ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် မူးယစ်ဆေး နှစ်ဘီလီယံဖိုး ဖမ်းမိဟု စစ်ကော်မရှင် ထုတ်ပြန်

Dawei Watch

January 6, 2026

မြိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား အလုံးရေ ခုနစ်သိန်းကျော် တန်ဖိုးအားဖြင့် ငွေကျပ် နှစ်ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ စစ်ကော်မရှင် လက်အောက်ခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီက ဇန်နဝါရီလ ၅ ရက်တွင် ထိုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။ မြိတ်မြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ကိုအောင်ထွန်းမင်းဆိုသူ မောင်းနှင်လာသော ဆိုင်ကယ်ကို စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သောင်း ဖမ်းဆီးရမိပြီးခဲ့‌ကြောင်း ဖော်ပြသည်။ အဆိုပါ အမျိုးသားအား စစ်‌ဆေးချက်အရ မြိတ်မြို့နယ် ကျွဲကူးကျေးရွာတွင် နောက်ထပ်စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်းကျော် ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါမူးယစ်ဆေးဝါးများကို သယ်ဆောင်ရန် စေခိုင်းသူ ကိုအောင်မျိုးလွင်ဆိုသည့် အမျိုးသားတစ်ဦးကိုလည်း မြိတ်မြို့ မြိတ်တောင်ရပ်ကွက်တွင် ဖမ်းမိကြောင်း ဆိုသည်။ ပုလောမြို့တွင်နေထိုင်သည့် အမှုနှင့် ဆက်စပ်သည့် အမျိုးသားတစ်ဦးကိုမူ မဖမ်းမိသေးဟု ဆိုသည်။ […]

ကံပေါက်တွင် နေအိမ်ဖောက်ထွင်းမှုများ ပြန်ဖြစ်

Dawei Watch

January 6, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတို့တွင် နေအိမ်ဖောက်ထွင်းခိုးယူမှုများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ နောက်ဆုံးအပတ်က ကံပေါက်ရွာ၊ လှည်းကုန်းရပ်ကွက်တွင် စျေးကားထွက်၍ နေအိမ်၌ လူမရှိချိန် နေအိမ်ဖောက်ထွင်းခံရကြောင်းကာယကံရှင်မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။ “အရင်က စျေးကားထွက်ရင် အိမ်မှာ သမီးလေးတစ်ယောက်ကျန်နေခဲ့တယ်။ အခုက ကျောင်းပိတ်ရက်ဆိုတော့ သမီးလေးပါ စျေးကားလိုက်သွားတာ။ အိမ်မှာ လူမရှိချိန် နေခင်းကြောင်တောင် အဖောက်ခံရတယ်။ စုဗူးလေးလုံး စုစုပေါင်း သိန်းနှစ်ရာ (ကျပ်) လောက်ပါသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်ကလည်း ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သူခိုးကပ်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။ ရပ်ကွက်နေသူများက ဝိုင်းလိုက်သဖြင့် ပစ္စည်းနှင့် ငွေကြေးခိုးယူခံရခြင်း မရှိကြောင်း […]

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ဒရုန်းဖြင့် ဗုံးချသဖြင့် လူနေအိမ်တစ်ဆောင်ပျက်စီး

Dawei Watch

January 5, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ပြင်ဝန်းရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် လူနေအိမ်တစ်ဆောင် ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၅ရက် ညနေ ၄နာရီတွင် ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ပြင်ဝန်းရွာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပျဥ်ထောင်အိမ်မှာ အိမ်နောက်တစ်ပိုင်း ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဗုံးချတိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးထိမှန်သည့်နေအိမ်တွင် လူမရှိသဖြင့် လူထိခိုက်မှု မရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “အိမ်မှာနေတဲ့သူတွေက အပြင်သွားနေလို့ ထိခိုက်တာတွေ မရှိဘူး” ဟု ၎င်းက ပြောသည်။ မော်တုန်းကျေးရွာအုပ်စုနှင့် ဇဝဲကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှု ဆက်တိုက်ဆိုသလို ပြုလုပ်နေသောကြောင့် သတိဖြင့် […]

ရေဖြူ ကျေးရွာနှစ်ရွာတွင် စစ်အာဏာရှင်တပ်နေအိမ်များကိုဖောက်ထွင်း

Dawei Watch

January 5, 2026

ရေဖြူမြို့နယ်ရှိ နတ်တွင်းနှင့် ကျောက်ထောင့်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ဒေသခံ နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူ ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အင်အား တစ်ရာနီးပါးရှိသည့် အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းမှစ၍ နတ်တွင်းကျေးရွာသို့ သေနတ်ပစ်ခတ်ဝင်ရောက်လာပြီး လူမရှိသည့် နေအိမ်များကိုလည်း ဖောက်ထွင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံအမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆိုင်ကယ်က ၆ စီးလောက်ရှိတယ်။ ငွေ(သိန်း)ဆယ်ချီပါတဲ့ အိမ်ရှိတယ်။ နောက်ရွှေတွေလည်းပါသွားတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ယင်းနောက် ထိုစစ်ကြောင်းသည် ညနေပိုင်းတွင် နတ်တွင်းကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ကျောက်ထောင့်ကျေးရွာသို့ ထွက်ခွာသွားနောက် ‌ကျောက်ထောင့်ကျေးရွာရှိ လူမရှိသည့် နေအိမ်များကို ထပ်မံ ဖောက်ထွင်းကာ ယင်းနေအိမ်များတွင်ပင် တပ်စွဲနေထိုင်နေကြောင်း ‌ဒေသခံအမျိုးသားတစ်ဦး […]

ဗင်နီဇွဲလားပြီးနောက် ကိုလံဘီယာကိုလည်း စစ်ရေးအရအရေးယူရန်ရှိဟု ထရမ့်ဆို

Dawei Watch

January 5, 2026

ကိုလံဘီယာအစိုးရကို စစ်ရေးအရ အရေးယူရန် အစီအစဉ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၄ ရက်နေ့က ခြိမ်းခြောက်လိုက်သည်။ ယင်းသို့ လုပ်ဆောင်ရန်မှာ ၎င်းအဖို့ သဘောကျစရာပင်ဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “ကိုလံဘီယာကလည်း အခြေအနေတော်တော်ဆိုးနေပြီ။ ကိုကိန်းထုတ်ပြီး အမေရိကန်ကို ရောင်းရတာ ဝါသနာပါတဲ့ စိတ်မနှံ့တဲ့ လူတစ်ယောက်က ကိုလံဘီယာကို အုပ်ချုပ်နေတာပါ။ ဒီလူ ဒီလို သိပ်ကြာကြာ ဆက်လုပ်နေနိုင်တော့မှာ မဟုတ်ဘူး” ဟု ထရမ့်က Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပတ်ထရိုအား ရည်ညွှန်း၍ ထရမ့်က ယင်းသို့ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အနေဖြင့် ကိုလံဘီယာသို့ စစ်အင်အားသုံး တိုက်ခိုက်မည်လားဟု တိုက်ရိုက်မေးမြန်းမှုကို ထရမ့်က “ဒါက ကျွန်တော့်အဖို့ သဘောကျစရာ […]

ထားဝယ်မြို့ ကမ်းနားလမ်းနှင့် ကလေးကစားကွင်း လွတ်လပ်ရေးနေ့ ည‌နေခင်းမြင်ကွင်း

Dawei Watch

January 4, 2026

ထားဝယ်မြို့၊ ကမ်းနားလမ်း ကမ်းနားပန်းခြံနှင့် ကလေးကစားကွင်းတို့တွင် ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ည‌နေခင်းတွင် သွားရောက်လည်ပတ်သူများကို တွေ့ရသည်။ ထားဝယ်မြို့ ကလေးစားကွင်းအနီးရှိ ရွှေဝယ်သီရိအားကစားရင်ပြင်တွင်လည်း လွတ်လပ်ရေးနေ့ ဌာနဆိုင်ရာ ပြခန်းများ ပြသထားသည်။ ယင်းအပြင်ယနေ့ ထားဝယ်မြို့နယ်တွင် စစ်ကော်မရှင်က ညမထွက်ရအမိန့် တစ်ည ရုပ်သိမ်းပြီး ကမ်နားပန်းခြံတွင်လည်း တေးသံရှင်များဖြင့် လွတ်လပ်ရေးနေ့ တေးဂီတ ဖျော်ဖြေပွဲကျင်းပမည် ဖြစ်သည်။

ထားဝယ်နှင့် မြိတ်ထောင်က အကျဥ်သား ၇၀ နီးပါး လွတ်ငြိမ်းဖြင့်လွတ်မြောက်

Dawei Watch

January 4, 2026

ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် စစ်ကော်မရှင် ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်နှင့် မြိတ်အကျဥ်းထောင်တို့က အကျဥ်သား ၇၀နီးပါး လွတ်မြောက်လာကြောင်း လွတ်​မြောက်လာသည့် ကာယကံရှင်များ နှင့် နီးစပ်သူများထံမှ သိရသည် ။ထားဝယ်ထောင်က အကျဉ်းသား ၂၃ ဦး အကျဥ်းသူ ၇ ဦး စုစုပေါင်း ၃၀ ဦးလွတ်မြောက်လာကြောင်း လွတ်​မြောက်လာသည့် ကာယကံရှင်များ နှင့် နီးစပ်သူများထံမှသိရသည် ။ ယင်းတို့အနက် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများ ပါဝင်လာခြင်းမရှိကြောင်း လွတ်မြောက်လာသည့် အကျဥ်းသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ မိသားစုဝင်တစ်ဦးက​ ပြောသည် ။ ” စလွတ်မယ်ဆိုပြီး စာရင်းလာယူကတည်းက မူးယစ်ဆေးနဲ့ နိုင်ငံရေး မပါဘူးဆိုပြီး ပြောတယ် ။ ဒီနေ့လွတ်တဲ့ သုံးဆယ်ထဲမှာလည်း နိုင်ငံရေးအမှု […]

မြန်မာသို့ မှားယွင်းပြန်ပို့လိုက်သည့် အဓမ္မပြုကျင့်လူသတ်မှုသံသယရှိသူ မြန်မာလုပ်သားအား ထိုင်းရဲတပ်ဖွဲ့ ပြန်လိုက်နေ

Dawei Watch

January 4, 2026

ထိုင်းအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူဟု စွပ်စွဲခံရသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးအား မြန်မာနိုင်ငံသို့ မှားယွင်းပို့ဆောင်မိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ၎င်းအမျိုးသားအား ပြန်လိုက်နေကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆက်သွယ်ရေးပိုင်း အမှားအယွင်းတစ်ခုကြောင့် ယင်းသို့ မှားယွင်းပြန်ပို့မိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ ယင်းမှာ ရည်ရွယ်ရှိရှိ လုပ်ဆောင်မှုလော သို့မဟုတ် ပေါ့ဆမှုကြောင့်လောဆိုသည်ကို စုံစမ်းစစ်ဆေးကာ ပါဝင်ပတ်သက်သူများအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။ ယမန်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၌ ထိုင်းအမျိုးသမီးတစ်ဦးက သူမ၏ မိခင်ဖြစ်သူအား မြန်မာအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များထံ တိုင်ကြားခဲ့သည်။ အဆိုပါ အမှုတွင် သံသယရှိသူ မြန်မာအလုပ်သမား ကိုထွန်းသာအောင်အား နိုဝင်ဘာ ၁၅ ရက်တွင် မဲဆောက်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ […]