သထုံ နေရာခြောက်ခုတွင် ဗုံးဆက်တိုက်ပေါက်ကွဲ၊ လူတစ်ဦး ဒဏ်ရာရ
diz_admin
December 20, 2021မွန်ပြည်နယ် သထုံမြို့ပေါ် နေရာခြောက်ခု၌ ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်အစောပိုင်းတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီးတွင် သထုံမြို့ပေါ်ရှိ စိုးမိုး Mobile ဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်အဖျော် ယမကာ အရောင်းဆိုင်နှင့် ပြည်တော်သာ အဖျော်ယမကာအရောင်းဆိုင်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းအပြင် သထုံမြို့ပေါ်ရှိ လဝကရုံးနှင့် ကညနရုံးနေရာတို့တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသည့်အပြင် သွားလာနေသည့် ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သထုံမြို့ခံတစ်ဦးက ပြောသည်။ “ဒီမနက် ပေါက်ကွဲမှုဖြစ်တာက အဓိက ဆိုင်တွေမှာ ဖြစ်တယ်။ ဆိုင်တချို့ ပျက်စီးသွားတာရှိတယ်။ […]


