ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရွေးကောက်ပွဲနေ့ ထားဝယ်မြို့ မနက်ပိုင်းအခြေအနေ

Dawei Watch

December 28, 2025

စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲနေ့ မနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင် လူသွားလူလာနည်းပါးနေသည်။ ထားဝယ်မြို့ အဓိကလမ်းမကြီးများသာမက လမ်းသွယ်များ၊ စျေးများတွင်ပါ ထူးထူးခြားခြား လူသွား၊ လူလာနည်းပါးနေ နေကြောင်း မြို့ခံအချို့က ပြောသည်။ ပုံမှန်အားဖြင့် မနက်စောစောတွင် စည်ကားနေလေ့ရှိသည့် ဈေးအချို့လည်း ယနေ့တွင် ရောင်းသူ၊ဝယ်သူ မရှိဘဲ တိတ်ဆိပ်ခြောက်ကပ်နေကြောင်း မြို့ခံအချို့က ပြောသည်။ “နေ့တိုင်းလူတွေ ဒီလောက်ရှုပ်တာ ဒီနေ့ လမ်းပေါ်မှာရော၊ ဈေးမှာရော လူတစ်ယောက်မှကိုမရှိဘူး။ ‌တစ္ဆေခြောက်နေသလိုပဲ” ဟု မြို့ခံတစ်ဦးက နံနက် ၇ နာရီအချိန်က ပြောဆိုသည်။ သို့သော် ရပ်ကွက်အချို့တွင်မူ ပုံမှန်အတိုင်း သွားလာ၊ ရောင်းဝယ်နေကြသည်များလည်းရှိကြောင်း အခြားမြို့ခံတို့က ပြောသည်။ “ရပ်ကွက်တစ်ခုနဲ့တစ်ခုမတူဘူး။‌ တစ်နေ့လုပ် တစ်နေ့စားများတဲ့ ရပ်ကွက်တွေမှာတော့ […]

ရွေးကောက်ပွဲအကြို့နေ့ ပြည်ကြီးမဏ္ဍိုင်မြို့ ရွှေဂဲညိုကျေးရွာတွင် တိုက်ပွဲဖြစ်၊ စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

December 27, 2025

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာတွင် စစ်အာဏာရှင်တပ်၊ ပျူစောထီးတို့နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ရွှေဂဲညိုကျေးရွာရှိ ပျူစောထီး၊ စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ရွာမှာ စစ်သားတွေရော၊ ပျူစောထီးတွေရော ရှိ‌နေတယ်။ မဲရုံလည်း ရှိနေတယ်။ အဲ‌ဒါတွေကို လာရှင်းတာဖြစ်မယ်။ ကျွန်မတို့လည်း ဘယ်နားပြေးရမှန်း မသိဘူး။ သူတို့ပစ်နေကြတာ မျက်စိရှေ့မှာတင်။ အိမ်ထဲကပဲ နားထောင်နေရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် ရွှေဂဲညိုရွာပင်လယ်ပြင်သို့ စစ်သင်္ဘောသုံးစီးဖြင့် စစ်ကူများရောက်လာပြီး တော်လှန်ရေးတပ်များရှိရာနေရာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။ “ရွာမှာတော့ ပျူစောထီးတွေရော စစ်သားတွေရော ၁၀ […]

စစ်အုပ်စု ရွေးကောက်ပွဲအကြိုနေ့ ထားဝယ်မြို့ပေါ် လုံခြုံရေးတင်းကျပ်

Dawei Watch

December 27, 2025

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအကြိုနေ့ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ အတွင်းအပြင်ကို လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ ခံချို့က ပြောသည်။ မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်းတစ်ကို ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲနေ့မတိုင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ရှိ အဓိကလမ်းမကြီးများ၊ လမ်းသွယ်လမ်းကြားများပါမကျန် လုံခြုံရေးများ ချထားကြောင်း မြို့ခံအချို့က ဆိုသည်။ “မနက်အစောကြီး မြို့ထဲက လမ်းဆုံ၊ လမ်းခွတွေရော၊ လမ်းကြားတွေထဲပါ စစ်တပ်က စောင့်နေကြတယ်။ လမ်းသွား၊ လမ်းလာတွေကိုတော့ စစ်ဆေးတာမရှိဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ထားဝယ်မြို့ပေါ် နေရာအနှံ့တွင် လက်နက်အပြည့်အစုံဖြင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက လမ်းဆုံ၊ လမ်းခွများတွင် စောင့်ကြပ်နေကြသည့်အပြင် ယာဉ်ထိန်းရဲများ၊ အရပ်ဝတ် ပျူစောထီးများပါတွေ့ရကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ […]

တာချီလိတ်-မယ်ဆိုင်ဂိတ်က ဝင်လာသည့် မြန်မာ ၂၅ ဦး ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရ

Dawei Watch

December 27, 2025

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတား တာချီလိတ်-မယ်ဆိုင်ဂိတ်မှ ဝင်လာပြီး ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလဝကအဖွဲ့က ဖမ်းဆီးပြီး နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်က တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် မယ်ဆိုင်မြို့ထဲ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလဝကရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့သည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) လုပ်ငန်းစဉ်အတွက် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ အမည်စာရင်း နောက်ဆုံးတင်သွင်းရမည့်ရက်လည်း ဖြစ်သည်။ နိုင်ငံခြားသားများ နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လာပြီး ဘန်ကောက်နှင့် အခြားခရိုင်များသို့ တရားမဝင် လမ်းကြောင်းဖြင့် သွားရောက်ရန် စီစဉ်နေသည်ဟု ချင်းရိုင်ခရိုင် လဝက က […]

ပဋိပက္ခများစွာဖြင့် ထားဝယ်တောင်ပိုင်းက ရွေးကောက်ပွဲ အကြိုနေ့

Dawei Watch

December 27, 2025

စစ်ကော်မရှင်ကလုပ်သည့် ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းသာလိုတော့သော်လည်း ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည့် ထားဝယ်မြို့နယ်တွင်တော့ ပဋိပက္ခများစွာဖြင့် ရှုပ်ထွေးနေဆဲအခြေအနေ ဖြစ်နေသည်။ စစ်အာဏာရှင်တပ်များ အင်အားတိုးချထားသည်များရှိသလို လက်နက်ကြီးပစ်ခတ်မှုများ၊ ရွာချင်းဆက်တံတားများ မီးရှို့ဖျက်စီးမှုများ၊ သွားလာခွင့် ပိတ်ပင်တားမြစ်မှုများကို စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေသည်။ ကင်းပုန်းချထားသော စစ်အာဏာရှင်တပ်သားများကို နေရာအတော်များများတွင် မြင်တွေ့ရသလို ကောလာဟလ သတင်းမျိုးစုံလည်း ပျံ့နှံ့နေသဖြင့် ပြည်သူလူထုမှာ ကြောက်ရွံ့မှုများဖြင့် အခြေအနေ စောင့်ကြည့်နေကြကြောင်း တွေ့ရသည်။ ခရစ္စမတ်နေ့ ဒီဇင်ဘာလ 25 ရက် ကတည်းကစ၍ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား မှ ရွှေဂူတံတားအကြားရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်သားများက တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့အနီး ရွေးကောက်ပွဲမကျင်းနိုင်သည့် ရှမ္မတွင်းရွာဘက်သို့ ပေါက်တိုင်းတံတားဘက်မှ ခရစ္စမတ်ညက လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးကျရောက်ပေါက်ကွဲကာ အသက်ငါးဆယ်ဝန်းကျင်အမျိုးသမီးတစ်ဦး၊ အသက် […]

ရွေး‌ကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြသူများကို ဗင်နီဇွဲလားအစိုးရ ပြန်လွှတ်ပေး

Dawei Watch

December 27, 2025

ဗင်နီဇွဲလားနိုင်ငံတွင် ဇူလိုင်လ ရွေးကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၆၀ ဦးထက်မနည်းကို ဒီဇင်ဘာလ ၂၅ ရက်တွင် အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မာဒူရိုက တတိယအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲမှာ မသမာမှုများရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများက ဝေဖန်ခဲ့ကြပြီး လူထုဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ ဆန္ဒပြသူများကို အာဏာပိုင်များက အပြင်းအထန် နှိမ်နင်းခဲ့ပြီး လူပေါင်း ၂,၄၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း လက်ရှိအချိန်အထိ လူ ၂,၀၀၀ နီးပါးခန့်သာ ပြန်လည်လွတ်မြောက်သေးသည်။ ယခုကဲ့သို့ ပြန်လည်လွှတ်ပေးမှုများ ရှိနေသော်လည်း လူပေါင်းရာနှင့်ချီ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ ဗင်နီဇွဲလားအခြေစိုက် ဥပဒေဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခု ဖြစ်သည့် […]

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်မှု စတင်အသက်ဝင်

Dawei Watch

December 27, 2025

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်သည် ယနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် စတင်အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။ သီတင်းပတ်များစွာ ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခကို ရပ်တန့်ရန် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့ကြသည်။ အဆိုပါ အပစ်ရပ်သဘောတူညီမှုကို ၇၂ နာရီကြာ စောင့်ကြည့်သွားမည်ဟု သိရသည်။ ယခု နယ်စပ်ပဋိပက္ခသည် အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ဖြစ်သည်။ တိုက်လေယာဉ်များ အသုံးပြုခြင်း၊ ဒုံးကျည်များဖြင့် အပြန်အလှန် ပစ်ခတ်ခြင်းနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပါဝင်ခဲ့သည်။ ‘မိမိတို့ နှစ်ဖက်စလုံးအနေဖြင့် လက်ရှိတပ်ဖြန့်ထားမှုများကိုသာ ဆက်လက်ထိန်းသိမ်းသွားရန်နှင့် ထပ်မံရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန် သဘောတူညီပါသည်’ ဟု နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများ၏ […]

စစ်အုပ်စုရွေးကောက်ပွဲကို စောင့်ကြည့်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင် နိုင်ငံခြောက်ခုက ကိုယ်စားလှယ်များရောက်

Dawei Watch

December 27, 2025

စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲကို စောင့်ကြည့်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့က ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၂၆ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ ရွေးကောက်ပွဲစောင့်ကြည့်ရန် ရုရှားနိုင်ငံက Deputy Chairman (State Duma) ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သောအဖွဲ့၊ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံက Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ကာဇက်စတန်နိုင်ငံက Deputy Chairman of the Commission Mr.Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံက NEC Member […]