တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က နယ်မြေရှင်းမည်ဟုဆိုကာ လမ်းကြောင်းပိတ်ဆို့
diz_admin
December 23, 2021သရက်ချောင်းမြို့နယ် စော်ဖျားရွာအနီးဝန်းကျင်နှင့် တောင်ပျောက်တိုက်နယ်တခွင်တို့ကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်မည်ဟုဆိုကာ လမ်းကြောင်းများကို ယနေ့ (ဒီဇင်ဘာ ၂၃) စတင်ကာ ပိတ်ဆို့လိုက်ပြီ ဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။ စော်ဖျားရွာမှ တောင်ပျောက်တိုက်နယ်သို့ သွားသည့်လမ်းကြောင်းမှာ ဂငယ်ပုံသဏ္ဏန် လမ်းကြောင်း နှစ်ခုရှိသည်။ လမ်းကြောင်းတစ်ခုမှာ သဲချောင်းကြီးရွာ အဝင်အထွက်လမ်းကြောင်းဖြစ်ပြီး နောက်လမ်းကြောင်းတစ်ခုမှာ စော်ဖျားရွာမှ အင်းပြား၊ ကထီးဝ၊ ပဒတ်ချောင်း၊ တောင်ဇင်း စသည့်တောင်ပျောက်သို့ သွားသည့် လမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်း နှစ်ခုစလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “မနေ့တည်းက ကြေညာထားတယ် ထင်တယ်။ စစ်တပ်က တောထဲမှာနေတဲ့ ရွာသူရွာသားတွေ အားလုံး ကိုယ့်အိမ်ကိုယ်ပြန်ပေးကြပါ။ ဒီတစ်ပတ်မှာ သူတို့ စစ်ကြောင်းထိုးလာချိန် ပြည်သူတွေကို PDF တွေနဲ့ မှားပြီး ရောပစ်မိမှာစိုးလို့ […]


