ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် မသန်စွမ်းအမျိုးသားတစ်ဦး အဖမ်းခံရ

diz_admin

June 12, 2021

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ခန္ဓာကိုယ်မသန်စွမ်းသည့် အသက် ၃၀ နှစ်အရွယ် ကိုအောင်ကိုမင်း အဖမ်းခံထားရကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ ခန္ဓာကိုယ်မသန်စွမ်းသည့် ကိုအောင်ကိုမင်းသည် ဇွန်လ ၁၁ ရက်နေ့တွင် သုံးဘီးတပ် ဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်သွားပြီး ယနေ့အချိန်အထိ အိမ်ပြန်မရောက်သဖြင့် လိုက်လံစုံစမ်းခဲ့ကြောင်း ၎င်း၏အစ်မဖြစ်သူက ဆိုသည်။ ထိုသို့စုံစမ်းရာ ထားဝယ်မြို့ရှိ တပ်ရင်းတစ်ခုတွင် ဖမ်းဆီးခံထားရသည်ဟု သိရကြောင်း ၎င်းက ပြောသည်။ “သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ စစ်ဆေးစရာရှိလို့ ဖမ်းထားတယ်ဆိုတာပဲ သိရသေးတယ်” ဟု အစ်မဖြစ်သူက ဆိုသည်။ ကိုအောင်ကိုမင်းသည် ခန္ဒာကိုယ်မသန်စွမ်းသော်လည်း သုံးဘီးတပ်ဆိုင်ကယ်ဖြင့် သွားလာလှုပ်ရှားပြီး စာစီ၊ စာရိုက် လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင် စာစီ၊ စာရိုက်လုပ်ငန်း ထူထောင်နိုင်ရန် ကြိုးစားနေသူလည်း ဖြစ်ကြောင်း သိရသည်။ […]

မြို့သစ် ၇ လမ်းတွင် အဖမ်းခံရသည့် ကိုဝေယံကျော်အား ဖမ်းထားသည့်နေရာ မိသားစု မသိရသေး

diz_admin

June 12, 2021

ထားဝယ်မြို့၊ မြို့သစ် ၇ လမ်းတွင် ဖမ်းခံရသည့် ကိုဝေယံကျော်အား မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောကြားသည်။ ထားဝယ်မြို့သစ်ရှိ ကိုဝေယံကျော်ပိုင်သည့် စားသောက်ဆိုင်အတွင်းသို့ အရပ်ဝတ်နှင့် လူလေးဦးဝင်လာပြီး ခေါ်ဆောင်သွားသည်ဟု မိခင်ဖြစ်သူက ပြောသည်။ သားဖြစ်သူကို မည်သူတို့က မည်သည့်နေရာသို့ မည်သည့်အကြောင်းကြောင့် လာရောက်ဖမ်းဆီးသွားသည်ကို မသိရကြောင်း မိခင်ဖြစ်သူက ဆိုသည်။ “အရင်တုန်းက ဆန္ဒပြပွဲတွေရှိတုန်းကတော့ သူငယ်ချင်းအပေါင်းအသင်းနဲ့ဆိုတော့ တစ်ခါတစ်လေလည်း လိုက်ဖြစ်တယ်ပေါ့၊ နောက်ပိုင်းကတော့ မလိုက်ဖြစ်ပါဘူး”ဟု မိခင်ဖြစ်သူက ဆိုသည်။ မနေ့ ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းတွင်သွားရောက် မေးမြန်းခဲ့သော်လည်း ဖမ်းဆီးလာသူမရှိဟု ပြန်လည်ပြောဆိုသဖြင့် မိသားစုဝင်များက ကိုဝေယံကျော်အတွက် စိုးရိမ်ပူပန်နေကြသည်ဟု ပြောသည်။ ကိုဝေယံကျော်မှာ အသက် ၂၅ နှစ်ခန့်ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။

ရာသီပေါ်စထက် ဒညင်းသီးဈေး ကျ

diz_admin

June 12, 2021

ရာသီစပေါ်ချိန်နှင့် နှိုင်းယှဉ်ပါက ဒညင်းသီးဈေး တစ်ပုံးလျင် နှစ်ထောင်ကျပ်ခန့်ဈေးကျနေကြောင်း ထားဝယ်မြို့ရှိ ပွဲရုံအချို့ထံမှ သိရသည်။ ဒညင်းသီးစပေါ်ချိန် သင်္ကြန်မတိုင်မီက အခွံပါဒညင်းသီး တစ်ပုံး (၉ ပိသာခွဲပါ) လျှင် ၇၀၀၀ ကျပ်ခန့်ရှိပြီး ယခု ဇွန်လတွင်မူ ၅၀၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “အဲဒီလိုပဲ ပေါလာတယ်ဆို ဈေးကျလာတယ်၊ များလာတယ်ဆို ဈေးကကျလာတာပဲ၊ ရခိုင်ဘက်ကလည်း မယူတော့ဘူးဆိုတော့ ဈေးကျလာတယ်” ဟု ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ရှိ ဦးမြင့်လွင်ပွဲရုံ ပိုင်ရှင်က ဆိုသည်။ ၂၀၁၉ ခုနှစ်က ထားဝယ်ဒေသထွက် ဒညှင်းသီးတစ်ပုံးလျှင် ၁၂၀၀၀ ကျပ်ခန့်အထိ ဈေးကောင်းရခဲ့သော်လည်း ကိုဗစ်ကာလတွင် တစ်ပုံးလျှင် ကျပ် ၄၀၀၀ ခန့်သာ ရခဲ့သည်။ ထားဝယ်ဒေသထွက် ဒညှင်းသီးကို ရန်ကုန် သီရိမင်္ဂလာဈေးသို့ […]

လောင်းလုံးမြို့နယ်တွင် လူငါးဦးထက် ပိုမစုရ၊ ညမထွက်ရ အမိန့်ထုတ်

diz_admin

June 12, 2021

လောင်းလုံးမြို့နယ်တွင် လူငါးဦးထက်ပိုမစုရ၊ ညမထွက်ရအမိန့်ဖြစ်သည့် ပုဒ်မ ၁၄၄ ကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်လိုက်သည်။ ညမထွက်ရသည့် အချိန်မှာ ည ၈ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြီးခဲ့သည့် မေလက ပြောင်းရွှေ့လာသည့် ဦးအောင်ထိုက် လက်မှတ်ရေးထိုးကာ ယင်းအမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ “ဟုတ်ပါတယ် မနေ့က ကျွန်တော်တို့ ( ပုဒ်မ) ၁၄၄ ထုတ်ထားပါတယ်” ဟု ဦးအောင်ထိုက်က ပြောသည်။ တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်သည့် ထားဝယ်မြို့နယ် အပါအဝင် မြို့နယ်အများစုတွင် ပုဒ်မ-၁၄၄ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ထုတ်ပြန်ထားပြီး လောင်းလုံးမြို့နယ်တွင်မူ ယခုမှထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ်အတွင်း စုဝေးခြင်း၊ […]

မွန်တွင် ကိုဗစ် အတည်ပြုလူနာတစ်ဦး သေဆုံး

diz_admin

June 11, 2021

မွန်ပြည်နယ် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာတစ်ဦး ဇွန်လ ၁၀ ရက်နေ့ နံနက်က သေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ သေဆုံး ကိုဗစ်အတည်ပြုလူနာသည် ချောင်းဆုံမြို့နယ် ရွာလွတ်ရွာမှ အသက် ၆၉ နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလနောက်ပိုင်း ပထမဦးဆုံး သေဆုံးသည့် ကိုဗစ်အတည်ပြုလူနာဖြစ်သည်ဟု သိရသည်။ “ဒီလူနာ သေဆုံးမှုသည် ကိုဗစ်ကြောင့်လား သို့မဟုတ် သူ့ရဲ့ နဂိုတည်းက အခံရှိတဲ့ရောဂါကြောင့်လားဆိုတာကို သေချာ ခွဲခြမ်းစိတ်ဖြာရပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။ မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလခန့်မှစကာ ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးပေးခြင်းများ ရပ်ဆိုင်းသွားခဲ့သည့်အတွက် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုလည်း မရှိဖြစ်သွားခဲ့သည်။ နောက်ပိုင်းတွင် ပြည်ပနိုင်ငံများ၌ ကိုဗစ်တတိယလှိုင်း ကူးစက်မှုများလာသည့်အတွက် မေလဆန်းပိုင်းခန့်မှစပြီး ပြည်နယ်အတွင်း ကိုဗစ်ရောဂါ […]

ကော့သောင်းတွင် သွေးကင်ဆာဝေဒနာသည်တစ်ဦး အပါအဝင် ရှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

diz_admin

June 11, 2021

ကော့သောင်းတွင် သွေးကင်ဆာ ဝေဒနာရှင်တစ်ဦး အပါအဝင် ဒေသခံ အနည်းဆုံး ရှစ်ဦးကို ဇွန်လ ၉ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရကြောင်း မိသားစုဝင်အချို့ထံမှ စုံစမ်းသိရသည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမိန့်ချရသည့် အဆိုပါ ပြည်သူရှစ်ဦးတွင် သွေးကင်ဆာဝေဒနာခံစားနေရသည့် အသက် ၂၀ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မသင်းနန္ဒာလင်းလည်းပါဝင်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ သင်္ကြန်ကာလက စာရွက်‌ဝေငှနေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ပြီး သူမနှင့်အတူ ငါးဦး အဖမ်းခံခဲ့ရကြောင်း မသင်းနန္ဒာလင်း၏ အစ်ကိုဖြစ်သူကပြောသည်။ “ကျွန်တော်ညီမလေးမှာက သွေးကင်ဆာရောဂါ အခံရှိပါတယ်။ နှာခေါင်းသွေးလည်း ခဏခဏလျှံပါတယ်။ သူ့ရောဂါအခံနဲ့ တစ်ခုခုဖြစ်လာရင် အပြည့်အဝ တာဝန်ယူပေးနိုင်မလားဆိုတာ စိုးရိမ်နေတယ်” ဟု ၎င်းကဆိုသည်။ ယင်းအဖမ်းခံလိုက်ရသူငါးဦးတွင် မသင်းနန္ဒာလင်းအပါအဝင် အသက်ပြည့်သူနှစ်ဦးကို ဇွန်လ ၉ […]

တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာရှိ ဟုဆို

diz_admin

June 11, 2021

လက်ရှိ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူဦးရေ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့အထိ စာရင်းအရ ကျောင်းအပ်သူ ခြောက်သောင်းနီးပါးသာရှိသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်သူ သုံးသိန်းတစ်သောင်းကျော် ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ လက်ရှိပညာသင်နှစ်တွင် ကျောင်းအပ်သူနည်းနေသဖြင့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တို့က ကျေးရွာများအထိကွင်းဆင်းကာ ကျောင်းအပ်နှံရေးအတွက် စည်းရုံးနေသည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “မနေ့က လေးထောင်လောက် ထပ်ပြီးလာအပ်ကြတာဆိုတော့ အခုဆို ခြောက်သောင်းလောက် ရှိလာပြီ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ထားဝယ်မြို့နယ်အတွင်းရှိ တောင်သုံးလုံးကျေးရွာတွင်လည်း ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ကျောင်းသားမိဘများကို အစည်းအဝေးခေါ်ယူကာ စည်းရုံးနေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Dawei Watch […]

HIV ဆေးထောက်ပံ့နေသည့် နယ်စည်းမထားအဖွဲ့၏ လုပ်ငန်းရပ်နားရန် ညွှန်ကြားချက်အား ပြန်သုံးသပ်ပေးရန် တောင်းဆို

diz_admin

June 10, 2021

တနင်္သာရီတိုင်းအတွင်း HIV ရောဂါပိုးရှိသူများအား ART (HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့်ဆေး) ထောက်ပံ့ပေးနေသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြားချက်ကို ပြန်လည်သုံးသပ်ပေးရန် အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့သည် ထားဝယ်မြို့တွင် အခြေစိုက်ပြီး HIV ရောဂါပိုးရှိသူများ သောက်သုံးရသည့် ART ဆေးရရှိစေရန် နယ်စည်းမထားဆရာဝန်များအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။ HIV ရောဂါပိုးရှိသူများအား ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနက ဇွန်လ ၈ ရက်နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ ART ဆေးပေးဝေမှု ရပ်နားလိုက်သည့်အတွက် နေ့စဉ်သောက်သုံးရန် လိုအပ်သည့်ဆေးဝါးပြတ်သွားနိုင်ပြီး အသက်အန္တရယ်ဖြစ်လာမည်ကို HIV ပိုးရှိသူများက […]