ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းမြို့သို့ အိန္ဒိယသံအမတ် လာရောက်ဟု ထုတ်ပြန်

Dawei Watch

January 13, 2026

အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ဇန်နဝါရီလ ၁၂ ရက်က ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။ အိန္ဒိယသံအမတ်ကြီးသည် စစ်ကော်မရှင်၏ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ နယ်စပ်စစ်ဆေးရေးဂိတ်များအပြင် ဘုရင့်နောင်အငူကဲ့သို့ အထင်ကရနေရာများနှင့် ကော့သောင်းမြို့ရှိ အိန္ဒိယနွယ်ဖွားများထံ အလည်အပတ် သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကော့သောင်းမြို့သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ ခရီးသွားလာရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အရေးပါကြောင်း ကော့သောင်းမြို့ခရီးစဉ်အပြီးတွင် အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယသံအမတ်ကြီး၏ ယခုခရီးစဉ်သည် ၈ လအတွင်း ဒုတိယအကြိမ်မြောက် တနင်္သာရီတိုင်းခရီးစဉ်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလကလည်း သံအမတ်ကြီးသည် ထားဝယ်မြို့သို့ လာရောက်ခဲ့ပြီး တနင်္သာရီတိုင်း စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် မြို့ခံစီးပွားရေးလုပ်ငန်းရှင်များနှင့် […]

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

Dawei Watch

January 13, 2026

လောင်းလုံးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ တစ်နာရီနီးပါးကြာ ဖြစ်ပွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့ပေါ် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် နေရာများကို ယနေ့ ဇန်နဝါရီလ ၁၃ရက် နံနက် ၆နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ နှစ်ဘက်ပစ်ခတ်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားရကြောင်း မြို့ခံအချို့က ဆိုသည်။ “အိပ်ရာကတောင် မနိုးကြသေးဘူး၊ တိုက်ပွဲ စဖြစ်တယ်။ အိမ်အောက်မှာ အားလုံးဆင်းဝပ်နေကြရတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ နှစ်ဖက်စလုံး တော်တော်ပစ်ကြတယ်” ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောဆိုသည်။ နှစ်ဘက်ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ […]

ထားဝယ်ရှိ ဘဏ်များတွင် ငွေထုတ်ရခက်ခဲလာ၍ လုပ်ငန်းရှင်များ အခက်တွေ့

Dawei Watch

January 13, 2026

ထားဝယ်မြို့ရှိ ဘဏ်များတွင် ငွေသားထုတ်ယူရန် ခက်ခဲနေသဖြင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲ ဖြစ်ပေါ်နေကြကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှစကာ ဘဏ်တွင် အပ်ထားသည့်ငွေနှင့် လွှဲလိုက်သည့်ငွေကို တစ်လုံးတစ်ခဲတည်း ထုတ်ယူ၍မရတော့ဘဲ ဘဏ်အပေါ်မူတည်ကာ ကျပ်သိန်းဆယ်ဂဏန်းသာ ထုတ်ခွင့်ရနေကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။ ဘဏ်အပေါ်မူတည်ကာ တစ်ရက်လျှင် ကျပ်ငါးသိန်း ထုတ်ပေးသည့်ဘဏ်ရှိသလို ကျပ်သိန်းနှစ်ဆယ်အထိ ထုတ်ပေးသည့် ဘဏ်များလည်း ရှိနေကြောင်း ၎င်းတို့က ပြောသည်။ အာဏာမသိမ်းမီက ဖွင့်ထားသည့် ဘဏ်အကောင့်များမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ငွေသားထုတ်ခွင့်ရပြီး ကျပ်သိန်း ၁၀၀ အထိ ထုတ်ခွင့်ရနေကြောင်း ထားဝယ်မြို့ရှိ ဘဏ်များတွင် အမြဲတမ်းငွေထုတ်နေရသည့် ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ထိုသို့ တစ်ကြိမ် ထုတ်ယူပြီးပါက တစ်ပတ်အတွင်း အကောင့်အချင်းချင်း ငွေလွှဲခြင်း၊ ငွေသွင်းခြင်း မလုပ်ဆောင်နိုင်တော့ကြောင်း […]

ဂရင်းလန်းက ရုရှားနှင့် ပူးပေါင်းနိုင်ကြောင်း ရုရှားအဆင့်မြင့်အရာရှိပြော

Dawei Watch

January 13, 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်နိုင်ရေးအတွက် အလျှင်အမြန် မဆောင်ရွက်လျှင် ဂရင်းလန်းဒေသခံများအနေဖြင့် ရုရှားနိုင်ငံနှင့် ပူးပေါင်းရန် မဲခွဲဆုံးဖြတ်နိုင်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားလိုက်ကြောင်း Interfax သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်က ဖော်ပြခဲ့သည်။ “ထရမ့်အနေနဲ့ အလောတကြီး လုပ်ဖို့ လိုအပ်ပါတယ်။ ဂရင်းလန်းကျွန်းမှာ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ လူထုဆန္ဒခံယူပွဲတစ်ရပ် ရုတ်တရက် ပေါ်ပေါက်လာနိုင်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုတယ်။ လူဦးရေ ၅၅,၀၀၀ ရှိတဲ့ ဂရင်းလန်းတစ်ကျွန်းလုံးက ရုရှားနဲ့ပူးပေါင်းဖို့ မဲပေးကြပါလိမ့်မယ်” ဟု ရုရှားသမ္မတဟောင်းလည်းဖြစ်သူ မက်ဗီဒက်ဗ်က ပြောကြားကြောင်း Interfax သတင်းတွင် ဖော်ပြသည်။ “အဲဒီလိုသာဖြစ်သွားရင်တော့ ပြီးသွားပါပြီ။ အမေရိကန်အလံပေါ်မှာ ကြယ်ပွင့်အသစ်တွေ ထပ်တိုးလာစရာ အကြောင်းမရှိတော့ပါဘူး” ဒိန်းမတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂရင်းလန်းကျွန်းကို […]

တနင်္သာရီတွင် စစ်အာဏာရှင်တပ်လှည့်ကင်းကို တော်လှန်ရေးတပ် တိုက်ခိုက်

Dawei Watch

January 12, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် ယာယီတပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ ရမ်းဖိုရွာလမ်းမကြီးတစ်လျှောက်ကို ခြေလျင် ကင်းလှည့်ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၁၂ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “တိုက်ပွဲက လမ်းကင်းလှည့်တဲ့ သူတွေနဲ့ ဖြစ်ကြတယ်။ မိနစ် နှစ်ဆယ်လောက်‌တော့ ပစ်ခတ်မှုဖြစ်တယ်” ဟု ၎င်းက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရမ်းဖိုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းဖိုရွာ ဥယျာဥ်ခြံများဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဥယျာဥ်ခြံထဲကို ပစ်တာတော့ ထိခိုက်မှုမရှိဘူး။ စစ်သားတွေဘက်ကတော့ သုံးဦး ထိခိုက်မှုရှိတယ်လို့ ကြားရတယ်” ဟု ၎င်းက […]

ထိုင်းနှင့် မြန်မာလုပ်သား ခိုက်ရန်ဖြစ်မှု မြန်မာလုပ်သားခြောက်ဦး အလုပ်ထုတ်ခံရ

Dawei Watch

January 12, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် စားသောက်ဆိုင်ရှေ့၌ ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားများကြား ခိုက်ရန်ဖြစ်မှုနှင့်ပက်သက်၍ ဆိုင်ပိုင်ရှင်က မြန်မာအလုပ်သမား ခြောက်ဦးကို အလုပ်ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းက စမွတ်ပရကန်ခရိုင် ဘန်ဘိုဒေသ စားသောက်ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် မြန်မာနိုင်ငံသားများကြား ရန်ဖြစ်ခြင်းဖြစ်သည်။ လမ်းဆုံမီးပွိုင့်တွင် မြန်မာနိုင်ငံသား မောင်းလာသော ကားက လမ်းကြောင်းမှားပြီး ဝင်လာသဖြင့် ထိုင်းပစ္စည်းပို့သမားက ဟွန်းတီး၍ သတိပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူက ပြောဆိုသည်ဟု သတင်းဌာနများတွင် ဖော်ပြသည်။ ယင်းအချိန် ကားမောင်းသူက လက်ခလယ်ထောင်၍ ရန်ပြန်တွေ့ခဲ့ရာ ထိုင်းပစ္စည်းပို့သမားက နောက်ကလိုက်၍ ကားရပ်ရန် ပြောဆိုသော်လည်း ကားက မောင်းထွက်သွားကြောင်း ဆိုသည်။ ထိုင်းပစ္စည်းပို့သမားကလည်း ကားနောက်သို့ ထပ်မလိုက်တော့ဘဲ ပစ္စည်းပို့ဆောင်ရန် ဆက်လက်ထွက်သွားခဲ့ကြောင်း ဖော်ပြသည်။ […]

ဒေသခံများ ပြန်မနေထိုင်သေးသည့် ဆင်ထိုးကြီးရွာတွင် နေအိမ်အချို့မီးလောင်

Dawei Watch

January 12, 2026

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာ၊ ပြည်ထောင်စုကားလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းက နေအိမ်အချို့ မီးလောင်ကြောင်း ဒေသခံများထံမှ သိရသည်။ စားသောက်ဆိုင် ဖွင့်ထားသည့် နေအိမ်တစ်လုံးနှင့် စာသင်ကျောင်းနံဘေးရှိ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ယင်းနေအိမ် နှစ်လုံးပတ်ဝန်းကျင်ရှိ နေအိမ် ငါးလုံးဝန်းကျင် မီးအနည်းငယ် ကူးစက်ကာ ပျက်စီးမှုအချို့ရှိကြောင်း ၎င်းတို့က ဆိုသည်။ “မီးကလေ တစ်နေရာတည်း လောင်တာ မဟုတ်ဘူး။ ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက် နှစ်နေရာလောက် လောင်သွား တယ်။ အိမ်နှစ်လုံးက လုံးဝပျက်စီးသွားတယ်။ ကျန်တာ မီးကူးတာလောက်ပဲ” ဟု မီးငြှိမ်းသတ်ရာတွင် ကူညီခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ ရှို့မီးဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ ဆင်ထိုးကြီးရွာတွင် နှစ်ဖက်တိုက်ပွဲများကြောင့် […]

ထိုင်းမှ ကမ္ဘောဒီးယားသို့ ခိုးဝင်မည့် မြန်မာ ၁၆ ဦး ဖမ်းဆီးခံရ

Dawei Watch

January 12, 2026

ကမ္ဘောဒီးယားနိုင်ငံသို့ ခိုးဝင်မည့် မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စကဲဝိုခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့က စကဲဝိုခရိုင် အာရမ်ပရာထေ့ဒေသ ကြံတောထဲတွင် ကမ္ဘောဒီးယားဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် ပုန်းခိုနေသော မြန်မာနိုင်ငံသားများကို ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်ရင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများတွင် တရားဝင် နိုင်ငံကူးလက်မှတ်ကဲ့သို့ အထောက်အထားများကို မတွေ့ရကြောင်း၊ ၎င်းတို့သည် မန္တလေးမှတစ်ဆင့် ထိုင်းသို့ ဝင်ရောက်လာသူများဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းတွင် လစာ ဘတ် ၁၇၀၀၀ ခန့်ဖြင့် သန့်ရှင်းရေးလုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် သိရှိပြီး လာရောက်ကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ​ဖြေကြားထားသည်။ အားလုံးသည် ခရီးစရိတ်အတွက် ပွဲစားကို ဘတ် ၁၂၀၀၀ ပေးချေပြီးဟုဆိုသည်။ မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသည့် ပွဲစားကမူ […]