ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ဒေသထွက် ကိုကိုးသီး စျေးကောင်းရ

Dawei Watch

January 2, 2026

ချောကလက်ကုန်ကြမ်းဖြစ်သည့် ထားဝယ်ဒေသထွက် ကိုကိုးသီး ယခုနှစ်တွင် ပြည်တွင်း အဝယ်လိုက်သဖြင့် စျေးကောင်း ရနေကြောင်း ကိုကိုးစိုက် တောင်သူများနှင့် အဝယ်ဒိုင်များထံမှ သိရသည်။ ယမန်နှစ်က ကိုကိုးသီး တစ်ကီလိုလျှင် ကျပ်ငါးရာဝန်းကျင် ခုနစ်ရာဝန်းကျင်အထိ စျေးရှိခဲ့ရာမှ ယခုနှစ်တွင် ကိုးရာကျပ် အထိ စျေးတက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကိုကိုးသီးကို တောင်သူများထံမှ အသီးတိုက်ရိုက်ဝယ်၍ ဒိုင်များထံတွင် အသီးခြောက်နှင့် ချောကလက် ကုန်ကြမ်းအဖြစ် ပြုလုပ်၍ ရန်ကုန်စျေးကွက်သို့ တင်ပို့ရကြောင်း ရေဖြူမြို့နယ်မှ ကိုကိုးသီး အဝယ်ဒိုင်တစ်ဦးက ပြောသည်။ “ချောကလက်ကုန်ကြမ်းက ပြည်ပစျေးကွက်ကနေ သွင်းရမတော့ ပြည်တွင်းစျေးကွက်ထဲ ကိုကိုးသီးက အဝယ်လိုက် လာတယ်။ အခုနှစ်မှာ ပိုရောင်းလာရတယ်” ဟု ၎င်းက ပြောဆိုသည်။ ချောကလက် ကုန်ကြမ်းဖြစ်သည့် ကိုကိုးအမှုန့်ကို ယခင်က တရုတ်နိုင်ငံထံမှတစ်ဆင့် […]

တရုတ်တွင် လူဦးရေတိုးပွားရေးအတွက် သန္ဓေတားဆေးများကို အခွန်ကောက်

Dawei Watch

January 2, 2026

နှစ်ပေါင်း ၃၀ ကြာ ကျင့်သုံးခဲ့သည့် သန္ဓေတားဆေးနှင့် ပစ္စည်းများအပေါ် အခွန်ကင်းလွတ်ခွင့်ကို တရုတ်အစိုးရက ဇန်နဝါရီ ၁ ရက်က စတင်ကာ ရုပ်သိမ်းလိုက်သည်။ နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်း ကျဆင်းလာမှုကို မြှင့်တင်နိုင်ရန် တရုတ်အစိုးရက အသည်းအသန် ကြိုးပမ်းနေချိန်တွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်အစိုးရက အခြားလူသုံးကုန်ပစ္စည်းများနည်းတူ ကွန်ဒုံးနှင့် သန္ဓေတားဆေးများအပေါ် တန်ဖိုးမြှင့်အခွန် ၁၃ ရာခိုင်နှုန်း စတင်ကောက်ခံနေပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၄ ခုနှစ်တွင် သုံးနှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး ရှေ့လာမည့် နှစ်များတွင်လည်း ဆက်လက် ကျဆင်းနေဦးမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ ၂၀၂၄ ခုနှစ်အတွင်း တရုတ်အစိုးရသည် တက္ကသိုလ်နှင့် ကောလိပ်များ၌ မိသားစုဘဝအပေါ် အပြုသဘောမြင်စေသည့် ‘အချစ်ရေးပညာပေး’ သင်တန်းများ ပို့ချစေခဲ့သည်။ ယင်းအပြင် ၂၀၂၅ […]

နှစ်သစ်ကူးည ထားဝယ်ညနေခင်း

Dawei Watch

December 31, 2025

၂၀၂၅ ခုနှစ်မှာ မကြာမီကုန်ဆုံးတော့မည်ဖြစ်ပြီး ၂၀၂၆ သို့ကူး​ပြောင်း​တော့မည်ဖြစ်သည်။ ထားဝယ်မြို့၏၂၀၂၅ ခုနှစ် နှစ်သစ်ကူး ညနေခင်း မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည် ။

ထားဝယ်မြို့ပေါ်ရှိ စစ်ကော်မရှင် ရုံးများအပါအဝင် နေရာအချို့ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

December 31, 2025

ထားဝယ်မြို့ပေါ် ရှိ နေရာအချို့ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးခြောက်လုံး ချပြီးတိုက်ခိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ထားဝယ်မြို့စုပေါင်းရုံးအား ဗုံးတစ်လုံး၊ နံနက် ၁၁ နာရီနှင့် နေ့လယ် ၁၂ နာရီအတွင်း ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား နှစ်လုံး၊ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအနီးကို ဗုံးတစ်လုံးနှင့် ကမ်းနားလမ်းသဲကွင်းကို ဗုံးနှစ်လုံးတို့ဖြင့် တိုက်ခိုက်ကြောင်း မြို့ခံများက ပြောသည်။ ဗုံးချတိုက်ခိုက်မှုများအနက် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် ကျောင်းသူ နှစ်ဦးနှင့် ခရီးသွားအမျိုးသမီး သုံးဦးဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့ ကမ်းနားလမ်းသဲကွင်း၊ စုပေါင်းရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့အား ဗုံးချတိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိကြ ကြောင်း အဆိုပါနေရာများနှင့် အနီးအနားနေသူတို့ထံမှ […]

မြန်မာစစ်အုပ်စု ကျင်းပသည့် ရွေးကောက်ပွဲကို အချိန်မတန်ခင် တရားဝင်မှု မပေးဟု မလေးရှားပြော

Dawei Watch

December 31, 2025

မြန်မာနိုင်ငံတွင် စစ်အုပ်စု ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၁ အပြီး ဖြစ်ပေါ်လာသည့် အခြေအနေများကို အာဆီယံက စောင့်ကြည့်သုံးသပ်သွားမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောဆိုလိုက်သည်။ အာဆီယံအနေဖြင့် သင့်လျော်သည့် အချိန်မတိုင်ခင် မည်သည့်အစုအဖွဲ့ကိုမျှ တရားဝင်မှု ပေးအပ်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ဆက်နွှယ်သည့် ခြေလှမ်းများနှင့် ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဂရုတစိုက် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ်က ဆိုသည်။ “အကြမ်းဖက်မှု လျှော့ချရေး၊ နိုင်ငံရေးအကွဲအပြဲတွေ ပိုမနက်ရှိုင်းစေရေး ၊ သင့်လျော်တဲ့ အချိန်မတိုင်ခင် တရားဝင်မှုမပေးအပ်ရေး ၊ အားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေး လမ်းစဉ်ဖြစ်ပေါ်ရေးတို့ကို အခြေခံပြီး အခြေအနေတွေကို အဆင့်လိုက် သုံးသပ်သွားမှာပါ” ဟု […]

ကမြောကင်းတံတားဂိတ် ဗုံးချတိုက်ခိုက်ခံရမှု ကျောင်းသူနှစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရ

Dawei Watch

December 31, 2025

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်း​​ဖြင့် ဗုံးချတိုက်ခိုက်ခံရမှုတွင် ကျောင်းသူနှစ်ဦးအပါဝင် အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒဏ်ရာရရှိသူ မိသားစုဝင်များနှင့် ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၃၁ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် တစ်ကြိမ် နှင့် ၁၂ နာရီဝန်းကျင်တွင် တစ်ကြိမ် ဒရုန်း​ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံခရီးသွားများထံမှသိရသည်။ ယင်းသို့တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသူနှစ်ဦး နှင့် နောက်ထပ်ခရီးသွားအမျိုးသမီး သုံးဦးဒဏ်ရာ ရကြောင်း ဒဏ်ရာရသူ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ကျောင်းသူနှစ်ယောက်က ၄ တန်း ၅ တန်းလောက်ရှိမယ်။ နှစ်‌ယောက်စလုံးကျောင်းယူနီဖောင်းနဲ့။ ဒဏ်ရာများတယ်။ ကျောင်းသူ တစ်ယောက်က ဝမ်းဗိုက်နဲ့ ခြေလက်တွေ ထိထားတယ်။ […]

ထိုင်း ဟွာဟင်မြို့တွင် တနင်္သာရီဒေသခံ လူငယ်တစ်ဦး ဓားထိုးခံရပြီး သေဆုံး

Dawei Watch

December 31, 2025

ထိုင်းနိုင်ငံ ၊ ဟွာဟင်မြို့တွင် ဒီဇင်ဘာလ ၃၀ ရက်ညက တနင်္သာရီဒေသခံ လူငယ်တစ်ဦး လည်ပင်းတွင် ဓားထိုးခံရ၍သေဆုံးကြောင်း ဟွာဟင်ရောက်မြန်မာအသိုင်းအဝိုင်းထံမှသိရသည် ။ သေဆုံးသူသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုင်းနိုင်ငံရောက်လာပြီး သစ်သီးအရောင်း ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည့် အသက် ၁၈ နှစ်အရွယ် ကိုသူရပိုင် ဖြစ်ကြောင်း ကာယကံရှင် ၏ မိသားစုများကပြောသည် ။ ကိုသူရပိုင်သည် တနင်္သာရီမြို့နယ် ၊ ကျွဲထိန်းကွင်းရွာသားဖြစ်သည်။ ဟွာဟင်မြို့ ရှိ တံတားတစ်စင်းပေါ်တွင် ဝိုင်းဖွဲ့သောက်စားကာ သီချင်းဆိုနေသည့် ကိုသူရပိုင် အပါအဝင် မြန်မာလေးဦး နှင့် ၎င်းတို့ဝန်းကျင်တွင် ဝိုင်းဖွဲ့စားသောက်နေသည့် ထိုင်းလူငယ်အဖွဲ့တို့ စကားများရာမှ ဓားဖြင့်ထိုးခံရခြင်းဖြစ်ကြောင်း းကိုသူရပိုင် ၏ မိသားစုဝင်တစ်ဦး က ဆိုသည် ။ ” ထိုင်းတွေနဲ့ တိုက်ရိုက်ရန်ဖြစ်တာတော့ […]

ယူကရိန်းတွင် အမေရိကန်တပ်များ ချထားရေး ဇလန်းစကီးနှင့် ထရမ့် ဆွေးနွေး

Dawei Watch

December 31, 2025

လုံခြုံရေးအာမခံချက်အဖြစ် ယူကရိန်းတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ထားရှိရေးကိစ္စကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးခဲ့ကြောင်း ယူကရိန်း သမ္မတ ဇလန်းစကီးက ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြောဆိုလိုက်သည်။ ရုရှား၏ ကျူးကျော်စစ်ကို အဆုံးသတ်ရန် ဆွေးနွေးမှုများကို ဆက်လုပ်သွားမည်ဖြစ်ပြီး ပူတင်နှင့် မည်သည့်ပုံစံဖြင့်မဆို တွေ့ဆုံရန် အသင့်ရှိကြောင်း သမ္မတဇလန်းစကီးက WhatsApp မှတစ်ဆင့် မီဒီယာများကို ပြောကြားခဲ့သည်။ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများ ရှိနေသေးသော်လည်း ယူကရိန်းစစ်ပွဲရပ်စဲရေးအတွက် သဘောတူညီချက်ရရန် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း သမ္မတထရမ့်က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးရေးကိစ္စတွင် သမ္မတထရမ့်က ပိုမိုသတိထား ပြောဆိုလျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ သို့သော် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးရေးမှာ သဘောတူညီမှု ရရန် ၉၅ ရာခိုင်နှုန်းခန့် သေချာနေပြီဖြစ်ပြီး ယင်းကိစ္စတွင် ဥရောပနိုင်ငံများက အဓိကတာဝန်ယူရန် […]