ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀နီးပါး ဖမ်းဆီးခံရ

Dawei Watch

December 23, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကန်ချနဘူရီမြို့ထဲ နေရာနှစ်ခုတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကန်ချနဘူရီမြို့ နော့ဘိုဝါဒေသ အမြန်လမ်းမပေါ်တွင် ပစ်ကပ်ကားဖြင့်လာသော မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၈ဦးကို ကန်ချနဘူရီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှုဖြင့် ထိုင်းနိုင်ငံသား ကားသမားကို အမှုဖွင့်ထားပြီး မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်၍ ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း‌ ဆိုသည်။ ယင်းနေ့တွင်ပင် ကန်ချနဘူရီမြို့ ပါဖဲဒေသတွင် အိမ်စီးကားတစ်စီးကို အလေးချိန် များနေသဖြင့် မသင်္ကာဖြစ်၍ တားဆီး စစ်ဆေးရာမှ တရားမဝင် […]

ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဇနီးမောင်နှံ သတ်ဖြတ်မှု တရားခံဆိုသူများကို KNU ထုတ်ပြန်၊ မြေပြင်အခြေအနေနှင့် ကွဲလွဲနေဟု ထောက်ပြသူများရှိ

Dawei Watch

December 23, 2025

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၄) က ထုတ်ပြန်လိုက်သည်။ သို့သော် ထုတ်ပြန်ချက်ပါ ဖြစ်စဉ်များမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေသဖြင့် လက်မခံနိုင်ဟု ဆရာမကြီးနှင့် နီးစပ်သူများက ထောက်ပြပြောဆိုသည်။ ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့သည် ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၁ နာရီခန့်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာရှိ နေအိမ်တွင် ဓားဖြင့်ခုတ်သတ်ခံခဲ့ရသည်။ ဆရာမတို့ ဇနီးမောင်နှံကို သတ်ဖြတ်မှုမှာ ကျူးလွန်ပါဝင်သူ ၄ ဦးကို ဒီဇင်ဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး လုပ်ငန်းကော်မတီက ဒီဇင်ဘာလ […]

အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ရယူရန်လိုအပ်ဟု ထရမ့် ထပ်ပြော

Dawei Watch

December 23, 2025

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ရရှိရန် လိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထပ်လောင်းပြောကြားလိုက်သည်။ ယင်းလုပ်ငန်းစဉ်အတွက် ၎င်း ခန့်အပ်ထားသည့် ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်က ရှေ့တန်းမှ ဦးဆောင်သွားမည်ဟု သမ္မတထရမ့်က ဆိုသည်။ “ကျွန်တော်တို့ ဂရင်းလန်းကျွန်းကို လိုချင်တာက သယံဇာတအတွက် မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက်ပါ။ ဂရင်းလန်းကျွန်းရဲ့ ကမ်းရိုးတန်းတစ်လျှောက်ကို ကြည့်လိုက်ရင် ရုရှားနဲ့ တရုတ်သင်္ဘောတွေ နေရာအနှံ့ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ကျွန်တော်တို့ ရဖို့ မဖြစ်မနေ လိုအပ်ပါတယ်” သမ္မတထရမ့်က ပြောကြားခဲ့သည်။ ဂျက်ဖ်လန်ဒရီကလည်း ယင်းလုပ်ငန်းစဉ်ကို ဦးဆောင်ရန် ဆန္ဒရှိနေကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။ သမ္မတထရမ့်သည် လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖြစ် တနင်္ဂနွေနေ့က […]

ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အဏုမြူစွမ်းအင်စက်ရုံ ပြန်လည်ပတ်မည်

Dawei Watch

December 23, 2025

အဏုမြူစွမ်းအင်ကဏ္ဍသို့ ပြန်လည်ခြေလှမ်းပြင်လာသည့် ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးအဏုမြူစွမ်းအင်စက်ရုံ လည်ပတ်မှုကို ပြန်လည်စတင်တော့မည် ဖြစ်သည်။ ဂျပန်နိုင်ငံ နီဂါတာခရိုင်ရှိ ရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံကို လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ရန် အဆိုပါ ခရိုင်လွှတ်တော်က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မဲခွဲဆုံးဖြတ်လိုက်သည်။ ယင်းမှာ ဖူကူရှီးမားအဏုမြူဓာတ်ပေါင်းဖို ဘေးအန္တရာယ်နောက်ပိုင်း ၁၅ နှစ်နီးပါးအကြာတွင် ပေါ်ထွက်လာသည့် ဂျပန်နိုင်ငံ၏ အရေးပါသည့် အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ တိုကျိုမြို့၏ အနောက်မြောက်ဘက် ၁၃၆ မိုင်ခန့်အကွာတွင် တည်ရှိသည့် ကာရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံသည် ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးသွားပြီးနောက် ပိတ်သိမ်းခဲ့ရသည့် အဏုမြူဓာတ်ပေါင်းဖို ၅၄ ခုအနက် တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ် ငလျင်နှင့် ဆူနာမီဘေးကြောင့် ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးမှုသည် ချာနိုဘိုင်းအဏုမြူပေါက်ကွဲမှုနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်ခဲ့သည်။ ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို […]

မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်သူမရှိသဖြင့် တောင်သူများ အခက်ကြုံ

Dawei Watch

December 22, 2025

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်ယူမည့်သူမရှိသဖြင့် ဝင်ငွေမရရှိသောကြောင့် အခက်အခဲ ကြုံရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။ နိုဝင်ဘာလ၁၄ရက်တွင် တော်လှန်ရေးတပ်များက မောတောင်မြို့ကို သိမ်းပိုက်ပြီးနောက် မောတောင်သို့လာသည့် လမ်းရှိ သဲဖြူနှင့် သိန်ခွန်းရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။ ကားလမ်းများ သွားလာ၍ မရသဖြင့် မောတောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာတွင် ဥယျာဉ်ခြံများတွင် ကွမ်းသီးများ ခူးသော်လည်း ဝယ်သူမရှိကြောင်း သဲဖြူရွာဝန်းကျင်ရှိ စစ်ရှောင်ဘေးအရေး ကူညီနေသူတစ်ဦးက ပြောသည်။ “စစ်ရှောင်ရင်းနဲ့ သွားလို့ရတဲ့ (ဥယျာဉ်) ခြံတွေမှာ သွားကောက်ပြီး ကွမ်းသီးတွေ ခွဲပြီး နေလှန်းထားကြတယ်။ ဝယ်သူ မရှိတော့ သွားကောက်လို့ မရတဲ့သူတွေက မကောက်ကြဘူး” ဟု ၎င်းက ဆိုသည်။ ကွမ်းသီးများကို နှစ်ခြမ်းခွဲ၍ […]

ပလောက်တွင် ကုန်စုံဆိုင်တစ်ဆိုင်နှင့် နေအိမ်တစ်လုံးမီးလောင်

Dawei Watch

December 22, 2025

ပလောက်မြို့ ၊ အမှတ် ၁ ရပ်ကွက်၊ ဗဟိုလမ်းတွင်ရှိသော နယူးစတိုင် ကုန်စုံဆိုင်နှင့် ယင်းဆိုင်နံဘေးရှိ ပျဥ်ထောင် အိမ်တစ်လုံး ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းက မီးလောင်ကြောင်း မြို့ခံများနှင့် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မှုကြောင့် ပျဥ်ထောင်အိမ်နှင့် ကုန်စုံဆိုင်ဖွင့်ထားသည့် သုံးထပ်တိုက်တွင်မူ ဒုတိယအထပ်တစ်ထပ် မီးလောင်ပျက်စီးခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ ဝါယာရှော့ဖြစ်ရာမှ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်မှုအတွင်း လူထိခိုက်မှု မရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ မီးလောင်မှုကို ပလောက်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေသူများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ကြောင်း ဆိုသည်။ မြိတ်မြို့တွင်လည်း ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ရွှေပြည်တန်လမ်းမကြီးနှင့် ငွေပုလဲရပ်ကွက်တွင်ရှိသော နေအိမ်နှစ်လုံး မီးလောင်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ထားဝယ်မြို့အဝင် […]

လောင်းလုံး စခန်းကြီးရွာတွင် ကလေးတစ်ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံး

Dawei Watch

December 22, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ တောရှည်ရွာရှိ ခလရ ၁၀၄ စစ်အာဏာရှင်တပ်ရင်းအား တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ဒီဇင်ဘာလ ၂၁ရက် နံနက် ၈နာရီဝန်းကျင်တွင် ဒရုန်းဖြင့် လာရောက် ဗုံးချတိုက်ခိုက်ကြောင်း စုံစမ်းသိရသည်။ ယင်းနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ လက်နက်ကြီးကျည်တစ်လုံးမှာ စခန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်တပ်က လိုက်ပစ်တဲ့ လက်နက်ကြီးက ရွာထဲကိုကျသွားတာ” ဟု ၎င်းက ပြောသည်။ သေဆုံးသည့် ကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ်ရှိ ယောင်္ကျားလေးဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် ချက်ချင်းသင်္ဂြိုဟ်လိုက်ကြောင်း […]

ထိုင်းတွင် ယခုလအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၃၀၀၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

December 22, 2025

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသာ ၁၃၀၀၀ ကျော်ကို ယခုလရက်ပေါင်း ၂၀ အတွင်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူမည့် စီမံချက်အောက်တွင် တစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံခြားသား ၁၃,၀၇၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အခြားနိုင်ငံသားများ ပါဝင်ကြောင်း ဖော်ပြထားသော်လည်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ၎င်းတို့ကို တရားမဝင် နေထိုင်မှု၊ နေထိုင်ခွင့် ဗီဇာကျော်လွန်မှု၊ တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ကူညီမှု၊ ပြည်ဝင်ခွင့် ပိတ်ပင်ထားမှု၊ နေထိုင်ခွင့်ဗီဇာ […]