ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းများ ဈေးမြင့်တက်
Dawei Watch
January 10, 2026ထားဝယ်မြို့၏ စားဖိုဆောင်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းများ ပြတ်လုနီးပါးဖြစ်ကာ ဈေးမြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ တတိယပတ်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းတစ်ပိဿာ ၂၅၀၀ကျပ်သာ ရှိရာမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ၃၀၀၀ကျပ်၊ ဇန်နဝါရီလ ၇ ရက်တွင် ၃၅၀၀ ကျပ်၊ ဇန်နဝါရီလ ၁၀ရက်တွင် ၄၅၀၀ကျပ်သို့ ဈေးဆက်တိုက် တက်လာသည်ကို တွေ့ရှိရသည်။ ကြက်သွန်နီအသစ်များမှာ ဒီဇင်ဘာလအတွင်း ထွက်လေ့ရှိပြီး ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီအသစ်များ နယ်စုံမှ ဝင်ရောက်နေပြီဖြစ်၍ ဈေးကွက်တွင် လက်ကျန်ကြက်သွန်နီအဟောင်းများ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ထားဝယ် မြို့ရှိ စားသုံးကုန်စည် လက်လီ၊ လက်ကားဈေးကွက်ထံမှ သိရသည်။ ထို့ကြောင့် သုံးပတ်အတွင်း ကြက်သွန်နီ အဟောင်းတစ်ပိဿာလျှင် ၂၀၀၀ကျပ် ဈေးတက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။ “(ကြက်သွန်နီအဟောင်း သိပ်) […]


