ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

CI သက်တမ်းတိုးစခန်းများ ဇန်နဝါရီ ၁၆ ရက်အထိ ထပ်တိုးဖွင့်လှစ်မည်

Dawei Watch

January 4, 2026

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများ ဇန်နဝါရီလ ၁၆ ရက်အထိ ထပ်တိုးဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့ ထုတ်ပြန်သည်။ CI စာအုပ် ထုတ်ပေးရေးစခန်းများကို ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားပြီး ကရာဘီခရိုင်တွင်လည်း ရွေ့လျားစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ထားသည်။ ယင်းစခန်းများကို ဒီဇင်ဘာလ ၃၁ ရက်အထိသာ ဖွင့်လှစ်ပေးမည်ဟု ကနဦး ကြေညာထားသော်လည်း 7-Eleven စတိုးဆိုင်များတွင် ငွေပေးသွင်းသူများ ကျန်ရှိနေသည့်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်အထိ နောက်ဆုံးအကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာမှုမရှိစေရန် သတ်မှတ်ကာလအမီ CI စာအုပ် သက်တမ်းတိုးစခန်းများတွင် လုပ်ဆောင်ကြရန် ဖော်ပြသည်။ […]

ဗင်နီဇွဲလားသမ္မတကို အမေရိကန်တွင် တရားစွဲမည်ဟုဆို

Dawei Watch

January 3, 2026

ဗင်နီဇွဲလားသမ္မတ မာဒူရိုအား အမေရိကန်တွင် တရားစွဲဆိုရန် ဖမ်းဆီးလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပြောဆိုခဲ့သည့် ဆီးနိတ်လွှတ်တော်ရီပတ်ဘလီကန်အမတ်တစ်ဦးက ပြောကြားသည်။ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုအား အမေရိကန်ပြည်ထောင်စုတွင် တရားစွဲဆိုရန် အမေရိကန်တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူယီယို က အသိပေးခဲ့ကြောင်း ဆီးနိတ်လွှတ်တော် ရီပတ်ဘလင်ကန်အမတ် Mike Lee က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားပြောဆိုသည်။ “ဒီည ဖော်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဖမ်းဝရမ်းအတိုင်း ဆောင်ရွက်သူတွေကို ကာကွယ်ဖို့ဖြစ်ကြောင်း ကျွန်တော့်ကို အကြောင်းကြားပါတယ်” ဟု ၎င်းက ရေးသားထားသည်။ “ဒီလုပ်ဆောင်ချက်ဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ အရ အမေရိကန် ဝန်ထမ်းတွေကို အန္တရာယ်ကနေ ကာကွယ်ဖို့ သမ္မတမှာ ရှိတဲ့ ပင်ကိုယ်လုပ်ပိုင်ခွင့်အတွင်းမှာ ရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ […]

နိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့များရှိနေမှုကို ခုခံတွန်းလှန်သွားမည်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးပြော

Dawei Watch

January 3, 2026

နိုင်ငံတွင်း နိုင်ငံခြားတပ်ဖွဲ့များ ရှိနေမှုကို လက်မခံဘဲ အစွမ်းကုန် ခုခံတွန်းလှန်သွားမည်ဟု လိုပက်ဇ်က ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုလိုပက်ဇ်က ယနေ့ ဇန်နဝါရီလ ၃ ရက်တွင် အခိုင်အမာ ပြောကြားလိုက်သည်။ အမေရိကန် တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ပစ်ခတ်သော ဒုံးကျည်များကြောင့် ဗင်နီဇွဲလားနိုင်ငံတစ်ဝှမ်းရှိ မြို့ပြဒေသများ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။ “ဒီကျူးကျော်မှုဟာ ကျွန်တော်တို့နိုင်ငံ ကြုံခဲ့ရသမျှထဲမှာ အဆိုးဝါးဆုံး ခံပြင်းဒေါသကို ကိုယ်စားပြုတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံအတွင်း သေဆုံး၊ ဒဏ်ရာရစာရင်းကို ပြုစုနေကြောင်း ၎င်းက ပြောသည်။ နိုင်ငံ့မြို့တော်ကာရာကတ်စ်ရှိ ဖော့တီယူနာ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကိုလည်း ၎င်းက အတည်ပြုသည်။ နိုင်ငံတွင်း နိုင်ငံခြားတပ်ဖွဲ့များ ရှိနေမှုကို လက်မခံဘဲ အစွမ်းကုန် ခုခံတွန်းလှန်သွားမည်ဟု ၎င်းက […]

ဗင်နီဇွဲလား သမ္မတအား နိုင်ငံပြည်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီဟု ထရမ့်ပြော

Dawei Watch

January 3, 2026

ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ဖမ်းဆီးကာ နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ ယနေ့ နံနက်အစောပိုင်းတွင် ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ကို အမေရိကန်က အကြီးအကျယ် တိုက်ခိုက်ပြီးနောက် ထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။ “ဗင်နီဇွဲလားနိုင်ငံနဲ့ သူ့ရဲ့ခေါင်းဆောင် မာဒူရိုကို အမေရိကန်က အကြီးစားတိုက်ခိုက်မှုတစ်ခု အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ပါတယ်။ မာဒူရိုနဲ့ သူ့ဇနီးကိုလည်း ဖမ်းဆီးပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားပါပြီ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ “ဒီစစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကာရာကတ်စ်မြို့တွင် ပထမဆုံး […]

ဗင်နီဇွဲလားကို အမေရိကန် တိုက်ခိုက် ၊ ဗင်နီဇွဲလားတပ်ဖွဲ့များ အသင့်ပြင်

Dawei Watch

January 3, 2026

ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်က တိုက်ခိုက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ အစောပိုင်းတွင် ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ အမည်မဖော်လိုသူ အဆိုပါ အရာရှိက အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း ယင်းသတင်းတွင် ပါရှိသည်။ ယနေ့ နံနက်အစောပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်ကာရာကတ်စ်နှင့် အခြားဒေသများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ယင်းမှာ အမေရိကန်၏ “စစ်ရေးအရကျူးကျော်တိုက်ခိုက်မှု” ဖြစ်၍ လက်မခံနိုင်ကြောင်း ဗင်နီဇွဲလားအစိုးရက တုံ့ပြန်ထားသည်။ ဗင်နီဇွဲလားနိုင်ငံ၏ ပြည်နယ်သုံးခု တိုက်ခိုက်ခံရသဖြင့် သမ္မတမာဒူရိုက နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာကာ တပ်ဖွဲ့များကို အသင့်ပြင်ထားသည်။ ယနေ့ နံနက် ၂ နာရီခန့်မှစ၍ ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တစ်ခွင် ပေါက်ကွဲသံများ၊ လေယာဉ်များနှင့် မီးခိုးမည်းများကို မြင်တွေ့ရကြောင်း ရိုက်တာသတင်းဌာနက […]

အီရန်အစိုးရက ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နှင်းလျှင် အမေရိကန်ဝင်ပါမည်ဟု ထရမ့်ပြော

Dawei Watch

January 2, 2026

အီရန်အစိုးရအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ပစ်ခတ်သတ်ဖြတ်၍ အကြမ်းဖက်နှိမ်နင်းပါက ဆန္ဒပြသူများဘက်မှ အမေရိကန်က ဝင်ရောက်ကူညီသွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ “ကျွန်ုပ်တို့က အသင့်အနေအထား ရှိနေပြီးသားပါ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ အီရန်နိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး ယင်းမှာ သုံးနှစ်တာအတွင်း နိုင်ငံ၌ အကြီးမားဆုံး ဆန္ဒပြပွဲများ ဖြစ်သည်။ ငွေကြေးတန်ဖိုး အဆမတန်ကျဆင်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို အစိုးရက ကိုင်တွယ်ပုံအပေါ် မကျေနပ်သဖြင့် အီရန်ဈေးဆိုင်ရှင်များက တနင်္ဂနွေနေ့တွင် စတင်ဆန္ဒပြခဲ့ကြသည်။ လက်ရှိတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့ဆုံမှုများမှာ ပိုမိုပြင်းထန်လာပြီး နိုင်ငံအနှံ့ မငြိမ်သက်မှုများ မြင့်တက်လာနေသည်။ ကြမ်းတမ်းလာသော ဆန္ဒပြပွဲများမှာ ပြည်နယ်အသီးသီးသို့ ကူးစက်လာပြီးနောက် […]

ကမြောကင်းတံတား၌ ဒရုန်းဗုံးထိသည့် သားအမိတွင် မိခင်က ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး သမီးက ဒဏ်ရာပြင်းထန်ဆဲ

Dawei Watch

January 2, 2026

ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ဒရုန်းဗုံးချတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးမှာ ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး ၎င်း၏သမီးဖြစ်သူမှာလည်း ခွဲစိတ်ခန်း နှစ်ကြိမ်ဝင်ထားရကြောင်း ဆွေမျိုးနီးစပ်သူများ ထံမှသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးချတိုက်ခိုက်ခဲ့ရာတွင် ခရီးသွားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ သာယာကုန်းကျေးရွာသူ မမိလတ်နှင့် သမီးဖြစ်သူ ပထမတန်းကျောင်းသူတစ်ဦး၊ ဒုတိယတန်းကျောင်းသူတစ်ဦး၊ မင်းရပ်တလိုင်းမော်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ မောင်နှမနှစ်ဦး စုစုပေါင်းငါးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် ပထမအကြိမ် ဒရုန်းဗုံး တိုက်ခိုက်ပြီးနောက် တံတားပြန်လည်ဖွင့်လှစ်ချိန်တွင် မမိလတ်မှာ ထားဝယ်မြို့ အိုးလုပ်ပြင်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ၎င်း၏သမီး […]

ထိုင်းတွင် ငါးမျက်နှာဘုရားဖူးလာသောကား တိမ်းမှောက်ပြီး မြန်မာ ၁၀ကျော် ဒဏ်ရာရ

Dawei Watch

January 2, 2026

ငါးမျက်နှာဘုရားဖူးလာသော ကားတစ်စီး ထိုင်းနိုင်ငံ ဖစ်ချဘွန်ခရိုင်ရှိ အဝေးပြေးလမ်းမတွင် တိမ်းမှောက်ရာ ကားပေါ် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၁ နာရီခွဲခန့်က ဖစ်ချဘွန်ခရိုင် စရီထေ့ဒေရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ဗန်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်မြောင်းထဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားတိမ်းမှောက်မှုကြောင့် ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က စရီထေ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ ကားသည် အယုဒ္ဓယမြို့မှ ဖစ်ချဘွန်ခရိုင်ရှိ ငါးမျက်နှာဘုရားဖူးရန် သွားနေစဉ် ကားတစ်စီး အရှေ့ကို ရုတ်တရက် ကျော်တက် လာသဖြင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း ကားသမား၏ ဖြေကြားချက်ကို ဖော်ပြသည်။ လက်ရှိတွင် ကားမှောက်မှုဖြစ်စဉ်နှင့် […]