ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းတွင် မဲပေးရန်သွားသည့် ဆီအုန်းလုပ်သား ၁၇၀ ခန့်ကို မျက်နှာဖုံးအုပ် လက်နက်ကိုင်များက ဖမ်းထား

Dawei Watch

December 29, 2025

ကော့သောင်းခရိုင် ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စုတွင် စစ်အုပ်စုပြုလုပ်သည့် ရွေးကောက်ပွဲကို မဲပေးရန်သွားသည့် ဆီအုန်းလုပ်သား ၁၇၀ နီးပါးကို မျက်နှာဖုံးအုပ် လက်နက်ကိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခမောက်ငယ် ပျိုးဥယျာဉ်ဇုန်၊ မာရမ်းပျိုးဥယျာဉ်ဇုန်တို့တွင်လုပ်ကိုင်နေသည့် ဆီအုန်းအလုပ်သမား ၁၇၀ နီးပါးကို ကော့‌သောင်းမြို့နယ်သွားသည့် လမ်းပိုင်တစ်‌နေရာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါဆီအုန်းအလုပ်သမားများသည် ခမောက်ကြီးမြို့ ၃၈မိုင် ယုဇနဆီအုန်းကုမ္ပဏီအတွင်း ဖွင့်လှစ်ထားသည့် မဲရုံတွင် မဲပေးရန် ကားများဖြင့် သွားကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆီအုန်းခြံကအလုပ်သမားတွေ လမ်းမှာဖမ်းဆီးခံရတယ်လို့တော့ သတင်းကြားတယ်။ ကျွန်တော်တို့နဲ့လည်း နည်းနည်းဝေးတော့ အတိအကျတော့မသိရဘူး။PDF တွေလမ်းမှာ ကားတွေကိုရပ်ခိုင်းပြီး ခေါ်သွားတယ်လို့တော့သိရတယ်”ဟု ၎င်းကပြောသည်။ စစ်အုပ်စုလော်ဘီချန်နယ်များတွင်မူ မဲသွားပေးမည့် ဆီအုန်းခြံအလုပ်သမား ၁၇၀ ခန့်က ၃၈ […]

သရက်ချောင်းမြို့ရှိ ပန်းတောစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

December 29, 2025

သရက်ချောင်းမြို့မရပ်ကွက် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ပန်းတော စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် ယနေ့ နံနက် အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ပန်းတောရပ်ကွက် သံတံတားတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မိနစ် ၃၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “ဒီဘက်က (စစ်အာဏာရှင်တပ်) လက်နက်ကြီးတွေ ပြန်ပစ်တယ်။ လူထိခိုက်မှု ဘာမှမကြားရဘူး” ဟု ၎င်းက ပြောသည်။ ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်-မြိတ်သွားကားလမ်း ခေတ္တပိတ်ဆို့ခဲ့ပြီး နံနက် ၉နာရီဝန်းကျင်တွင် ပြန်လည်သွားလာ၍ ရကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။ ပန်းတောစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် […]

လောင်းလုံး ထိန်တွင်းရွာတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

December 28, 2025

လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး အသက်၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့နယ်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပနေချိန် ယနေ့ နံနက် ၁၀ နာရီကျော်တွင် ထားဝယ်မြစ် တစ်ဖက်ကမ်းရှိ ထိန်တွင်းကျေးရွာဘက်တွင် ဒရုန်းတစ်စီးပျံသန်းခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ ရပ်ခတ်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်နှင့် ထားဝယ်မြို့ ရှိ စစ်အာဏာရှင်တပ်တို့က လက်နက်ကြီးဖြင့် အချက်ရေ ၂၀ ကျော် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပစ်ခတ်ရာတွင် လက်နက်ကြီးကျည် တစ်လုံးသည် ထိန်တွင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ […]

ရွေးကောက်ပွဲနေ့ ထားဝယ်မြို့တွင် ပေါက်ကွဲသံများကြားရသော်လည်း လူထိခိုက်မှုမရှိဟု တိုင်းရွေးကော်ပြော

Dawei Watch

December 28, 2025

စစ်ကောင်မရှင် ရွေးကောက်ပွဲကျင်းပနေသည့် ထားဝယ်မြို့ပေါ်တွင် ယနေ့(ဒီဇင်ဘာ ၂၈) နံနက်တွင် ပေါက်ကွဲသံများကြားရသော်လည်း လူထိခိုက်မှုမရှိဟု တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောသည်။ ယနေ့ နံနက် ၇ နာရီနှင့် ၉ နာရီကြားတွင် ထားဝယ်မြို့တွင် ပေါက်ကွဲသံများ၊ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ယင်းကိစ္စအား‌ အတည်ပြုမေးမြန်းနိုင်ရန် တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးထံ Dawei Watch က ယနေ့နံနက် ၁၁ နာရီအချိန်က ဖုန်းဆက်မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ဖုန်းဆက်လိုက်မေးရသလောက် အားလုံးသာသာယာယာပါပဲ။ မဲပေးတဲ့သူတွေ ဆက်ပေးနေဆဲပါ” ဟု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။ ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိပြီး မဲရုံ ၄၉ ရုံဖြင့် ရွေးကောက်ပွဲပြုလုပ်နေဟု […]

စစ်အာဏာရှင်တပ်ကပစ်သည့် လက်နက်ကြီး ‌လောင်းလုံး ပြင်းထိန်ဘုန်းကြီးကျောင်းထဲကျ၊ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရ

Dawei Watch

December 28, 2025

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး လောင်းလုံးမြို့အနီး ပြင်းထိန်ရွာ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့ပေါ်တွင် ရွေးကောက်ပွဲပြုလုပ်နေချိန် ပြင်းထိန်ရွာဘက်သို့ လက်နက်ကြီးဖြင့် ယနေ့နံနက် ၉ နာရီကျော်အချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလက်နက်ကြီးသည် ပြင်းထိန်အရှေ့ကျောင်း( ဘုန်းကြီးကျောင်း) ဝင်းထဲကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းပိုင်ကား ပျက်စီးသွားသည့်အပြင် ကျောင်းထိုင်ဆရာတော်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “၆၀ မမ လက်နက်ကြီးလာကျတာ။ လက်နက်ကြီးကျည်စထိလို့ ဘုန်းကြီးကျောင်းကား ဆီတိုင်ကီပေါက်သွားတယ်။ မှန်တွေလည်းကြေမွကုန်တယ်။ ကား‌အနောက်ပိုင်းတစ်ပိုင်းလုံး ထိသွားတာ။ ဆရာတော်မှာကတော့ ခြေမျက်စိကို ကျည်စထိတယ်။ သိပ်တော့မများဘူး” ဟု မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးမှာ ထားဝယ်မြို့မှ ပစ်ခတ်သည်လည်းဖြစ်နိုင်သလို လောင်းလုံးမြို့ထဲက ပစ်ခတ်သည်လည်းဖြစ်နိုင်ကြောင်း၊ ပစ်ခတ်သည့်နေရာကို တိတိကျကျမသိရကြောင်း စုံစမ်းသိရှိရသည်။

ဖိအားပေးမှုများကြောင့် မြိတ်မြို့တွင် မဲပေးသူများ

Dawei Watch

December 28, 2025

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် မြိတ်မြို့ရှိ မဲရုံများတွင် မဲပေးသူများပြားပြီး တန်းစီစောင့်ဆိုင်းနေကြကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မြိတ်မြို့ရှိရပ်ကွက်အလိုက် မဲရုံများတွင် ယနေ့နံနက်စောစော ၅ နာရီခန့်မှစကာ ဆန္ဒမဲလာ‌ထည့်သူများ တန်းစီနေရာယူထားကြကြောင်း မြို့ခံအချို့က ဆိုသည်။ ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲကိုမဖြစ်မနေထည့်ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးကဲ့သို့ စစ်ကော်မရှင်ဘက်တော်သားများ၏ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ယင်းကဲ့သို့ မဲလာထည့်နေကြခြင်း ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ မြို့အတွင်း လမ်းများပေါ်တွင် စစ်ကားနှင့် ရဲကားများ ကင်းလှည့်နေသလို လမ်းဆုံလမ်းခွနေရာအချို့တွင် စစ်အာဏာရှင်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များချထားကြောင်း ၎င်းကဆိုသည်။ ထို့အပြင် မဲရုံဝန်းကျင်တွင် လက်နက်ကိုင်ဆောင်ထားသည့် အင်္ကျီအပြာရောင်ဝတ်ဆင်ထားသည့် စစ်အာဏာရှင်ဘက်တော်သား အများအပြားနေရာယူထားကြောင်း မြို့ခံအချို့က ပြောဆိုသည်။ “မဲရုံရှေ့မှာတော့ လူတွေတအား(အရမ်း)ပဲ။ မဲရုံပတ်ဝန်းကျင်မှာလည်း အင်္ကျီအပြာရောင်နဲ့ လက်နက်ကိုင်ထားတဲ့သူတွေရပ်နေကြတယ်။မဲလာပေးတဲ့ လူတွေတော့တအားပဲ။ မပေးကြတဲ့သူတွေလည်းရှိကြပါတယ်”ဟု ဈေးတန်းရပ်နေ မြို့ခံတစ်ဦးကပြောသည်။ မြိတ်မြို့၏ အဓိကလမ်းမကြီးများတွင် […]

ထားဝယ်မြို့တွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ထွက်ပေါ်

Dawei Watch

December 28, 2025

စစ်ကော်မရှင်က ရွေးကောက်ပွဲ​ကျင်းပနေသည့် ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံနှင့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ယနေ့ နံနက် ၇ နာရီကျော်အချိန်တွင် ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသံသုံးချက်ကြားရပြီး နံနက် ၈ နာရီကျော်အချိန်တွင် နှစ်ချက်ကြားရကြောင်း မြို့ခံအချို့ကပြောသည်။ ယင်းအပြင် နံနက် ၉ နာရီကျော်အချိန်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆူညံစွာ ထွက်ပေါ်နေကြောင်းဆိုသည်။ ထားဝယ်မြို့ တိုင်းအစိုးရအဖွဲ့ရုံးအနီးရှိ မြန်မာ့ဆက်သွယ်ရေးရုံး၊ ထားဝယ်ကမ်းနားလမ်း၊ ထားဝယ်− မောင်းမကန်သွားလမ်း (ထားဝယ်မြို့အနီး) စစ်အာဏာရှင် ၁၀၄ တပ်ရင်းအနီးတို့တွင် ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ဆက်သွယ်ရေးနှင့် လုံခြုံရေး အခြေအနေများကြောင့် Dawei Watch အနေဖြင့် အသေးစိတ်ကို မေးမြန်းအတည်ပြုနိုင်ရေး ကြိုးစားနေဆဲဖြစ်ပါသည်။ ထိုသို့ ပေါက်ကွဲ၊ ပစ်ခတ်သံများ ထွက်ပေါ်နေသော်လည်း မြို့ပေါ်တွင်မူ […]

ရွေးကောက်ပွဲနေ့ ထားဝယ်မြို့ မနက်ပိုင်းအခြေအနေ

Dawei Watch

December 28, 2025

စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲနေ့ မနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင် လူသွားလူလာနည်းပါးနေသည်။ ထားဝယ်မြို့ အဓိကလမ်းမကြီးများသာမက လမ်းသွယ်များ၊ စျေးများတွင်ပါ ထူးထူးခြားခြား လူသွား၊ လူလာနည်းပါးနေ နေကြောင်း မြို့ခံအချို့က ပြောသည်။ ပုံမှန်အားဖြင့် မနက်စောစောတွင် စည်ကားနေလေ့ရှိသည့် ဈေးအချို့လည်း ယနေ့တွင် ရောင်းသူ၊ဝယ်သူ မရှိဘဲ တိတ်ဆိပ်ခြောက်ကပ်နေကြောင်း မြို့ခံအချို့က ပြောသည်။ “နေ့တိုင်းလူတွေ ဒီလောက်ရှုပ်တာ ဒီနေ့ လမ်းပေါ်မှာရော၊ ဈေးမှာရော လူတစ်ယောက်မှကိုမရှိဘူး။ ‌တစ္ဆေခြောက်နေသလိုပဲ” ဟု မြို့ခံတစ်ဦးက နံနက် ၇ နာရီအချိန်က ပြောဆိုသည်။ သို့သော် ရပ်ကွက်အချို့တွင်မူ ပုံမှန်အတိုင်း သွားလာ၊ ရောင်းဝယ်နေကြသည်များလည်းရှိကြောင်း အခြားမြို့ခံတို့က ပြောသည်။ “ရပ်ကွက်တစ်ခုနဲ့တစ်ခုမတူဘူး။‌ တစ်နေ့လုပ် တစ်နေ့စားများတဲ့ ရပ်ကွက်တွေမှာတော့ […]