ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရုရှားက လကမ္ဘာတွင် အဏုမြူစွမ်းအင်စက်ရုံ ဆောက်မည်

Dawei Watch

December 25, 2025

ကမ္ဘာ့အင်အားကြီးနိုင်ငံများ လကမ္ဘာကို အပြိုင်အဆိုင်စူးစမ်းနေချိန်တွင် ရုရှားက လာမည့်ဆယ်စုနှစ်အတွင်း လမျက်နှာပြင်ပေါ်၌ အဏုမြူစွမ်းအင်စက်ရုံ တည်ဆောက်ရန် စီစဉ်နေပြီဟုဆိုသည်။ ယင်းစက်ရုံမှာ ရုရှား၏ လကမ္ဘာဆိုင်ရာ အာကာသစီမံကိန်းနှင့် ရုရှား-တရုတ် ပူးတွဲသုတေသနစခန်းတစ်ခုအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရန် ဖြစ်ကြောင်း သိရသည်။ ၁၉၆၁ ခုနှစ်တွင် ဆိုဗီယက်ခေတ် ရုရှားအာကာသယာဉ်မှူး ယူရီဂါဂါရင်သည် အာကာသထဲသို့ ရောက်ရှိသည့် ကမ္ဘာ့ပထမဆုံး လူသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းအချိန်ကတည်းက ရုရှားသည် အာကာသစူးစမ်းရေးတွင် ထိပ်တန်းနိုင်ငံအဖြစ် ဂုဏ်ယူလာခဲ့သည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ရုရှားသည် အာကာသစူးစမ်းရေးနယ်ပယ်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့နောက် ကျန်ရစ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရုရှားက လွှတ်တင်ခဲ့သည့် လူမလိုက်ပါသည့် Luna-25 အာကာသယာဉ် လမျက်နှာပြင်ပေါ် ပျက်ကျခဲ့မှုကြောင့် ရုရှား၏ အာကာသစူးစမ်းရေးရည်မှန်းချက်များ ထိခိုက်ခဲ့ရသည်။ တစ်ချိန်က […]

မဟာချိုင်တွင် ကားဆင့်တိုက်မှုကြောင့် မြန်မာ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

Dawei Watch

December 25, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ကားဆင့်တိုက်မှုကြောင့် မြန်မာနိုင်ငံသား ၁ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မိသားစုဝင်နှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်က မဟာချိုင် ကထူးဘင်ဒေသ ဘန်ခွန်ကိုင်ဒီး-ထာ့စောင်လမ်းမပေါ်တွင် အရှိန်ဖြင့် မောင်းလာသော ပစ်ကပ်ကားက အခြားကားတစ်စီးကို ဝင်တိုက်ခဲ့ပြီးနောက် လမ်းကြောင်းပြောင်းကာ ဆန့်ကျင်ဘက်လမ်းက မောင်းလာသော ဆိုင်ကယ်များကို ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားသည် မြန်မာဇနီးမောင်နှံမောင်းလာသော ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ပြီးနောက် လမ်းဘေးရှိ ကုန်စုံဆိုင်ထဲကို ထပ်မံဝင်တိုက်ခဲ့သေးကြောင်း သတင်းတွင်ဖော်ပြထားသည်။ ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းလာပြီး ကားတိုက်မှုဖြစ်ပြီး ကားပေါ်မှ ဆင်းလာချိန် အရက်မူးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။ ကားတိုက်မှုကြောင့် ဆိုင်ကယ်စီးလာသော […]

ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ အသတ်ခံရသည့်အမှု စစ်ရာတွင် စုံစမ်းရေးအဖွဲ့ကို ပါဝင်ခွင့်ရရန် ပညာရေးအစုအဖွဲ့များ တောင်းဆို၊ ပူးပေါင်းလုပ်ဆောင်မည်ဟု KNU ပြော

Dawei Watch

December 24, 2025

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမ ဒေါ်အေသီအောင်တို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ခွင့်ရရရန် တနင်္သာရီတိုင်းအခြေခံပညာ ပညာရေးအစုအဖွဲ့များက တိုက်တွန်းတောင်းဆိုလိုက်သည်။ တနင်္သာရီတိုင်းအတွင်းရှိ တိုင်းအခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂနှင့် တိုင်းအတွင်းရှိ ပညာရေးဘုတ်အဖွဲ့ ၁၀ ဖွဲ့ စုစုပေါင်း ပညာရေးအစုအဖွဲ့ ၁၁ ဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။ လက်ရှိတွင် ကျူးလွန်သည်ဆိုသူများကို KNU က ဖမ်းဆီးထားပြီး ၎င်းတို့၏ ထွက်ဆိုချက်များ၊ သက်သေ အထောက်အထားများကို စုံစမ်းစစ်ဆေးရာတွင် KNU နှင့်အတူ ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ပူးပေါင်းပါဝင်ခွင့်ရရန်တောင်းဆိုထားသည်။ ထို့အပြင် အမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချခြင်း၊ အပြစ်ပေး တရားစီရင်ခြင်းကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တရားဝင်ပေးပို့ရန်နှင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာပေးရန် တောင်းဆိုထားသည်။ […]

နှစ်ဖက်ပွတ်တိုက်မှု ဖြေရှင်းမည့်အချက်များ KNU တပ်မဟာ ၄ နှင့် NUG တပ်တို့အကြား သဘောတူညီမှုရ

Dawei Watch

December 24, 2025

KNU တပ်မဟာ ၄ နှင့် NUG အောက်ရှိ တပ်ဖွဲ့များအကြား ပွတ်တိုက်မှုဖြစ်ပွားလာပါက ဖြေရှင်းရမည့်အချက်များကို နှစ်ဖက်သဘောတူညီမှုရရှိကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဂျိုကာက ပြောသည်။ KNU တပ်မဟာ ၄ နှင့် NUG အောက်ရှိ တပ်ဖွဲ့ဝင်များအကြား ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာပါက ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာ တပ်ဖွဲ့ကသာ အရေးယူရန် သဘောတူညီမှုရကြောင်း ၎င်းက ဆိုသည်။ NUG တပ် (PDF၊ ပကဖ၊ ပလဖ စသည့်) ဘက်က ပြစ်မှုကျူးလွန်ပါက KNU တပ်က ဖမ်းဆီး အပြစ်ပေးခွင့် မရှိဘဲ သက်ဆိုင်ရာ NUG တပ်ရင်းသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ အလားတူ KNU တပ်မဟာ ‌၄ ဘက်က ကျူးလွန်ပါကလည်း NUG တပ်တို့က […]

ထားဝယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများလုပ်ရန် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

Dawei Watch

December 24, 2025

ထားဝယ်မြို့နယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ညမထွက်ရအမိန့်ကို တစ်ညရုပ်သိမ်းကြောင်း စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးကော်မတီက မြို့တွင်းလိုက်လံကြေညာသည်။ မနက်ဖြန် ဒီဇင်ဘာလ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်နေ့အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သောကြောင့် ည ၁၁ နာရီမှ နံနက် ၃ နာရီအတွင်းထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား ခရစ္စမတ်နေ့တွင် ခတ္တပယ်ဖျက်ထားသည်ဟု ကြေညာခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ပြီးခဲ့သည့် ထားဝယ်တန်ဆောင်နှင့် ဒီဇင်ဘာလ ၁၉ရက်က ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့တို့တွင်လည်း ထားဝယ်မြို့တွင် ညမထွက်ရက်အမိန့်ကို ရုပ်သိမ်းကာ စစ်ကော်မရှင်က ပျော်ပွဲရွှင်ပွဲများ ညလုံးပေါက်ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့ ညမထွက်ရအမိန့် ရုပ်သိမ်းထားချိန် ယင်းနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်များ ဖြစ်သည့် အိမ်ရှေ့ ပြင်၊ ပေါက်တိုင်းနှင့် ကမြောကင်းတံတားဂိတ်တို့ တွင် […]

ထားဝယ်ဒေသထွက်ကုန်များ ဈေးကျနေသဖြင့် တွက်ခြေမကိုက်

Dawei Watch

December 24, 2025

ထားဝယ်ခရိုင်တွင် ဒေသထွက်ကုန်များ ဈေးကျနေသဖြင့် တွက်ခြေမကိုက်ကြောင်း တောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က ကွမ်းသီးအမှည့်တစ်လုံးလျှင် ၁၃၀ ကျပ်ခန့်၊ ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းခွဲခန့်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးအမှည့်တစ်လုံးကို ၅၀၊ ၆၀ ကျပ်သာရရှိပြီး ကွမ်းသီးခြောက်မှာ တစ်ပိဿာလျှင် ၁၁၀၀၀ ခန့်သာ ရရှိကြောင်း ကွမ်းသီးခြံပိုင်ရှင် တောင်သူများက ဆိုသည်။ စပါးဈေးမှာလည်း ပြီးခဲ့သည့်နှစ်က ဆန်ကြမ်းစပါး တစ်တင်းလျှင် ၁၅၀၀၀ ကျပ်အထိ စျေးရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်တင်းလျှင် ၈၀၀၀၊ ၉၀၀၀ ကျပ်ခန့်သာ စျေးရကြောင်း လယ်သမားအချို့က ပြောဆိုသည်။ ရော်ဘာဈေးမှာလည်း ရော်ဘာပြား တစ်ပေါင်လျှင် ပြီးခဲ့သည့်နှစ်က ၃၁၀၀ ကျပ်ဝန်းကျင် ရရှိခဲ့ပြီး ယခုနှစ်တွင် ၂၅၀၀ ကျပ် ခန့်သာ ရရှိကြောင်း သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာက […]

လောင်းလုံး ဖွားဘုတ်ပြင်ရွာတွင် နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ်မီးရှို့

Dawei Watch

December 24, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက် ည နေပိုင်းတွင် စစ်အာဏာရှင်တပ်က နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။ စခန်းကြီးကျေးရွာသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် စွန်တောင်ပေါ်ကျေးရွာသို့ ရောက်ရှိပြီး ယင်းမှတစ်ဆင့် စွန်တောင်ပေါ်ကျေးရွာနှင့်တစ်ဆက်တည်းရှိသော ဖွားဘုတ်ပြင်ကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။ ဖွားဘုတ်ပြင်ရွာသို့ ရောက်ရှိချိန် နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး ယင်းနောက် အဆိုပါစစ်ကြောင်းမှာ ဖွားဘုတ်ပြင်နှင့် ဘူချိုင်းကျေးရွာကြားတွင် တစ်ညလုံးကင်းပုန်းဝပ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင်မူ စွန်တောင်ပေါ်ကျေးရွာ အနီးဝန်းကျင်သို့ ပြန်လည် ဆုတ်ခွာလာကြောင်း ၎င်းက ပြောဆိုသည်။ “ကင်းပုန်းဝပ်နေချိန်မှာ စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ညက […]

ယူကေကျောင်းသားဗီဇာတင်းကျပ်မှု ကမ္ဘာနှင့်ချီ ရိုက်ခတ်

Dawei Watch

December 24, 2025

ကျောင်းသားဗီဇာ အလွဲသုံးစားပြုမှုများအပေါ် ဗြိတိန်အစိုးရ၏ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးလမ်းကြောင်းများ ရိုက်ခတ်ပြောင်းလဲလာကြောင်း CNA က ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖော်ပြလိုက်သည်။ ယင်းသို့တင်းကျပ်လိုက်မှုကြောင့်ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပညာသင်လိုသည့် ကျောင်းသားအချို့မှာ ယူကေတက္ကသိုလ်များသို့ တက်ရောက်ခွင့် မရတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။ ယူကေသို့ ကျောင်းသားဗီဇာလျှောက်ထားသူများသည် ကျောင်းတက်ရန် အမှန်တကယ် ရည်ရွယ်သည့် ကျောင်းသားများဖြစ်စေရေး ဗြိတိန်အစိုးရက တက္ကသိုလ်များအပေါ် စည်းမျဉ်းပိုတင်းကျပ်စွာ သတ်မှတ်လိုက်ပြီးနောက် ယခုကဲ့သို့ အခြေအနေများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စက်တင်ဘာလတွင် စတင်အသက်ဝင်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းအသစ်အရ တက္ကသိုလ်များအနေဖြင့် ၎င်းတို့ထောက်ခံပေးသည့် ကျောင်းသားဗီဇာလျှောက်ထားမှုများအနက် ငြင်းပယ်ခံရမှုနှုန်း ၅ ရာခိုင်နှုန်းထက် မပိုစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ ယင်းကြောင့် တက္ကသိုလ်များမှာ လျှောက်ထားသူများကို ကျောင်းဝင်ခွင့်ပေးရာတွင် ပိုမိုတင်းကျပ်စွာ […]