လောင်းလုံး တောင်မင်းပြောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
December 21, 2021လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာတွင် အသက် ၆၀ ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး ဒီဇင်ဘာ ၂၀ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါအမျိုးသားမှာ ရေဖြူမြို့နယ် ကလုံထာရွာက ဦးသိန်းဝင်းဆိုသူဖြစ်ပြီး တောင်မင်းပြောင်ရွာတွင် လာရောက် ခိုလှုံနေသူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ဦးသိန်းဝင်းကို ဆိုင်ကယ်စီးလူငယ်နှစ်ဦးက တောင်မင်းပြောင်ရွာအဝင်ဝ၌ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၆နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း တောင်မင်းပြောင်ရွာသားတစ်ဦးနှင့် မြို့ဟောင်းရွာမှ လူငယ်အမျိုးသမီးတစ်ဦးတို့က ပြောသည်။ “ကျွန်မတို့ မြို့ဟောင်းကနေသွားရင် တောင်မင်းပြောင်ရွာ အဝင်ဝပေါ့နော်။ အဲဒီနားမှာ ဆည်းဆာဆိုတဲ့ အရက်ဆိုင်ရှိတယ်။ (ဦးသိန်းဝင်းက) အဲဒီအရက်ဆိုင်နားက ထွက်လာပြီး အပစ်ခံရတယ် ပြောတယ်” ဟု မြို့ဟောင်းရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ တောင်မင်းပြောင်နှင့် မြို့ဟောင်းရွာတို့မှာ […]


