ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေခူရှားပါးလာသဖြင့် ဈေးတက်

diz_admin

May 23, 2022

မြိတ်ပင်လယ်ပြင်အတွင်း Jellyfish ခေါ် ရေခူ ရှားပါးလာပြီး ဈေးနှုန်းလည်း ယခင် ၂နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်း ရေခူလုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသည်။ ယခင် ၂ နှစ်ခန့်က ရေခူအခြောက်တစ်ပိဿာ ကျပ် လေးထောင်ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာ ကျပ်တစ်သောင်းအထိ ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခင်က ကီလိုတစ်ရာဆန့် ရေခူအခြောက် ဝါလတ်တစ်ပုံးလျှင် တစ်သိန်းခွဲဝန်းကျင်ခန့်ဈေးရှိရာမှလက်ရှိတွင် ကျပ်သုံးသိန်းခွဲခန့်အထိ ဈေးပေါက်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “ရေခူတွေက ဟိုးအရင်လို ဖောဖောသီသီ မရတော့ဘူး။ ဈေးလည်းတအားမြင့်လာတယ်” ဟု မြိတ်မြို့မှ ရေခူဝယ်ယူရောင်းချသူ ဈေးသည်တစ်ဦးက ပြောသည်။ ရေခူများသည် ယခင်က ၂ နှစ်ခန့်တစ်ကြိမ် ပင်လယ်ပြင်တွင် ပေါ်လေ့ရှိပြီး ယခုအခါ အနည်းအကျဉ်းသာ ပေါ်တော့ကြောင်း ကျွန်းစုမြို့နယ်၊ မော်ခေါင်းတုန်းကျေးရွာနေ ရေလုပ်ငန်းရှင် ကိုရဲက […]

‘မျောက်ကျောက်’ ဆိုတာကြောက်စရာလား

diz_admin

May 23, 2022

Monkeypox အကြောင်းက လူသိနည်းသေးတယ် ဆိုပေမယ့် ဥရောပနိုင်ငံတွေ ဗြိတိန်၊ ပြီးတော့ အမေရိကန်ဘက်ခြမ်းမှာ အမေရိကန်နဲ့ကနေဒါ ၊ သမုဒ္ဒရာပိုင်းမှာ သြစတြေးလျ အထိ တွေ့နေရပါပြီ။ ပြီးခဲ့တဲ့ သောကြာနေ့ကတင် ဗြိတိန်မှာ ကူးစက်ခံရသူ (၂၀) လောက်ဖြစ်နေပါပြီ။ ကူးစက်မှုအသစ်တွေ (၁၁) ခုအထိ တွေ့နေရပြီးတော့ ရောဂါဝေဒနာတော့ အားပျော့တယ်လို့ ဗြိတိန်ကျန်းမာရေး ဝန်ကြီး ဆာဂျစ်ဂျာဗစ် က ပြောကြားတယ်။ မျောက်ကျောက်ရောဂါကို ကာကွယ်ဖို့အတွက် ဗြိတိန်အစိုးရက ကျောက်ရောဂါ ကာကွယ်ဆေး တွေကို အဆင်သင့်ပြင်နေပါပြီ။ မျောက်ကျောက် (Monkeypox) ဟာ ဘယ်လောက်တွေ့ရများသလဲ မျောက်ကျောက် ဟာ monkeypox ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေကျောက်၊ ကျောက်ကြီး စတဲ့ smallpox ဗိုင်းရပ်စ် အနွယ်ဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ မျောက်ကျောက်က ပြင်းထန်မှုအားပိုပျော့ပြီး ကူးစက်ခံရမှုနူန်းက နိမ့်တယ်။ အပူပိုင်းမိုးသစ်တောတွေနဲ့ နီးတဲ့ အာဖရိက […]

မုဒုံ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနေအိမ် ဗုံးပေါက်

diz_admin

May 22, 2022

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မြင့်၏ နေအိမ်တွင် ယနေ့ (မေ ၂၂) ဗုံးပေါက်ကွဲကြောင်း မြို့ခံတို့ထံမှ သိရသည်။ မုဒုံမြို့ မော်လမြိုင်-သံဖြူဇရပ်လမ်းမရှိ ဦးအောင်မြင့်နေအိမ်၌ ဖွင့်လှစ်ထားသည့် ကောင်းထက် မိတ္တူဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်နှင့် အခြားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေအိမ် အစိတ်အပိုင်း အချို့လည်း ထိခိုက်ပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။ “အိမ်က လမ်မဘေးမှာပဲ။ မိတ္တူဆိုင်ပါ တွဲဖွင့်ထားတာ။ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်တော့ ဒဏ်ရာရတယ်။ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်” ဟု ၎င်းမိသားစုနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ဦးအောင်မြင့်၏ နေအိမ်ကို ၎င်းတို့အဖွဲ့က အနီးကပ်ဝင်ရောက်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Mudon […]

ထိုင်းထီ ဘတ်ခြောက်သန်းပေါက်သည့်အိမ် ဓားပြတိုက်ခံရ

diz_admin

May 22, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ထိုင်းထီပထမဆု ဘတ်ခြောက်သန်း (ကျပ်သိန်း ၃၀၀၀ ကျော်) ပေါက်သည့် နေအိမ် မေလ ၁၇ ရက်နေ့က ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့ထံမှသိရသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးသည် ဧပြီလ ၁ ရက်က ဖွင့်လှစ်သည့် ထိုင်းထီတွင် ပထမဆုပေါက်ခဲ့သည်။ အဆိုပါ ဒေသခံ၏ နေအိမ် ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ရွှေနှင့် ငွေကြေး ကျပ်သိန်းတစ်ရာကျော် ပါသွားကြောင်း ၎င်းနှင့် တစ်ရွာတည်းနေသည့် ဒေသခံတစ်ဦးက ပြောသည်။ “မနက် ငါးနာရီလောက်မှာ လာတိုက်သွားတာ။ အိမ်နီးချင်းတွေတောင် ဘယ်သူမှ မသိလိုက်ကြဘူး။ သေနတ်တွေလည်း ပစ်ဖောက်သွားကြသေးတယ်” ဟု အဆိုပါဒေသခံတစ်ဦးက ပြောဆိုသည်။ ဓားပြတိုက်ခံရချိန်တွင် နေအိမ်တွင် ထီပေါက်သူတို့ ဇနီးမောင်နှံ၊ ဆယ်နှစ်အရွယ်နှင့် ငါးနှစ်အရွယ် ကလေးနှစ်ဦး ရှိနေခဲ့ကြောင်း ဒေသခံအချို့က […]

အလုပ်သမားကတ်များ အသစ်ထုတ်ပေးမည်ဟု ထိုင်းအစိုးရ ကြေညာ

diz_admin

May 22, 2022

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမဝင်‌ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်သမားကတ်အသစ် ပြုလုပ်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ မေလ ၁၉ ရက်နေ့က ကျင်းပသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အစည်းအဝေးတွင် မြန်မာ၊လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်နိုင်ငံများမှ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်သမားကတ် ပြုလုပ်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအစီအစဉ်တွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော Work permit(အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) မရှိသေးသူနှင့် သက်တမ်းကုန်ဆုံးနေသောသူများ အားလုံးအကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ ယခုပြုလုပ်ပေးမည့် အလုပ်သမားကတ်သည် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော အထောက်အထားမဲ့ အလုပ်သမားများအတွက်သာဖြစ်ပြီး အသစ်ရောက်ရှိလာမည့်သူများ မပါဝင်သေးကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ အလုပ်သမားကတ်ပြုလုပ်မည့် အလုပ်သမားစာရင်းကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း အလုပ်ရှင်များက တင်ပြရမည်ဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ […]

တနင်္သာရီတိုင်းက အမျိုးသမီး အားကစားသမားနှစ်ဦး ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိ

diz_admin

May 22, 2022

ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းသူနှစ်ဦးက ဂျူဒိုနှင့် လက်ဝှေ့အားကစားနည်းတို့တွင် ဒုတိယဆုနှင့် တတိယဆုများ အသီးသီး ရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။ ယင်းဆီးဂိမ်းပြိုင်ပွဲတွင် သရက်ချောင်းမြို့နယ်သူ မခြူးမြတ်နိုးဝေက ဂျူဒို ၅၇ ကီလိုတန်းတွင် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ပြီး ပုလောမြို့နယ်သူ မအေးငြိမ်းထူးမှာ လက်ဝှေ့ ၄၈ ကီလိုတန်းတွင် တတိယဆု ကြေးတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ မအေးငြိမ်းထူးမှာ ၂၀၁၉ ခုနှစ်ကပြုလုပ်သည့် ဖီလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း လက်ဝှေ့အားကစားနည်းဖြင့် တတိယဆု ကြေးတံဆိပ်ဆွတ်ခူးပေးထားသူဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ၄ ဦးဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး […]

ကိုဗစ်ကာကွယ်ဆေးများပေးပို့မည့် အစီအစဉ်ကို မြောက်ကိုရီးယား အကြောင်းမပြန်ဟု အမေရိကန်သမ္မတဆို

diz_admin

May 22, 2022

Covid-19 ကာကွယ်ဆေးများ ပေးပို့ရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ပြန်လည်တုံ့ပြန်ခြင်း မရှိဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတွင် Covid-19 ရောဂါပြန့်နှံ့မှုက ပြင်းထန်နေပြီး၊ ပထမဆုံးအကြိမ် ပြင်ပကမ္ဘာသို့ ပေါက်ကြားလာသော အလုံပိတ်နိုင်ငံအတွင်းရှိ ကပ်ရောဂါ ပြန့်နှံ့မှု ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူ ၂ဒသမ၅သန်း ဖျားနာနေပြီး တစ်နိုင်ငံလုံး အသွားအလာကန့်သတ် ပိတ်ဆို့ lockdown ပြုလုပ်ထားကြောင်း အစိုးရ မီဒီယာက ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားနိုင်ငံအတွင်း ရောဂါစစ်ဆေးမှုများ၊ ကာကွယ်ဆေးများ နည်းနေသောကြောင့် အခြေအနေသည် ထိခိုက်လွယ်လျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ “ကာကွယ်ဆေးကျွန်တော်တို့ ကမ်းလှမ်းပါတယ်။ မြောက်ကိုရီးယားကိုမှ မဟုတ်ပါဘူး။ တရုတ်ကိုလည်း ပြောထားပါတယ်။ ဒါကို ကျွန်တော်တို့ ချက်ခြင်း ပြင်ဆင်လုပ်ပေးနိုင်ပါတယ်” ဟု သမ္မတဘိုင်ဒင် က တောင်ကိုရီးယားသမ္မတနှင့် ပြုလုပ်သော ဆိုးလ်မြို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ […]

တကူ၊သရဘွင် တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်

diz_admin

May 21, 2022

တနင်္သာရီမြို့နယ်၊တကူနှင့် သရဘွင်ကျေးရွာအုပ်စုများတွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူ တစ်သောင်းလေးထောင်ခန့်ရှိနေကြောင်း စစ်ရှောင်များအား အကူအညီပေးနေသည့် Compassion For IDP အဖွဲ့က ယနေ့ထုတ်ပြန်သည်။ မေလ ၁၉ ရက် ညဦးကစတင်ခဲ့သည့် တိုက်ပွဲကြောင့် တကူတိုက်နယ်ရှိ၊သံတိုက်၊ ရွာမ၊အင်းရှည်ကုန်း၊ ပြည်အေး၊တကူငယ် အလယ်ပိုင်း၊လမိုင်းကော့နှင့် သရဘွင်ကျေးရွာအုပ်စုရှိ သရဘွင်အရှေ့ကမ်း၊ ကျောက်တောင်၊စံပယ်ကုန်း၊ သာယာကုန်း၊မယ်ငေါ့၊တလိုင်းတပ် စသည့်ကျေးရွာများမှ ပြည်သူများ တစ်သောင်းလေးထောင် ဝန်းကျင်မှာနေရပ်စွန်ခွာ စစ်ဘေးရှောင်နေရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တကူနှင့်သရဘွင် ကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညမှ စတင်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျသဖြင့် ဒေသခံများ နီးစပ်ရာရွာများနှင့် ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကဲ့သို့ထွက်ပြေးတိမ်းရှောင်စဉ် မိုးအဆက်မပြတ် […]