ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်အုပ်စုရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေး တစ်ဆယ်ကျော်၊ ပြည်သူ့ပါတီကတစ်ဦး အနိုင်ရ

Dawei Watch

January 8, 2026

စစ်ကော်မရှင် ကျင်းပသည့် တနင်္သာရီတိုင်း ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း လေးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် အများစုအနိုင်ရပြီး ပြည်သူ့ပါတီက တစ်ဦး အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ကြံ့ခိုင်ရေးပါတီက ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရထားသည်။ ယင်းအပြင် အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးနှင့် အပိုင်း (၂) တွင် ပါဝင်သည့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးမှာလည်း ပြိုင်ဘက် မရှိသဖြင့် ယှဉ်ပြိုင်ရန် မလိုတော့ဘဲ ကြံ့ခိုင်ရေးပါတီက အလိုအလျောက် အနိုင်ရထားသည်။ ယင်းအတွက်ကြောင့် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ခြောက်ဦး အနိုင်ရထားသည်။ […]

ဘန်ကောက်တွင် ဘတ်သိန်းချီ တန်ဖိုးရှိ ရွှေဆွဲကြိုး ခိုးယူသည်ဆိုပြီး မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

January 8, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်လုံးတွင် ဘတ်သိန်းချီ တန်ဖိုးရှိသော ရွှေဆွဲကြိုးကို ခိုးယူသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၆ရက်နေ့ ည ၈ နာရီခန့်က ဘန်ကောက်မြို့ ဘန်ကပီနယ်မြေ ခလောင်ချမ်းဒေသ အာရှဟိုတယ်အနီးတွင် အသက် ၃၅ နှစ်အရွယ် ကိုကျော်လွင်ကို ရွှေခိုးယူမှုစွပ်စွဲချက်ဖြင့် ဝရမ်းနှင့်အတူ လတ်ဖလောင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဇန်နဝါရီလ ၂ရက်နေ့က ဟိုတယ်တစ်လုံးတွင် ဘတ် သိန်းချီတန်ဖိုးရှိသော ရွှေဆွဲကြိုးတစ်ကုံး ခိုးယူခံရသဖြင့် ရဲတပ်ဖွဲ့ထံ လာရောက်တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။ ရွှေဆွဲကြိုးက မည်သည့်ပုံစံဖြင့် ပျောက်ဆုံးသည်ကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။ ရဲတပ်ဖွဲ့ CCTV မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးပြီးနောက် မြန်မာနိုင်ငံသားကို ဝရမ်းထုတ်၍ နောက်ယောင်ခံ ရှာဖွေနေစဉ် ဟိုတယ်အနီးတွင် ပေါ်လာသဖြင့် ဖမ်းဆီးခဲ့ကြောင်း […]

အီရန်ထိပ်သီးခေါင်းဆောင် ခါမေနီ မော်စကိုသို့ ထွက်ပြေးရန် စီစဉ်ထားဟုဆို

Dawei Watch

January 8, 2026

အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ပြေးတိမ်းရှောင်ရန် အရန်အစီအစဉ် ပြုလုပ်ထားကြောင်း လန်ဒန်အခြေစိုက် The Times သတင်းစာက ဖော်ပြသည်။ အီရန်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို နှိမ်နှင်းနိုင်စွမ်း မရှိတော့လျှင် သို့မဟုတ် တပ်မှ စွန့်ခွာမှုများ ဖြစ်ပေါ်လာလျှင် အယာတိုလာ အလီ ခါမေနီက ယင်းသို့ ထွက်ပြေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။ ၎င်း၏ မိသားစုနှင့်အတူ အယုံကြည်ရဆုံး လက်ထောက် ၂၀ ဦးခန့် ပါဝင်သည့် လူယုံအဖွဲ့နှင့် မော်စကိုသို့ တိမ်းရှောင်ရန် အရန်အစီအစဉ် ပြုလုပ်ထားကြောင်း ဆိုသည်။ “ဒီလိုမျိုး ထွက်ပြေးမယ့် အရန်အစီအစဉ်မှာ ခါမေနီနဲ့အတူ သူ့အရိုက်အရာကို ဆက်ခံဖို့ လျာထားခံရတဲ့ သားဖြစ်သူ […]

ကံပေါက်တွင် မောရဝတီရေတပ်က မဲစာရင်းစစ်ပြီး မဖြစ်မနေ မဲလာပေးရန် အိမ်တိုင်ရာရောက်ဖိအားပေး

Dawei Watch

January 8, 2026

မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိရာ ကံပေါက်ဒေသတွင် စစ်အာဏာရှင်တပ်သားများကိုယ်တိုင် မဲစာရင်း လိုက်စစ်နေပြီး မဖြစ်မနေ မဲလာပေးရန်လည်း အိမ်တိုင်ရာရောက် လိုက်လံဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ဇန်နဝါရီလ ၅ရက်၊ ၆ရက် နှင့် ၇ရက် သုံးရက်ဆက်တိုက် ကံပေါက်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်များသို့ စစ်အာဏာရှင်တပ်သားများ ကားသုံးစီးဖြင့် ရောက်လာပြီး မဲစာရင်းစစ်ကြောင်း ဒေသခံများက ဆိုသည်။ အရက်ဆိုင်၊ ရပ်ကွက်ဓမ္မာရုံ စသည့်နေရာတို့တွင် ပထမနှစ်ရက်၌ စုရပ်လုပ်ကာ မဲစာရင်းလာစစ်ခိုင်းပြီး နောက်တစ်ရက်တွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ရှိမရှိ အိမ်တိုင်ရာရောက် ထပ်မံလိုက်စစ်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ပထမရက်မှာက ညဘက်ကြီး အရက်ဆိုင်မှာ မဲစာရင်းလာစစ်ဖို့ခေါ်လို့ သွားစစ်ရတယ်။ နောက်တစ်ရက်က အခြားရပ်ကွက်က ဓမ္မာရုံတွေမှာ စုရပ်လုပ်ပြီး စာရင်း ထပ်ကောက်တယ်။ […]

နတ်ပွဲကာလ လောင်းလုံးကျေးရွာအချို့တွင် ဖဲထုပ် အဝယ်များပြီး ပစ္စည်းပြတ်

Dawei Watch

January 7, 2026

‌နတ်ပွဲကာလ လောင်းကစားဝိုင်းများ အဝယ်များ​နေသဖြင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖဲထုပ်ဝယ်မရသည်အထိ ပြတ်လပ်နေကြောင်း ဒေသခံအချို့ကပြောသည်။ နတ်တော်၊ ပြာသိုလများဖြစ်သည့် ယခုလပိုင်းတွင် ရွာရှင်နတ်ပူဇော်ပသပွဲများ လောင်းလုံးမြို့နယ်ရှိရွာတိုင်းတွင် ကျင်းပလျက်ရှိသည်။ ထိုနတ်ပွဲတွင် လောင်းကစားဝိုင်းများကို ထည့်သွင်းကြခြင်းဖြစ်သည်။ နတ်ပွဲများကို ကျောက်တွင်း၊ သကျက်တော၊ ပြင်ချောင်း၊ ရသိမ်၊ ကျောက်ဖြူ၊ ကထိန်ကြီး၊ ကညုံကျွန်း၊ ဝေဒီ၊ တီဇစ်၊ ကရင်ကြီး၊ သဘော့ဆိပ်၊ မောင်းမကန် စသည့် ကျေးရွာများတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ အခြားကျေးရွာများတွင်လည်း ဆက်လက်ပြုလုပ်ရန်ရှိကြောင်း ဒေသခံများကပြောသည်။ အချို့ရွာများတွင် လောင်းကစားဝိုင်းကို သုံးရက်အထိ ပြုလုပ်ပြီး အချို့ရွာများတွင်မူ တစ်ရက်သာပြုလုပ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ နတ်ပွဲလောင်းကစားဝိုင်းများက ရွာရှိဈေးဆိုင်များတွင်ရောင်းချ‌နေသော ဖဲထုပ်များကို လိုက်လံဝယ်ယူ​နေကြသဖြင့် ပစ္စည်းပြတ်လပ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ကြေးကြီးသည့် လောင်းကစားဝိုင်းများက ကြိုတင်ဝယ်ယူထားကြသဖြင့် ‌အပျော်တမ်းဆော့ရန် […]

ဖူးခက်တွင် စပိဘုတ်အစီး ၂၀ မီးလောင်ပျက်စီး

Dawei Watch

January 7, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ချလောင်ကမ်းခြေတွင် စပိဘုတ် (အမြန်ရေယာဉ်) အစီး ၂၀ မီးလောင် ပျက်စီးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယ‌နေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၄ နာရီခန့်တွင် ချလောင်ကမ်းခြေတွင် ဆိုက်ကပ်ထားသော စပိဘုတ်တစ်စီး မီးစတင်လောင်ကျွမ်းခဲ့ပြီး လေပြင်းကြောင့် အခြားစပိတ်ဘုတ်များကိုပါ ကူးစက်လောင်ကျွမ်းခဲ့သည်။ စပိဘုတ်များသည် နံနက်ပိုင်း ခရီးသည်ပို့ဆောင်နိုင်ရန် ဆီအပြည့်ဖြည့်ထားကြပြီး မီးစတင်လောင်ချိန်တွင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဆိုသည်။ မီးကူးစက်မှု မရှိရေး မီးသတ်သမားများက အခြားစပိဘုတ် အများအပြားကို အမြန်ဆုံးနေရာပြောင်းရွှေ့နိုင်ခဲ့သော်လည်း မီးလောင်သည့် စပိဘုတ် အနီး ဆိုက်ကပ်ထားသော စပိဘုတ် အစီး ၁၉ မှာမူ လေပြင်းကြောင့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မီးသတ်တပ်ဖွဲ့က မီးကို အမြန် ငြှိမ်းသတ်ခဲ့ပြီး […]

အမေရိကန်တွင် ခိုလှုံခွင့်တောင်းသူများကို လက်ခံပေးရန် ကာရစ်ဘီယံကျွန်းနိုင်ငံနှစ်ခု သဘောတူ

Dawei Watch

January 7, 2026

အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံခွင့်တောင်းခံထားသည့် နိုင်ငံခြားသားများကို ၎င်းတို့ နိုင်ငံ၌ စတင်လက်ခံထားရှိရန် သဘောတူကြောင်း ကာရစ်ဘီယံကျွန်းနိုင်ငံငယ်နှစ်ခုက ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။ ဒိုမီနီကာနိုင်ငံသို့ တတိယနိုင်ငံမှ ဒုက္ခသည်များ ပို့ဆောင်နိုင်ရေးအတွက် အမေရိကန်အစိုးရနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒိုမီနီကာဝန်ကြီးချုပ် ရုစဗဲ့စကဲရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယင်းသို့ လက်ခံထားရှိရာတွင် နိုင်ငံ့လုံခြုံရေး ထိခိုက်မည့်အရေး ဒိုမီနီကာအစိုးရ၏ စိုးရိမ်ချက်ကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက အသိအမှတ်ပြုလက်ခံကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ဒိုမီနီကာနိုင်ငံမှ လက်ခံမည့်သူ အရေအတွက်နှင့် နေထိုင်ရေးအစီအစဉ်ကို အသေးစိတ် မသိရသေးပေ။ လူဦးရေ ၆၆,၀၀၀ ခန့်သာရှိပြီး အရင်းအမြစ်ကန့်သတ်ချက်များသည့် ဒိုမီနီကာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းလာသူအများစုကို လက်ခံနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း The New York Times က ဖော်ပြသည်။ […]

ဂရင်းလန်းကို သိမ်းပိုက်ရေး နည်းလမ်းများ ထရမ့် ဆွေးနွေးနေဟု အိမ်ဖြူတော်ထုတ်ပြန်

Dawei Watch

January 7, 2026

ဥရောပနိုင်ငံများက ကန့်ကွက်နေသော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် နည်းလမ်းများ ဆွေးနွေးနေကြောင်း အိမ်ဖြူတော်က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်သည်။ မဟာဗျူဟာမြောက် ဂရင်းလန်းကျွန်းကို သိမ်းပိုက်နိုင်ရေး အမေရိကန်စစ်တပ်ကို အသုံးပြုရန်အထိ ထရမ့်က စဉ်းစားနေကြောင်း အိမ်ဖြူတော်က ဆိုသည်။ အာတိတ်ဒေသရှိ “ရန်ဘက်နိုင်ငံများကို ဟန့်တားရန်” ဂရင်းလန်းကျွန်းကို ရယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် ထရမ့်က ရှုမြင်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်က ဆိုသည်။ “ဒီနိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်ပန်းတိုင် အောင်မြင်ဖို့ သမ္မတနဲ့အဖွဲ့က နည်းလမ်းပေါင်းစုံကို ဆွေးနွေးနေပါတယ်။ စစ်သေနာပတိချုပ်ရဲ့ အမိန့်အတိုင်း အမေရိကန်စစ်တပ်ကို အသုံးပြုဖို့ဆိုတာကလည်း ရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် အမြဲရှိနေပါတယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။ အမေရိကန် လက်အောက်သို့ မဝင်လိုကြောင်း ဂရင်းလန်းကျွန်းက အကြိမ်ကြိမ် […]