ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါ ဒေသခံသုံးဦးဒဏ်ရာရ

Dawei Watch

January 7, 2026

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် တနင်္သာရီမြို့နယ်၊ မုတ်ဆိတ်ကွင်းရွာတွင် ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ တော်လှန်ရေးတပ်များက ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းကို ဇန်နဝါရီလ ၆ရက် ညနေ ၃ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးကျည် လေးလုံးပြန်လည်ပစ်ခတ်ရာ တစ်လုံးမှာ မုတ်ဆိတ်ကွင်း ကျေးရွာတွင် ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့် အသက် ၁၂နှစ်ဝန်းကျင်ရှိ ကလေးတစ်ဦး ခြေတွင် ဒဏ်ရာရပြီး ကျန်သည့် အမျိုးသားနှစ်ဦးတွင်လည်း ခြေနှင့် လက်တို့တွင် ဒဏ်ရာရကြောင်း တော်လှန်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ “လူကြီးတစ်ယောက်က ဒဏ်ရာရများတယ်။ ကလေးနဲ့ လူကြီး နောက်တစ်ယောက်က ဒဏ်ရာနည်းတယ်” […]

မလေးရှားသွားမည့် မြန်မာ ၂၀ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

January 7, 2026

မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းက သွားမည့် မြန်မာနိုင်ငံသား ၂၀ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၆ ရက်က ပရာကျွတ်ခီရီခန်မြို့ ကလောင်ဝမ်ဒေသရှိ အုန်းခြံထဲတွင် မြန်မာနိုင်ငံသားများ ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၀ ဦးဖြစ်ပြီး အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မြဝတီ၊ ပဲခူးဒေသများကတစ်ဆင့် ဘုရားသုံးဆူနယ်စပ် စန်ခရာဘူရီဒေသသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြကြောင်း ဆိုသည်။ ပွဲစားများ၏ အချိတ်အဆက်ဖြင့် နယ်စပ်မှတစ်ဆင့် ကားအဆင့်ဆင့်စီး၍ […]

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

January 6, 2026

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်အာဏာရှင်တပ်တို့ ဇန်နဝါရီလ ၅ရက် နံနက်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်ရောက်ပစ်ခတ်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ငယ်အသံများအပြင် လက်နက်ကြီးပစ်ခတ်သံလည်း သုံးကြိမ်ကြားရကြောင်း အရှေ့တောဒေသမှ အမျိုးသမီးတစ်ဦးက ပြောသည်။ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်များ ဆုတ်ခွာသွားပြီး စစ်အာဏာရှင်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့၏ နေရာတစ်ခုနှင့် လက်နက်ခဲယမ်းအချို့၊ ကားတစ်စီးတို့ကို သိမ်းဆည်းခဲ့ကြောင်း အရှေ့တောအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ဆိုသည်။ အထက်ပါ နှစ်ဖက်ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က သံမဏိပြောက်ကျားတပ်ဖွဲ့ (နဘယံ)၊ က္လားသစ္ဏတ် တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံတစ်ဦးတို့က ပြောဆိုသည်။ စစ်ကော်မရှင် လော်ဘီ တယ်လီဂရမ်ချန်နယ်အချို့တွင်မှု သင်္ကန်းတုံးကျေးရွာအနီးရှိ KNU/PDF စခန်းကို သိမ်းပိုက်ရရှိပြီး ပစ်ခတ်မှုတွင် […]

ရေဖြူ ကျောက်ထောင့်ရွာတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ပြန်ထွက်ချိန် ဆိုင်ကယ်ငါးစီးကို မီးရှို့ဖျက်ဆီးပြီး နှစ်စီးကိုယူဆောင်

Dawei Watch

January 6, 2026

ရေဖြူမြို့နယ်၊ ကျောက်ထောင့်ကျေးရွာတွင် စစ်အာဏာရှင်တပ် လေးရက်ကြာတပ်စွဲခဲ့ပြီးနောက် ဒေသခံများ ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ငါးစီးကို မီးရှို့ဖျက်ဆီးကာ နှစ်စီးကိုမူ လှေဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။ အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည့် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းကစပြီး ကျောက်ထောင့်ကျေးရွာရှိ လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည်။ ယင်းနောက် နေအိမ်များကို ဖောက်ထွင်းကာ ငွေသား၊ ရွှေနှင့် တန်ဖိုးကြီးပစ္စည်းအချို့ကိုလည်း ယူဆောင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကျောက်ထောင့်ရွာကို စစ်ကြောင်းဝင်တယ်ဆိုတာ သိပ်မရှိ တတ်ဘူး။ လူတွေက အဲဒီမှာ အမှုမဲ့ အမှတ်မဲ့ နေကြတာပေါ့။ တကယ်လည်းဝင်လာ တဲ့ အခါကျတော့ ဘာမှ ပြင်ချိန် မရလိုက်ကြဘူး။ ရွေနဲ့ ငွေသားတွေ တော်တော်များများပါသွားခဲ့ကြတယ်။ အိမ်ပေါ်သူတို့ တက်ရှာရင်တွေ့မှာ […]

ထားဝယ်ထောင်တွင် ယားနာကူးစက်မှု အဖြစ်များ

Dawei Watch

January 6, 2026

ထားဝယ်အကျဉ်းထောင်တွင် ယားနာရောဂါကူးစက်ဖြစ်ပွားမှု များနေကြောင်း အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်အချို့က ပြောသည်။ အိပ်ဆောင်တစ်ခုလျှင် လူဦးရေ ၆၀ မှ ၈၀ အထိ နေထိုင်ရပြီး ချိုးရေမလုံလောက်မှုကြောင့် ပွေး၊ ဝဲ၊ နှင်းခူကဲ့သို့သော ယားနာများ အဖြစ်များနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဖြစ်နေတာက တော်တော်တော့ကြာပြီ။ ဆေးက အမြဲဝယ်ထည့်ပေးနေရတယ်။ ထောင်မှာကလည်း နှာစေးဖျားနာ အတွက်ပဲ ဆေးရှိတာ။ ကျွန်မယောက်ျားမှာဆို လက်တွေမှာရော ကျောကုန်းတွေမှာ ပါဖြစ်နေတာ တစ်ကိုယ်လုံးပဲ။ လူတိုင်း ဖြစ်တယ်။ လူကလည်းများ ရေကလည်း ခွက်ရေနဲ့ပဲ ချိုးရတော့ ကူးကြတယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်များက တစ်ပတ်လျှင် တစ်ကြိမ် ထောင်ဝင်စာပို့ပေးနေသဖြင့် ဆေးဝါး၊ ဆပ်ပြာ၊ […]

ထရမ့်၏ ခြိမ်းခြောက်မှုကြောင့် ဆန္ဒပြပွဲများကို နှိမ်နှင်းရန် အီရန်အစိုးရ အခက်တွေ့

Dawei Watch

January 6, 2026

လက်ရှိဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို နှိမ်နင်းရန် အီရန်ခေါင်းဆောင်များ၏ ကြိုးပမ်းမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြားဝင်စွက်ဖက်မည့် ခြိမ်းခြောက်မှုကြောင့် ပိုမိုရှုပ်ထွေးခက်ခဲသွားကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ခြင်းသည် အီရန်ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်လျှင် ကြားဝင် စွက်ဖက်မည်ဆိုသည့် ထရမ့်၏ သတိပေးချက်ကို ပိုမိုလေးနက်သွားစေခဲ့ကြောင်း အီရန်အစိုးရအရာရှိများနှင့် နီးစပ်သူများက ဇန်နဝါရီလ ၅ ရက်တွင် ပြောသည်။ ဗင်နီဇွဲလားသမ္မတမာဒူရိုနှင့် ဇနီးအား အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးကာ နယူးယောက်သို့ ခေါ်ဆောင် မသွားမီ တစ်ရက်အလို၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ဆန္ဒပြပွဲများနှင့် ပတ်သက်၍ သတိပေးချက်ထုတ်ခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ လမ်းပေါ်ထွက် ဆန္ဒပြနေသူများကို အီရန်အစိုးရက သတ်ဖြတ်ပါက အမေရိကန်က “ကူညီကယ်တင်မည်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ […]

တနင်္သာရီတိုင်း၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် စစ်တပ်ပါတီကသာ အနိုင်ရ

Dawei Watch

January 6, 2026

အတိုက်အခံများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိစေရန် စနစ်တကျပြင်ဆင်ထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း ၁ တွင် စစ်အာဏာရှင်တပ်၏ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ တနင်္သာရီတစ်တိုင်းလုံးတွင် အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း ၁ ကိုကျင်းပခဲ့ရာ တနင်္သာရီတိုင်းတွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲမရှင်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပြိုင်စရာမလိုဘဲ အနိုင်ရသည့် ကိုယ်စားလှယ်လောင်း စာရင်းများကို ထုတ်ပြန်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်နေ့အထိ ထုတ်ပြန်ထားချက်အရ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိနေသည်။ ကြံ့ခိုင်ရေးပါတီက မြိတ်၊ ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် အနိုင်ရရှိထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။ ယင်းအပြင် လောင်းလုံးနှင့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက်လည်း […]

အီလွန်မတ်စ်ပိုင် Grok AI ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

Dawei Watch

January 6, 2026

အမျိုးသမီးနှင့် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ပုံဖျက်ဖန်တီးမှု (Sexualised deepfakes) များ ထုတ်လုပ်ပေးနေမှုကြောင့် အီလွန်မက်စ်၏ Grok AI နည်းပညာအပေါ် နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချမှုများ ယနေ့ ဇန်နဝါရီလ ၅ ရက်တွင် ပိုမိုပြင်းထန်လာသည်။ ယင်းသို့ လိင်ပိုင်းဆိုင်ရာ ပုံဖျက်ဖန်တီးမှုများအတွက် ဥရောပသမဂ္ဂကလည်း Grok AI နည်းပညာကို အပြစ်တင်ရှုတ်ချလိုက်သည်။ ဗြိတိန်ကလည်း Grok AI အား ယင်းအတွက် စုံစမ်းစစ်ဆေးမည်ဟု သတိပေးလိုက်သည်။ မကြာသေးမီက Grok AI တွင် ‘ဓာတ်ပုံတည်းဖြတ်ပြုပြင်ပါ’ (edit image) ကို အသစ်ထည့်သွင်းလိုက်ပြီးနောက် အသုံးပြုသူအချို့က ‘သူမကို ဘီကီနီ ဝတ်ပေးပါ’ သို့မဟုတ် ‘သူမရဲ့ အဝတ်အစားများကို ဖယ်ရှားပါ’ စသည့် ညွှန်ကြားချက်များဖြင့် ဓာတ်ပုံများကို ပြုပြင်တည်းဖြတ်လာကြောင်း […]