ထားဝယ် ကနိုင်းဒါအုပ်စုတွင် စစ်အာဏာရှင်တပ် လောင်းကစားဝိုင်းဝင်ဖမ်း၊ ငွေတောင်းပြီး ပြန်လွှတ်
Dawei Watch
January 19, 2026ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာအုပ်စု၊ အလယ်ကုန်းရွာ အနောက်ဘက်တစ်နေရာတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းကို ဇန်နဝါရီလ ၁၈ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများက ဝင်ဖမ်းကြောင်း ရွာသားများက ပြောသည်။ လောင်းကစားဝိုင်း ဝင်ဖမ်းစဥ် လောင်းကစားပြုလုပ်နေသူနှင့် ကစားဝိုင်အနီးရှိနေသူ အမျိုးသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ ဖမ်းဆီးခံရပြီးနောက် ငွေကြေးဖြင့်ညှိနှိုင်းကာ ဖမ်းဆီးခံရသူ ၁၇ ဦးစလုံး ပြန်လွှတ်ခဲ့ကြောင်း ဖြစ်စဥ်အားသိရှိသည့် ရွာသားတစ်ဦးက ပြောဆိုသည်။ “အဖမ်းခံရသူတွေက လူကြီးတွေ (သက်ကြီးပိုင်း) များတယ်။ ပိုက်ဆံနဲ့ညှိပြီး နေ့ချင်းပြီး ပြန်လွတ်လာပြီ” ဟု ၎င်းက ပြောသည်။ ထားဝယ်မြို့အဝင် ကျောက်ရပ်ရွာ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများ နှင့် ပျူစောထီးများက လောင်းကစားဝိုင်းသို့ ကားဖြင့်လာရောက်ကာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ […]


