ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် တက္ကသိုလ်အနီး ပညာပျိုးခင်း ဘော်ဒါဆောင် ဝင်စီးခံရ

diz_admin

June 14, 2021

ထားဝယ်-မောင်းမကန် ကားလမ်းပေါ် ထားဝယ်တက္ကသိုလ် အနောက်ဘက် ဝင်ပေါက်အနီးရှိ ပညာပျိုးခင်း ဘော်ဒါဆောင်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ က ယနေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခြံဝင်းအတွင်း နေအိမ်နှင့် ဘော်ဒါဆောင် စုစုပေါင်း ငါးဆောင်ရှိသော ယင်းဘော်ဒါဆောင်ဝင်းကို စစ်သားနှင့် ရဲများက ကား ရှစ်စီးထက်မနည်းဖြင့် လာရောက်ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဘော်ဒါဆောင်အတွင်းရှိ ပစ္စည်းများကို အိတ်အမည်းများဖြင့် သယ်ယူနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ရပြီး သော့ခတ်ထားသော နေအိမ်နှင့် ခြံတံခါးများကို ဖျက်ကာ ဝင်ရောက် ယူငင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။ ကမြောကင်းကျေးရွာ အခြေခံပညာအထက်ကျောင်း ကျောင်းဆောင်မီးလောင်မှုနှင့် ပတ်သက်ပြီး ယင်းမိသားစုဝင်များ စွပ်စွဲခံနေရပြီး အမျိုးမျိုးသော မေးမြန်း ခြိမ်းခြောက်မှုများကြောင့် မိသားစုဝင်များမှာ တိမ်းရှောင်လျက်ရှိသည်။ […]

ရေးမြို့ပေါ် ကျောင်းတစ်ခုရှေ့ ပစ်ခတ်မှုဖြစ် တစ်ဦးသေ

diz_admin

June 14, 2021

မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုရှေ့တွင် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့ခံတစ်ဦး သေဆုံးသွားကြောင်း မြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။ ပစ်ခတ်မှုသည် ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် ရပ်မိရပ်ဖတစ်ဦး နားထင်ထိမှန်ကာ သေဆုံးသွားခဲ့ပြီး အနီးဝန်းကျင်တွင်ရှိနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက လက်မောင်းထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “အပစ်ခံရတဲ့ နှစ်ဦးမှာ တစ်ဦးက သေဆုံးသွားတယ်လို့တော့ ပြောတယ် နောက်တစ်ဦးကတော့ ဒဏ်ရာရသွားတယ်၊ ရေးမှာတော့ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေ ဗုံးတွေ့တဲ့ဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားနေတာတွေလည်းရှိတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ သေနတ်သမားသည် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အဆိုပါ ကျောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် လက်ပစ်ဗုံးနှင့် အပစ်ခံခဲ့ရသည်ဟုလည်း […]

ထားဝယ်တွင် ကွမ်းသီးဈေး နှစ်ဆနီးပါးတက်

diz_admin

June 14, 2021

ထားဝယ်တွင် ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆနီးပါးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် ရာသီအစဖြစ်သည့် သီတင်းကျွတ်လတွင် ကွမ်းသီးတစ်ပိဿာ နှစ်ထောင်ကျပ်သာရှိပြီး ရာသီကုန်ဆုံးချိန်တွင် တစ်ပိဿာ ခြောက်ထောင်နီးပါးအထိ ပေါက်ဈေးရှိသည်။ ယခုနှစ် ရာသီအစတွင် တစ်ပိဿာ လေးထောင်နီးပါးခန့်ရှိပြီး ကဆုန်၊ နယုန်လတွင် တစ်ပိဿာ ကိုးထောင်ငါးရာကျပ်အထိ ဖြစ်လာသည်ဟု ပွဲရုံအချို့ထံက သိရသည်။ ယခုနှစ်တွင် ကွမ်းသီးအထွက်နည်းခြင်းကြောင့် ဈေးတက်လာခြင်းဖြစ်နိုင်သည်ဟု ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ရှိ ဦးမြင့်လွင်ပွဲရုံ ပိုင်ရှင်က ခန့်မှန်းပြောဆိုသည်။ ရာသီအစတွင် ထုတ်ရောင်းခဲ့သဖြင့် ကွမ်းသီးတစ်ပိဿာ လေးထောင့်ငါးရာကျပ်ခန့်သာ ရရှိခဲ့ပြီး ကိုးထောင်ကျော်ဖြစ်လာချိန်တွင် ထုတ်ရောင်းရန် လက်ဝယ်တွင် ကွမ်းသီးမရှိတော့ကြောင်း သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ ကွမ်းသီးခြံပိုင်ရှင် မယ်းမဒုက ပြောသည်။ “ဈေးကလေ ကွမ်းသီးလည်း နည်းတယ်၊ ငွေဈေး၊ ဒေါ်လာဈေးတွေ တက်တာနဲ့ဆိုင်တယ်၊ ကွမ်းသီးလည်း […]

မောင်းမကန်တွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ပစ်ခံရ

diz_admin

June 14, 2021

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၁၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ မောင်းမကန်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးမြင့်ဦးသည် ယနေ့နံနက် ကိုးနာရီခွဲခန့်တွင် မောင်းမကန် ကံယုံ ဘုန်းတော်ကြီးကျောင်းအနီးရှိ ၎င်းနေအိမ်မှ အပြင်သို့ထွက်လာစဉ် ပစ်ခတ်ခံလိုက်ရသည်ဟု‌ ဒေသခံအချို့က ဆိုသည်။ “သေနတ်ပစ်သံ သုံးချက်ကြားလိုက်တယ်၊ သေနတ်ဒဏ်ရာနဲ့ ကံယုံကျောင်းအလွန်မှာ လဲနေတယ်လို့ ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ သေနတ်ပစ်ခတ်သူများက မောင်းမကန်ကျေးရွာ သုဿန်အတွင်း ဝင်ပြေးသွားသည်ဟုဆိုသည့်အတွက် ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ထိုသို့ ဝင်ပစ်ရာ နွားထိန်းနေသည့် နွားကျောင်းသားတစ်ဦးလည်း သေနတ်ထိမှန်သည်ဟု ကြားရကြောင်း ဒေသခံအချို့က ပြောသည်။ လူတစ်ဦး လမ်းပေါ် လဲနေသည်ကို မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးကမူ လဲကျနေသူအနီးတွင် […]

မွန်တွင် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး ထပ်မံသေဆုံး

diz_admin

June 14, 2021

မွန်ပြည်နယ် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး ဇွန်လ ၁၄ ရက်နေ့တွင် ထပ်မံသေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ သေဆုံး ကိုဗစ်အတည်ပြုလူနာသည် မော်လမြိုင်မှ အသက် ၆၁ နှစ်နှင့် ၇၆ နှစ်ရှိလူနာများဖြစ်ပြီး ဇွန်လအတွင်း သေဆုံးကိုဗစ်အတည်ပြုလူနာ ၃ ဦး ရှိပြီးဖြစ်သည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုအခြေအနေသည် ဇွန်လ ၁၄ ရက်နေ့အထိစာရင်းများအရ ကိုဗစ်အတည်ပြုလူနာ ၂၀ ကျော်ရှိနေပြီး သေဆုံးသူ ၃ ဦးရှိသည်။ မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစကာ ကိုဗစ်အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လအတွင်း ကိုဗစ်လူနာ နေ့စဉ်တွေ့ရှိလာသလို သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့သည်။ “မွန်ရဲ့အခြေအနေကတော့ Positive လူနာတွေ နေ့တိုင်း တွေ့နေတဲ့အနေအထားရှိတယ်၊ အခုဆိုရင် သေဆုံးမှုတွေလည်း ရှိလာတယ်၊ ပေါ့ဆနေလို့မရတော့ဘူး mask […]

မွန်တွင် ကိုဗစ် အတည်ပြုလူနာ ၁၇ ဦးအထိတိုးလာ

diz_admin

June 13, 2021

မွန်ပြည်နယ်အတွင်း ဆေးကုသမှုခံယူနေရသည် ကိုဗစ်အတည်ပြုလူနာ ၁၇ ဦးအထိတိုးလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ပြည်နယ်အတွင်း မေလခန့်မှစကာ ကိုဗစ်ရောဂါအတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့အထိစာရင်းများအရ ဆေးကုသမှုခံယူနေရသည် အတည်ပြုလူနာ ၁၇ ဦးရှိပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ကိုဗစ်အတည်ပြုလူနာများသည် ပြည်ပမှ ပြန်ဝင်လာသူများရှိသလို ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက်လက္ခဏာပြရာမှ တစ်ဆင့် ပိုးတွေ့ရှိသူများလည်း ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။ “အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်တတိယလှိုင်းအသွင်နဲ့ ဖြစ်လာတာရှိတော့ တို့မှာလည်း ကြိုကြားကြိုကြားလို နိုင်ငံခြားက အပြန်ဝင်လာတဲ့ ပြည်တော်ပြန်တွေထဲမှာ တွေ့သလို တချို့ အနံ့ပျောက်လူနာလေးတွေလည်း ရှိလာတဲ့အတွက်ကြောင့် ကိုဗစ်ကတော့ ပေါ့လို့မရတဲ့အနေအထားပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ ပြည်နယ်အတွင်းရှိ ကိုဗစ်အတည်ပြုလူနာများကို […]

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် မြန်မာရွေ့ပြောင်းအလုပ်သမားများ ဆက်တိုက် အဖမ်းခံရ

diz_admin

June 13, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်မြို့ စင်ခွန်းနယ်စပ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်တွင် တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား ထိုင်းဘက်မှ ဆက်တိုက် ဖမ်းဆီးနေကြောင်း သိရသည်။ မြန်မာရွေ့ပြောင်းအလုပ်သမားတို့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်လျှောက်ရှိ တောလမ်းများမှ တရားမဝင် ဝင်ရောက်နေကြခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဝင်ရောက်ခဲ့ကြသဖြင့် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသားခုနှစ်ဦး၊ အမျိုးသမီး ငါးဦးတို့နှင့် ဦးစီးခေါ်ဆောင်လာသည့် အမျိုးသားသုံးဦးတို့အား ပရာကျွတ်ခီရီခန်ခရိုင် မေ(င်)မြို့နယ် တွင် ဖမ်းမိခဲ့ကြောင်း အလုပ်သမားဟစ်တိုင် Habour Hittai ( non-profit organisation) ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ အလုပ်သမားဟစ်တိုင် Habour Hittai ( non-profit organisation) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်ပြီး […]

ထားဝယ် ကနက်သီရိကျေးရွာ လက်ရှိ အခြေအနေ

diz_admin

June 13, 2021

ဇွန်လ ၁၁ ရက်က သရက်ချောင်းမြို့နယ် ကနက်သီရိရွာက ကားသမားတစ်ဦး ထားဝယ်ကနေ ရွာအပြန်တွင် ပေါက်တိုင်းတံတားမှာ ဖမ်းဆီးခံလိုက်ရသည်။ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် စစ်တပ်နှင့်ရဲများက ကနက်သီရိကျေးရွာအတွင်း တပ်လာစွဲလိုက်ပြီးနောက် ရွာသားများ ဆက်တိုက် ဖမ်းဆီးခံနေရသည်။ ယင်းအခြေအနေအား ကနက်သီရိဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်း ထားသည်ကို ဖော်ပြလိုက်ပါသည်။ “ကနက်သီရိကို မနေ့က (ဇွန်လ ၁၂) ညနေ ၅ နာရီကျော်လောက်မှာ ကားငယ်ငါးစီးနဲ့ ကားကြီး ၂ စီးရောက်လာတယ်။ စစ်ကားလဲပါတယ်။ မြို့နယ်မှူးကားလဲပါတယ်။ ဆင်းလာပြီးတာနဲ့ သူတို့တတွေက လမ်းဆုံလမ်းခွတွေမှာ ခွဲပြီးနေရာယူလိုက်တယ်။ ဘဲစားတန်းဆိုတဲ့နေရာဘက်မှာတော့ မော်ဖျားစာသင်ကျောင်းမှာ တပ်စွဲလိုက်တယ်။ နောက်ပြီးတော့ ပြည်တော်သာဆိပ်ကမ်းဘက်ဆင်းတဲ့ လမ်းဆုံမှာလဲ ဂိတ်ချထားတယ်။ ရွာထဲလမ်းဆုံမှာလဲ ဂိတ်ချပြီး တပ်စွဲထားလိုက်တယ်။ ဒီနေ့ (ဇွန်လ ၁၃) […]