ပုလောပညာရေးဘုတ်အဖွဲ့တာဝန်ခံ အသတ်ခံရမှု ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်မှုရှိနိုင်ဟု တိုင်းစစ်ဌာနအပါ တိုင်းအတွင်းရှိ အင်အားစုများထုတ်ပြန်
Dawei Watch
December 30, 2025ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုမှာ လူသတ်မှု ကျူးလွန်သူများ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်မှုရှိနိုင်သည်ဟု ယူဆဖွယ်ဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ဌာနအပါအဝင် တိုင်းအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစု ၁၄ ခုက ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။ အမှုမှန်ပေါ်ပေါက်ရေးတောင်းဆိုသည့်အနေဖြင့် တိုင်းစစ်ဌာနအပြင် ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တနင်္သာရီတိုင်း) ၊ ထားဝယ်ခရိုင်နိုင်ငံရေးပလက်ဖောင်း၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု၊ ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု အပါအဝင် အဖွဲ့အစည်း ၁၄ ခုက ယနေ့ ဒီဇင်ဘာလ ၃၀ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။ ရုပ်အလောင်းများတွင် တွေ့ရသည့် ဒဏ်ရာဒဏ်ချက်များအရ လုပ်ကြံသတ်ဖြတ်မှုဟု ယူဆရကြောင်း ထုတ်ပြန် တောင်းဆိုသည့်အဖွဲ့များတွင်ပါဝင်သည့် တနင်္သာရီ CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် (TCSN) အလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာစိုးက ပြောသည်။ “ဒဏ်ရာဒဏ်ချက်များစွာ […]


