ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖုန်းခေါ်ဆိုပြီးနောက် တင်းမာမှုလျှော့ချရန် ကမ္ဘောဒီးယားနှင့်ထိုင်း သဘောတူ

Dawei Watch

December 19, 2025

တင်းမာမှုများကို လျှော့ချကာ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံစလုံးက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျားခွန်းက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နှစ်နိုင်ငံစလုံးက နိုင်ငံခြားရေးဝန်ကြီးများ သီးခြားစီ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဒီဇင်ဘာလ ၁၈ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရတ်ဆိုခွန်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကေတူတို့နှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ကော့ကျားခွန်းက ဆိုသည်။ “ကမ္ဘောဒီးယားရော ထိုင်းဘက်ကပါ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ကြပါတယ်” ဟု ကော့က ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် […]

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်၊ ခရစ်ယာန်ကျောင်း ထိခိုက်ပျက်စီး

Dawei Watch

December 19, 2025

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုတွင် ‌စစ်အာဏာရှင်တပ်က ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ခရစ်ယာန်ကျောင်း အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၇ရက် ညနေ ၃နာရီဝန်းကျင်တွင် ပဝကျေးရွာအုပ်စု၊ ပဝထိန်ရွာကို မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်က ကာမီကာဇေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပဝရွာ ဒေသခံများက ဆိုသည်။ ကာမီကာဇေဒရုန်းမှာ ဒရုန်းကို ပျက်စီးဆုံးရှုံးခံပြီး တိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်သည်။ “ကျောင်းက ထိခိုက်မှုရှိတယ်။ ကျောင်းပြတင်းပေါက်၊ နံရံတွေ အပေါက်တွေဖြစ်ကုန်တယ်။ မှန်တွေလည်း ကွဲကုန်တယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ မော်တုန်းရွာအခြေစိုက် ၃၀၆အမြောက်တပ်က ဒရုန်းတက်သွားသည်ကို မြင်နေရကြောင်း မော်တုန်းရွာ ဒေသခံများက ပြောဆိုသည်။ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ ပဝကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ ၂နှစ်ကျော်ရှိပြီဖြစ်ပြီး […]

သရက်ချောင်းတွင် ပျောက်ဆုံးနေသည့် CDM ကျောင်းဆရာမ အလောင်းပြန်တွေ့

Dawei Watch

December 18, 2025

သရက်ချောင်းမြို့နယ်တွင် ပျောက်ဆုံးနေသည့် CDM ကျောင်းဆရာမတစ်ဦး၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည်တွေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၈ နှစ်ခန့်အရွယ် ဒေါ်စံပယ်သည် ဆင်ကျန်းရွာက အလယ်တန်းပြဆရာမဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် CDM ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သရက်ချောင်းမြို့နယ်က CDM ဆရာမတစ်ဦးက ဆိုသည်။ ဆင်ကျန်းရွာရှိ အမျိုးများ၏ အိမ်တွင် သားသမီးနှစ်ဦးကို အပ်နှံထားပြီး ၎င်းတို့ဇနီးမောင်နှံမှာ ဗျက်ဝိသားကျေးရွာ ဥယျာဉ်ခြံတွင် နေထိုင်လုပ်ကိုင်စားသောက်နေကြောင်း ၎င်းက ပြောဆိုသည်။ ခင်ပွန်းဖြစ်သူမှာ စမ်းလှမ်းရွာဘက်ကို ငါးဖမ်းလှေလိုက်သွားချိန် တစ်ဦးတည်း ကျန်ခဲ့သည့် ဆရာမဒေါ်စံပယ်သည် ဒီဇင်ဘာလ ၁၃ ရက်တွင် ပျောက်ဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ခင်ပွန်းဖြစ်သူနှင့် ဆွေမျိုးမိတ်ဆွေများက လိုက်လံရှာဖွေရာ ဒီဇင်ဘာ ၁၅ […]

ထိုင်းတွင် စက်ရုံထဲ အာဏာပိုင်များဝင်စစ်၊ မြန်မာလုပ်သား ၁၀ဦး ဖမ်းဆီးခံရ

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံ၊ ရယွန်ခရိုင်ရှိ စက်ရုံတစ်ရုံထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် ရွှေ့ပြောင်း အလုပ်သမား ၈၀ ခန့် ဖမ်းဆီးခံရကြောင်း ရယွန်လဝကရုံးက ယနေ့ ဒီဇင်ဘာလ ၁၈ရက်တွင် ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၇ ရက်က ပလွန့်ဒေ့ဒေသရှိ Heung Sung Electronics စက်ရုံထဲသို့ ထိုင်းအာဏာပိုင်များက ကွင်းဆင်း စစ်ဆေးခဲ့စဉ် တရားမဝင် လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ စက်ရုံထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိသော နိုင်ငံခြားသားအလုပ်သမား ၆၁ ဦးနှင့် အလုပ်ရှင် ပြောင်းရွှေ့လုပ်ကိုင် နေသည်ကို ၁၅ ရက်အတွင်း အကြောင်းမကြားထားသော အလုပ်သမား ၁၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများတွင် မြန်မာနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယား […]

တနင်္သာရီ ကမ်းတိုရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

December 18, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာတွင် အမျိုးသားတစ်ဦး ရော်ဘာခြစ်ပြီး အိမ်သို့ပြန်လာစဉ် လမ်းတွင် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၁၇ ရက် နံနက် ၈နာရီတွင် ကမ်းတိုရွာသား အသက်၄၄နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ “ကော်ပတ် (ရော်ဘာ) ခြစ်ရာကနေ အိမ်ကို အပြန်မှာဖြစ်သွားတယ်။ ခြေပြတ်သွားပြီး ခန္ဓာကိုယ်မှာ ကအစတွေ စင်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသားကို မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ကမ်းတိုရွာဘက်ကို စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးပြီးနောက် အောက်တိုဘာလ ၄ ရက်တွင် စစ်ကြောင်း ပြန်ဆုတ်ရာ လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ […]

ဘုရားသုံးဆူမြို့အနီး DKBA နယ်မြေကို လေယာဉ်ဖြင့် ဗုံးကြဲ၊ လူငါးဦးဒဏ်ရာရ

Dawei Watch

December 18, 2025

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ကြိမ်ချောင်းကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ် (၂) စစ်ဗျူဟာတပ်ဖွဲ့၏ မွေးမြူရေးခြံကို စစ်အာဏာရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူငါးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး DKBA မွေးမြူရေးခြံ‌နေရာကို ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မနေ့က ဗုံးကြဲသွားတဲ့နေရာက DKBA ဗိုလ်အေဝမ် နေရာဖြစ်တယ်။ အဲဒီနေရာမှာ ဗိုလ်အေဝမ်က နွားတွေ၊ ဆိတ်တွေ မွေးမြူထားတဲ့နေရာလို့ပဲ သိထားကြတယ်။ အထဲမှာ တခြား ဘာတွေရှိနေလဲတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် […]

ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီး တိုက်ပွဲဖြစ်

Dawei Watch

December 18, 2025

ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းမှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် အနီးဝန်းကျင်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစပြီး နှစ်ဖက်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ “တိုက်ပွဲဖြစ်နေတယ်။ ၁၂နာရီကျော်လောက်ကတည်းက လက်နက်ငယ်သံတွေ အရင်ထွက်လာတယ်။ ပြီးမှ (စစ်အာဏာရှင်တပ်) သူတို့ဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း ဇဟာကျေးရွာရှိ စစ်အာဏာရှင်တပ်၏ အမှတ် ၃၀၂ အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ယနေ့ ညနေ ၃ နာရီခွဲအထိ အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံအခြားတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်အချို့မှာလည်း မောင်မယ်ရှောင်ကျေးရွာပတ်လည်တွင် ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း ၎င်းက […]

ထိုင်းတွင် လူသတ်မှု သံသယဖြင့် မြန်မာတစ်ဦးကို ဖမ်းဆီး

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တွင် အလောင်းကို ရေပုံးထဲထည့်ပြီး စွန့်ပစ်အလောင်းဖျောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ရှာဖွေနေစဉ် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၄ ရက်နေ့က ကျန်ထဘူရီခရိုင် ဘုန်းကြီးကျောင်းအနီး ဝါးတောထဲတွင် အနက်ရောင်ရေပုံးကြီးထဲမှ အပုပ်နံ့ရသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးစဉ် အမည်မသိသူတစ်ဦး၏ အလောင်းကို ကြိုးတုပ်ထားသည့်ပုံစံဖြင့် တွေ့ခဲ့ရသည်။ သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ရှိပြီး အလောင်းကို အနက်ရောင် ပလပ်စတစ်နှင့်အတူ ပုဆိုးဖြင့် ထုပ်ပိုးထားသည်ကို တွေ့ရကြောင်း သိရသည်။ ခေါင်းနှင့် ခြေထောက်ကိုလည်း ခေါက်ထားပြီး ခြေလက်များကို ကြိုးတုပ်ထားကာ လည်ပင်းနှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။ သေဆုံးသူသည် အနီးအနားတွင် နေထိုင်သူများထဲက မဟုတ်ဘဲ မြန်မာပုဆိုးကို တွေ့ရသဖြင့် မြန်မာနိုင်ငံသားဖြစ်နိုင်ပြီး […]