ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း သင်းကျွန်းရွာတွင် မှတ်ပုံတင်မလဲ၍ဟုဆိုကာ စစ်အာဏာရှင်တပ်စစ်ကြောင်းက ငွေညှစ်

Dawei Watch

December 22, 2025

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မှတ်ပုံတင်မလဲ၍ ဟုဆိုကာ ငွေညှစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ်သားများက ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် သရက်ချောင်းမြို့မှတစ်ဆင့် သင်းကျွန်းရွာသို့ရောက်လာပြီး ယနေ့ နေ့လယ်ပိုင်းအထိ ကျေးရွာအတွင်း တပ်စွဲထားကြောင်း ဒေသခံများကပြောသည်။ ထိုသို့ တပ်စွဲထားချိန် ကျေးရွာအတွင်းရှိ နေအိမ်အချို့ကို တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေးပြီး အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် မလဲထားသူများကို ငွေညှစ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံရသူများ ပြောပြချက်ကို ကိုးကားပြီး သင်းကျွန်းရွာခံတစ်ဦးက ဆိုသည်။ “(ကျပ်)ငါးသောင်းတောင်းတယ်။ နှစ်သောင်း၊သုံးသောင်း ပေးတာကိုတောင် လက်မခံဘူး။ ရှေးရှေးတုန်းက မှတ်ပုံတင်(မှတ်ပုံတင်အကြီး)တွေဆို တစ်သိန်းတောင်းတယ်။ မပေးရင် အိမ်မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာ” ဟု ၎င်းက ပြောသည်။ သင်းကျွန်းရွာရှိ […]

စစ်အာဏာရှင်တပ် ပစ်ခတ်သဖြင့် ခမောင်းချောင်းရွာသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

December 20, 2025

ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန် သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရွာသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၆ ရက်တွင် အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရေဖြူမြို့၏ အနောက်ဘက် ခမောင်းချောင်းကျေးရွာသို့ ဝင်ရောက်ချိန် ထွက်ပြေးသည်ဟုဆိုကာ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပထမကတော့ သေသလား၊ ရှင်သလား ဘယ်သူမှ မသိဘူးပေါ့နော်။ အခု စစ်ကြောင်းပြန်ထွက်သွားတော့ သူ့ညာဘက် လက်မှာ ကျည်ဒဏ်ရာတစ်ချက်၊ နောက်ဝမ်းဗိုက်မှာကတော့ ထုတ်ခြင်းပေါက်သွားတယ်။ လူကတော့ စကားပြောဆိုနိုင် တယ်။ သူ့အမေကိုလည်း ဖမ်းထားပြီး သူ့အမေဆီက ပိုက်ဆံလေးသိန်း ယူသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဒဏ်ရာပြင်းထန်ရသူမှာ ခမောင်းချောင်းရွာသား ကိုခေါင်းတုံးဆိုသူဖြစ်ပြီး ပစ်ခတ်မှုကြောင့် […]

ဗင်နီဇွဲလားနှင့် စစ်ဖြစ်နိုင်ခြေရှိမှုကို ထရမ့် မငြင်းဆန်

Dawei Watch

December 20, 2025

ဗင်နီဇွဲလားနှင့် စစ်ဖြစ်နိုင်ခြေရှိမှုကို မငြင်းဆန်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ ဗင်နီဇွဲလား၏ ရေနံသယံဇာတများအပေါ် ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယမန်နေ့ သောကြာနေ့တွင် ပြောဆိုသည်။ NBC News နှင့် အင်တာဗျူးတွင် အမေရိကန်က ဗင်နီဇွဲလားနှင့် စစ်ဖြစ်နိုင်ခြေရှိသလားဟု မေးမြန်းရာတွင် “ကျွန်တော် ဒါကို မဖြစ်နိုင်ဘူးလို့ မငြင်းပါဘူး” ဟု သမ္မတထရမ့်က ဖြေကြားသည်။ ၎င်းအနေဖြင့် ဗင်နီဇွဲလားသမ္မတမာဒူရိုအား ရာထူးမှ ဖယ်ရှားလိုခြင်းရှိမရှိ မေးခွန်းကိုမူ ထရမ့်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။ “ကျွန်တော် ဘာလိုချင်တယ်ဆိုတာကို သူ (မာဒူရို) အသိဆုံးပါ။ တခြားဘယ်သူထက်မဆို သူ ပိုသိပါတယ်” ဟုသာ သမ္မတထရမ့်က ပြောသည်။ လက်ဝဲဝါဒီခေါင်းဆောင် မာဒူရို၏ နေဝင်ချိန်နီးနေပြီဖြစ်ကြောင်း ထရမ့်က […]

ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကိုလည်း စစ်မှုထမ်းအတွက် ဖမ်းဆီး

Dawei Watch

December 19, 2025

ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းတိုင်ပြီးနေထိုင်သည့် လူငယ်များကိုလည်း စစ်မှုထမ်းခိုင်းရန်အတွက် စစ်အာဏာရှင်တပ်က နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများ ရှိလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယခင်က ထားဝယ်မြို့ပေါ် သန်းခေါင်စာရင်း(အိမ်ထောင်စု) ဝင်စစ်ပြီး စစ်မှုထမ်းအမည်စာရင်းပါသည့် လူငယ်များကိုသာ အိမ်တိုင်ရာရောက် လာရောက်ဖမ်းဆီးမှုများရှိခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလဝန်းကျင်မှစကာ နယ်ဘက်ကျေးရွာများမှ ထားဝယ်မြို့ပေါ်တွင် လာရောက်နေထိုင်ပြီး ဧည့်စာရင်းတိုင်ထားသူများကိုပါ စစ်မှုထမ်းစာရင်းပါသည်ဟုဆိုကာ အိမ်တိုင်ရာရောက် ဖမ်းဆီးမှုများရှိလာကြောင်း ထားဝယ်မြို့ခံအချို့က ဆိုသည်။ အလုပ်လုပ်ရန်အတွက် တနင်္သာရီတိုင်းပြင်ပမှ ထားဝယ်မြို့၊ ကျွန်းမွှေးရပ်တွင် လာရောက်နေထိုင်သည့် လူငယ်အချို့ နိုဝင်ဘာလအတွင်းက ဖမ်းဆီးခံရကြောင်း အဆိုပါရပ်နေ လူငယ်တစ်ဦးက ပြောသည်။ “သုံးယောက်လောက်ရှိမယ်ပါသွားတာ။ ညဘက်ကို ဧည့်စာရင်းစစ်သလိုလာပြီး စစ်မှုထမ်းပါတယ် ပြောပြီး ခေါ်သွားတာ” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီလက်ထက် အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေအရ သန်းခေါင်စာရင်းတွင် အမည်ပါရှိသည့် မြို့နယ်အလိုက်သာ […]

စျေးကွက်အဝယ်မရှိသဖြင့် ဂွေးခြောက်လုပ်ကိုင်သူ နည်းလာ

Dawei Watch

December 19, 2025

မျှင်ငါးပိလုပ်ရာတွင် အဓိကအသုံးပြုသည့် ဂွေးခြောက်ခေါ် မျှင်ခြောက်မှာ ဒေသတွင်း ဝယ်လိုအားသာရှိတော့သဖြင့် ထုတ်လုပ်သူနည်းပါးလာကြောင်း ကျွန်းစုဒေသခံအချို့ထံမှ သိရသည်။ ယမန်နှစ်က ထိုင်းအဝယ်ရှိခဲ့ပြီး ဈေးကောင်းရကြသော်လည်း လက်ရှိတွင် ဒေသတွင်းဝယ်လိုအားသာရှိသဖြင့် လုပ်ကိုင်သူနည်းလာခြင်းဖြစ်သည်ဟု ‌ကျွန်းစုမြို့နယ်နေ ဒေသခံအချို့ကဆိုသည်။ ထိုင်းနိုင်ငံဘက်က မျှင်ခြောက်တန်ချိန် အလုံအလောက် ဝယ်ထားပြီးဖြစ်သည့်အတွက် ယခုနှစ်တွင် အဝယ်နည်းသွားခြင်းဖြစ်နိုင်ကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ပြောသည်။ ပင်လယ်အတွင်း ပုစွန်ကဲ့သို့ မျှင်‌ကောင်ငယ်လေးများကို ဖမ်းဆီးကာ နေလှန်းပြီး မျှင်ခြောက်(ဂွေးခြောက်)ပြုလုပ်ကြခြင်း ဖြစ်သည်။ “ဒီနှစ်ဂွေးခြောက် သိပ်မလုပ်ကြဘူး။ဘိတ်(မြိတ်)ကိုပို့တာလောက်ပဲ အနည်းအကျဉ်းလုပ်ကြတာ။ရှေ့နှစ်ကတော့ ရှမ်းကမ်း(ထိုင်းနိုင်ငံ)ကိုပို့ကြတယ်လေ”ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ၂၀၂၄ခုနှစ်က မြိတ်မြို့တွင် မျှင်ခြောက်တစ်ပိဿာလျှင် ငွေကျပ် နှစ်သောင်းကျော် ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာ ငွေကျပ်နှစ်သောင်းမပြည့်တော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “ဈေးမရှိတော့ မလုပ်ဖြစ်ဘူး။ ငါးပိပဲ လုပ်ဖြစ်နေတယ်။ လမ်းတွေပိတ်ကြတော့ […]

ထားဝယ်မြို့တွင် စစ်ကော်မရှင်ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ ပျော်ပွဲရွှင်ပွဲအတွက် ညမထွက်ရအမိန့် တစ်ရက်ရုပ်သိမ်း

Dawei Watch

December 19, 2025

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်သည့် ကရင်ရိုးရာ နှစ်သစ်ကူးနေ့တွင် ထားဝယ်မြို့၌ ပျော်ပွဲရွှင်ပွဲများကျင်းပရန် စစ်ကော်မရှင်အဖွဲ့က ညမထွက်ရအမိန့်ကို တစ်ရက်တာ ရုပ်သိမ်းထားကြောင်း မြို့ခံများထံမှသိရသည်။ ညမထွက်ရ အမိန့်တစ်ရက်တာ ရုပ်သိမ်းကြောင်းကို တိုင်းစစ်ကော်မရှင်၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ မြို့အနှံ့ အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ညမထွက်ရုပ်သိမ်းတာက ဒီဇင်ဘာ ၁၉ ရက် ကရင်နှစ်သစ်ကူးနေ့ တစ်ရက်တည်းပါ၊ နှစ်သစ်ကူးနေ့ အခမ်းအနားကတော့ အရင်အတိုင်း ရွှေဝယ်သီရိ အားကစားကွင်းမှာ ပြင်ဆင်ထားတာတွေ့ရတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ထားဝယ်မြို့ တွင် စစ်ကော်မရှင်သတ်မှတ်ထားသည့် ညမထွက်ရအမိန့်မှာ ည ၁၁ နာရီမှနံနက် ၃ နာရီအထိဖြစ်သည်။ ယနေ့ ထားဝယ်မြို့ ၊ရွှေဝယ်သီရီအားကစားကွင်း၌ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ပြခန်းအချို့ပြသထားသည့်အပြင် […]

ထားဝယ်တွင် အပတ်စဥ် စတိတ်ရှိုးလုပ်ရန် တိုင်းစစ်ကော်မရှင် စီစဥ်နေ

Dawei Watch

December 19, 2025

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့၏ ကမ်းနားလမ်း၌ ယခုလာမည့် ခရစ္စမတ်နေ့မှစကာ သောကြာနေ့တိုင်း အပတ်စဥ် အခမဲ့ စတိတ်ရှိုးပွဲများ ကျင်းပရန် စီစဥ်နေကြောင်း မြို့ခံများထံမှသိရသည်။ ကမ်းနားလမ်း၊ သဲကွင်းတွင် ဒီဇင်ဘာလအတွင်း စတိတ်စင်တစ်ခု အခိုင်အမာဆောက်၍ ပြင်ဆင်မှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း ကမ်းနားလမ်းအနီး နေထိုင်သူများကဆိုသည်။ “စတိတ်စင်က စည်ပင်ကဆောက်နေတာ စည်ပင်အပိုင်ပေါ့။ နောက်ဆိုပွဲတွေအားလုံး အဲဒီမှာလုပ်လိမ့်မယ်။ သောကြာနေ့တိုင်းလည်း free show(အခမဲ့ စတိတ်ရှိုး) လုပ်ဖို့ရှိတယ်။ ဘယ်သူတွေ လာဆိုမယ်တော့ မသိရသေးဘူး ” ဟု တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။ စစ်အာဏာရှင်တပ်နှင့်ပူးပေါင်းကာ စတိတ်ရှိုးအတွက် လုံခြုံရေးကိစ္စ ဆွေးနွေးတိုင်ပင်နေမှုများ ရှိသည်ဟု မျက်မြင်များထံမှ စုံစမ်းသိရှိရသည်။ တိုင်းစစ်ကော်မရှင်သည် ပြီးခဲ့သည့်တန်ဆောင်တိုင်ကာလ (နိုဝင်ဘာလ)တွင် ကမ်းနား(ကွန်ကရစ်)လမ်းကို နိုင်လွန်ကတ္တရာခင်းခဲ့ပြီး ပျံကျစျေးသည်များကို စျေးရောင်းခွင့်မပြုတော့ကြောင်း မြို့ခံများ […]

ဆန္ဒပြကျောင်းသားခေါင်းဆောင် လုပ်ကြံခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုများဖြစ်

Dawei Watch

December 19, 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာ၌ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၄ ခုနှစ်က ကျောင်းသားဆန္ဒပြပွဲများကို ဦးဆောင်သည့် လူငယ်ခေါင်းဆောင် ရှရစ်ဖ်အော့စမန်ဟာဒီ လုပ်ကြံခံရကာ စင်္ကာပူဆေးရုံတွင် ကွယ်လွန်သွားပြီးနောက် အဆိုပါ အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၎င်းသည် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဒါကာမြို့ရှိ ဗလီတစ်ခုမှ ထွက်လာစဉ် မျက်နှာဖုံးစွပ် သေနတ်သမားများက ၎င်းအား ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။ ဆေးကုသမှုခံယူရန် စင်ကာပူရှိ ဆေးရုံသို့ လေယာဉ်ဖြင့် ရှရစ်ဖ်အော့စမန်ဟာဒီကို ပို့ဆောင်ခဲ့သော်လည်း ယမန်နေ့ ကြာသပတေးနေ့တွင် ရရှိထားသော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်ခံရသည့် အသက် ၃၂ နှစ်အရွယ်ရှိ ရှရစ်ဖ် အော့စမန်ဟာဒီ သေဆုံးကြောင်း သတင်းထွက်ပေါ်လာပြီးနောက် လူထောင်ပေါင်းများစွာက ဒါကာမြို့ လမ်းမများပေါ်တွင် […]