11, 2022

တနင်္သာရီတိုင်းအတွင်းသို့ လေကြောင်းခရီးဖြင့်လာပါက ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများလည်း ၇၂ နာရီအတွင်း ကိုဗစ်ရောဂါ စစ်ဆေး အောင်မြင်ထားသည့် လက်မှတ် ပြရမည်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ လေယာဉ်ဆိုက်ရောက် ခရီးသည်တွင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့် လက်မှတ် မပါရှိပါက လေယာဉ်ကွင်းတွင်ပင် RDT (နှာခေါင်းတို့ဖတ်ယူ) နည်းဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ ယခင်ကမူ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးကြောင်း လက်မှတ်ရှိက ၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးသည့် လက်မှတ် မလိုအပ်ပေ။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ […]

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း လူ ၈ဝနီးပါး ကိုဗစ်ပိုးတွေ့

diz_admin

February 11, 2022

တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ရှစ်ဆယ်နီးပါးရှိလာကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ တိုင်းကျန်းမာရေး၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၀ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ကိုဗစ်လူနာ ၇၆ ဦးအထိ ရှိနေခြင်းဖြစ်သည်။ ထားဝယ်၊ ကော့သောင်းနှင့် မြိတ်မြို့တွင် ကိုဗစ်လူနာ အများဆုံးတွေ့ရခြင်း ဖြစ်သည်။ လက်ရှိ ပိုးတွေ့လူနာများမှာ ကိုဗစ်မျိုးကွဲများဖြစ်သည့် ဒယ်လ်တာ သို့မဟုတ် အိုမီခရွန် ကူးစက်ခံရခြင်း ဟုတ် မဟုတ် ထုတ်ပြန်ထားခြင်း မရှိပေ။ ထိုသို့ ကိုဗစ်ကူးစက်မှု ပြန်မြင့်လာသော်လည်း မည်သည့်မျိုးကွဲဖြစ်သည်ကို စစ်ဆေးနိုင်ခြင်း မရှိ‌သေးကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။ “ဒယ်လ်တာလား။ အိုမီခရွန်လား။ မျိုးရိုးဗီဇကွဲတွေကတော့ ဒီမှာလည်း မစစ်နိုင်ဘူး‌” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် […]