ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တကူ၊သရဘွင် တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်

diz_admin

May 21, 2022

တနင်္သာရီမြို့နယ်၊တကူနှင့် သရဘွင်ကျေးရွာအုပ်စုများတွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူ တစ်သောင်းလေးထောင်ခန့်ရှိနေကြောင်း စစ်ရှောင်များအား အကူအညီပေးနေသည့် Compassion For IDP အဖွဲ့က ယနေ့ထုတ်ပြန်သည်။ မေလ ၁၉ ရက် ညဦးကစတင်ခဲ့သည့် တိုက်ပွဲကြောင့် တကူတိုက်နယ်ရှိ၊သံတိုက်၊ ရွာမ၊အင်းရှည်ကုန်း၊ ပြည်အေး၊တကူငယ် အလယ်ပိုင်း၊လမိုင်းကော့နှင့် သရဘွင်ကျေးရွာအုပ်စုရှိ သရဘွင်အရှေ့ကမ်း၊ ကျောက်တောင်၊စံပယ်ကုန်း၊ သာယာကုန်း၊မယ်ငေါ့၊တလိုင်းတပ် စသည့်ကျေးရွာများမှ ပြည်သူများ တစ်သောင်းလေးထောင် ဝန်းကျင်မှာနေရပ်စွန်ခွာ စစ်ဘေးရှောင်နေရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တကူနှင့်သရဘွင် ကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညမှ စတင်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျသဖြင့် ဒေသခံများ နီးစပ်ရာရွာများနှင့် ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကဲ့သို့ထွက်ပြေးတိမ်းရှောင်စဉ် မိုးအဆက်မပြတ် […]

မုန်တိုင်းကြောင့် မွန်တွင် တစ်ဦးသေ၊ နေအိမ်အဆောက်အအုံ ရာချီပျက်စီး

diz_admin

May 21, 2022

မွန်ပြည်နယ်ကို ဖြတ်သန်းတိုက်ခိုက်သော မုန်တိုင်းငယ်ကြောင့် လူ ၁ ဦးသေဆုံးပြီး နေအိမ် အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။ မေလ ၂၀ ရက်နေ့က မော်လမြိုင်မြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် မိုးသက်လေပြင်း ကျရောက်ခဲ့သည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်ကြောင့် မော်လမြိုင် မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံ ခေါင်တိုင် ပြိုကျပိမိပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ”မနေ့က တိုက်သွားတဲ့လေပြင်းကြောင့် မော်လမြိုင်မှာ တစ်ဦးသေဆုံးသွားတယ် တစ်ဦး ဒဏ်ရာရတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ သထုံ၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့တွင် လူနေအိမ်၊ အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးသွားသည့်အပြင် […]

တကူနှင့် သရဘွင်တွင် တိုက်ပွဲပြင်းထန်၊ အင်တာနက် စတင်ပြတ်တောက်

diz_admin

May 21, 2022

တနင်္သာရီမြို့နယ် တကူနှင့် သရဘွင်ကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ယနေ့နံနက်မှစကာ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများ ထံမှသိရသည်။ တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုများရှိရာ ဒေသအတွင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညဦးမှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ နေကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးကတော့ မိုးသီးမိုးပေါက်လိုပဲပစ်ကြတာ အခုအစောကြီးလည်း ထပစ်နေတယ် သရဘွင်ဘက်မှာ”ဟု စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသား တစ်ဦးက ယနေ့နံနက်ပိုင်းကပြောသည်။ ယင်းအပြင် တကူ၊သရဘွင်နှင့် သိန္ဒောရွာများတွင်လည်း ယနေ့နံနက်မှစတင်ကာ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများကဆိုသည်။ “ဖုန်းကတော့ ဆက်လို့ရနေသေးတယ် အင်တာနက်ကတော့ လုံးဝမရတော့ဘူး”ဟု သိန္ဒောကျေးရွာ ဒေသခံတစ်ဦးကပြောသည်။  မေလ ၁၉ ရက်ည ၆ နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် […]

လေပြင်းကြောင့် မော်လမြိုင်တွင် နေအိမ်အမိုးလန်၊ သစ်ပင်၊ ဓာတ်တိုင်များလဲကျ

diz_admin

May 20, 2022

လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့အနှံ့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးပြီး သစ်ပင်၊ ဓာတ်တိုင်များ လဲကျကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ (မေ ၂၀) ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခတ်နေသည့် လေပြင်းကြောင်း လမ်းမပေါ် သစ်ပင်များ၊ ဓာတ်တိုင်များ လဲကျခြင်းတို့ကြောင့် လမ်းပိတ်ထားရပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ လျှပ်စစ်ဌာနတို့က ရှင်းလင်းနေကြောင်း ၎င်းတို့ထံမှ သိရသည်။ “မိုးရော လေရောပဲ။ မိုးက သိပ်မကြီးပေမယ့် လေကတော့ တအားပြင်းတယ်။ လမ်းမှာလည်း သစ်ပင်တွေ ဓာတ်တိုင်တွေ လဲနေတာ တစ်မြို့လုံးပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက […]

သရဘွင်အရှေ့ကမ်းတွင် တိုက်ပွဲဖြစ်၊ တကူတွင် ဒေသခံအချို့ ဖမ်းဆီးခံရဟုဆို

diz_admin

May 20, 2022

တနင်္သာရီမြို့နယ်၊ သရဘွင်အရှေ့ကမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (မေ ၂၀) နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံက် ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “လက်နက်ကြီးတွေရော လက်နက်ငယ်တွေပါ ဆက်တိုက်ပစ်ခဲ့တယ်။ အထိအခိုက်တော့ မကြားရ သေးဘူး” ဟုတကူကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံ အမျိုးသမီးက တစ်ဦးက ပြောသည်။ ယင်းသို့အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားကြောင်း ဒေသခံများကပြောသည်။ နံက်နက် ၇ နာရီဝန်းကျင်ကလည်း တကူကျေးရွာ သံတိုက်ရပ်ကွက်မှ မြစ်တစ်ဖက်ကမ်းရှိ တကူတိုက်ကမ်းသို့ လက်နက်ကြီး ၆ ချက်ခန့် ပစ်ခတ်ခဲ့သေးသည်ဟု တကူဒေသခံများကပြောသည်။ တကူနှင့် သရဘွင်တို့မှာ နီးနီးကပ်ကပ် […]

ဗြိတိန်ထောက်လှမ်းရေး အေ့ဂျင့်က အတူနေချစ်သူကို နှိပ်စက်ပေါင်းသင်းနေမှု ဘီဘီစီဖော်ထုတ်

diz_admin

May 20, 2022

ဗြိတိန်ထောက်လှမ်းရေး MI5 စပိုင်တစ်ဦးသည် အတူနေချစ်သူအမျိုးသမီးကို ဓါးဖြင့်ခုတ်ရန်ရွယ်သည် အထိ နှိပ်စက်ညှင်းပန်းနေသည့် ဗီဒီယို ကို BBC က ရရှိခဲ့သော်လည်း အဆိုပါ သတင်းကို မရေးရန် အစိုးရက တရားရုံး အထိ တက်ရောက်ခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။ အဆိုပါ MI5 အေ့ဂျင့် သည် စုံစမ်းစစ်ဆေးခံနေရစဉ်အတွင်းတွင် ပြည်ပသို့ ထွက်ခွါကာ ထောက်လှမ်းရေး လုပ်ငန်းများ ဆက်လုပ်နေသည်ကို BBC က တွေ့ရှိခဲ့သည်။ နိုင်ငံခြားသား တစ်ဦးဖြစ်သော အဆိုပါ MI5 စပိုင်သည် အမျိုးသမီးများအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသော်လည်း ယင်းသတင်းကို အပြင်မထွက်စေရန် အစိုးရအရာရှိများက BBC ကို တားမြစ်ပေးဖို့ရာ တရားရုံးသို့ တင်ပြခဲ့သည်။ BBC က ရရှိထားသော အထောက်အထားများအရ အဆိုပါအမျိုးသားသည် လက်ရာစွန်း အစွန်းရောက် တစ်ဦးဖြစ်ကာ အကြမ်းဖက်သော နောက်ကြောင်းလည်း ရှိသည်။ အမျိုးသမီးများအနေဖြင့် အဆိုပါ အကြမ်းဖက်တတ်သူ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိရန် အခွင့်အရေး ရှိကြောင်း […]

တနင်္သာရီ တကူကျေးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ရွာလုံးကျွတ်ထွက်ပြေး

diz_admin

May 19, 2022

တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ရွာသားများထံမှ သိရသည်။ ယနေ့ညနေ ၅ နာရီခွဲခန့်တွင် လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ် ရွာထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အနည်းဆုံး နေအိမ်နှစ်လုံး လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံများ ထွက်ပြေးသည့် ကားရှေ့သို့လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကားမှန်များ ကွဲကြေပျက်စီးသွားကြောင်း ရွာသားများက ပြောသည်။ “(တကူကျေးရွာအုပ်စုထဲက) အင်းရှည်ကုန်းတို့ ခြောက်အိမ်စုတို့ဖက် သူတို့ (စစ်ကောင်စီ) တပ် ဝင်စီးလိုက်ပြီ။ သံတိုက်ဖက်က လူတွေလည်း အကုန်ထွက်ပြေးကုန်ကြပြီ” ဟု တကူရွာသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။ တကူကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် […]

ထိုင်းသို့ မြန်မာအလုပ်သမား ၁၅၀ကျော် တရားဝင်ထပ်ပို့

diz_admin

May 19, 2022

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများကို ယခုလအတွင်း တရားဝင် စတင်ပို့ဆောင်နေပြီး ယနေ့ (မေ ၁၉) တွင် တတိယသုတ်အဖြစ် ၁၅၁ ဦး ရောက်ရှိလာကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။ အလုပ်သမားခေါ်ယူမှုကို ၂နှစ်ကျော်ကြာ ရပ်ဆိုင်ထားပြီးနောက် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ ပြန်လည်ခေါ်ယူနေရာ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် မေလ ၁၀ ရက်နေ့တွင် ပြန်လည် ပို့ဆောင်နေခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများကို မေလ ၁၀ ရက်၊ မေလ ၁၁ ရက်၊ မေလ ၁၉ ရက်နေ့တို့တွင် ပို့ဆောင်ခဲ့ပြီး စုစုပေါင်း ၇၃၉ ဦး ရှိပြီဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ယနေ့ မဲဆောက်နယ်စပ်စခန်းသို့ ရောက်ရှိလာသူ ၁၅၁ ဦးမှာ JMK services ပြည်ပအလုပ်ကိုင်ရှာဖွေရေး […]