ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ ရလိုင်ရွာသား စိတ်ဝေဒနာရှင်တစ်ဦး ပစ်သတ်ခံရ

diz_admin

August 26, 2022

ရေဖြူမြို့နယ် ရလိုင်ရွာတွင် ဩဂုတ်လ ၂၄ရက်ညက စိတ်ဝေဒရှင်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ည ၇နာရီခွဲခန့်က ရလိုင်ရွာသား ဦးဝင်းတင်ဆိုသူ၏နေအိမ်ရှေ့တွင် လက်နက်ကိုင်လူတစ်စုက ဦးဝင်းတင် အမည်ကို ခေါ်၍ နေအိမ်ကို ပစ်ခတ်နေစဉ် စိတ်ဝေဒနာသည် အမျိုးသားရောက်ရှိလာရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူမှာ ဦးနိုင်သားဆိုသူဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ “စိတ်ရောဂါခံစားနေရတာ သုံးနှစ်လောက်ရှိပြီ။ အဲဒီညက သေနတ်သံကြားရပြီးနောက် ကြက်သွန်လှီး ဓါးတစ်ချောင်းယူပြီး သူ့အမေ ချုပ်ထားတဲ့ကြားက အဲဒီဘက် ထွက်‌ပြေးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးနိုင်သားကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် ဦးဝင်းတင်မှာ […]

ကွမ်းရွက်ဈေး လေးဆခန့်တက်လာ

diz_admin

August 26, 2022

အာဏာမသိမ်းမီက ကွမ်းရွက်တစ်စည်း ကျပ်သုံးရာသာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တစ်ထောင့်နှစ်ရာ ပေးဝယ်နေရကြောင်း ကွမ်းယာရောင်းချနေသူများထံမှ သိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ယင်းနှုန်းထားအတိုင်းသာ ဈေးကွက်အတွင်း အရောင်းအဝယ်ရှိခဲ့ရာမှ အောက်တိုဘာလမှစပြီး ကွမ်းရွက်ဈေးများ စတင်တက်ရိပ်ပြလာကြောင်း ကွမ်းယာရောင်းချသူများက ပြောသည်။ “တဖြေးဖြေးနဲ့ တက်လာလိုက်တာ အခုဆိုရင် တစ်ထောင်ကျော်သွားပြီ” ဟု မြိတ်မြို့ရှိ ကွမ်းယာရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။ ကွမ်းရွက်များကို မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုတွင် အများအပြားစိုက်ပျိုးကြပြီး ဖောက်သည်မှတစ်ဆင့် ဈေးများတွင် ပြန်လည်ရောင်းချကြလေ့ရှိသည်။ “ကွမ်းပင်ရေလောင်းဖို့ (စက်မောင်းဖို့) စက်သုံးဆီတွေ ဈေးတက်တယ်။ အစာစရိတ်တွေ ဈေးတက်တယ်၊ သူတို့ တက်တော့ အကုန်တက်ပေါ့” ဟု ကလွင်ကျေးရွာအုပ်စုမှ ကွမ်းခြံစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။ ကွမ်းရွက်ဈေးတက်သလို ဆက်စပ်ပစ္စည်းများလည်း ဈေးနှစ်ဆတက်လာကြောင်း ကွမ်းရောင်းချသူများက ဆိုသည်။ ယခင်က […]

မြိတ်တွင် ရှစ်လအတွင်း ရေတစ်ယူနစ်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာ

diz_admin

August 26, 2022

မြိတ်မြို့ပေါ် ရပ်ကွက်အချို့တို့တွင် ယခုနှစ်အစမှစပြီး ဩဂုတ်လအထိ ရှစ်လအတွင်း ရေတစ်ယူနစ်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာကြောင်း မြို့ပေါ်ရပ်ကွက်နေသူတို့မှ သိရသည်။ ယခင် ရေတစ်ယူနစ်လျှင် ၁၃၀၀ ကျပ်မှ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ၁၅၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး‌ မတ်လ ဒုတိယအပတ်မှစကာ ၂၀၀၀ ကျပ်ထိ ထပ်မံ ဈေးမြင့်တက်ခဲ့ကြောင်း မြိတ်တောင်နယ်မြေရှိ ရေမီတာသုံးစွဲနေသူတို့က ပြောသည်။ ယင်းနောက် ဩဂုတ်လတတိယအပတ်တွင် တစ်ယူနစ် ၂၅၀၀ ကျပ်အထိ ဈေးထပ်တက်လာသဖြင့် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လအတွင်း ၁၃၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ “ဒါတောင် ဒီလကုန်ရင် ဈေးထပ်တက်ဖို့ရှိသေးတယ်” ဟု မြိတ်တောင်ရပ်ရှိ ရေပေးဝေရေးလုပ်ငန်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။ ရေပေးဝေးရေးလုပ်ငန်းအတွက် တစ်နေ့လျှင် ဒီဇယ်ဆီ ၁၅ ဂါလံအတွက် ကုန်ကျ‌ငွေ […]

ကျိုက်ထိုတွင် လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် တိမ်းရှောင်နေရသူ နှစ်သောင်းကျော်ထိရှိလာ

diz_admin

August 25, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်နေရသူ ဒေသခံနှစ်သောင်းကျော်အထိ ရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။   ဩဂုတ်လ ၁၉ ရက်အထိ ထွက်ပြေးတိမ်းရှောင်လာသူ ၂၂၂၀၀ ကျော်အထိ ရှိလာကြောင်း KNU က ထုတ်ပြန်ထားသည်။ “မြို့ပေါ်ကို ရှောင်သွားကြတာရှိသလို တချို့ကလည်း အနီးအနားက ရွာတွေ တောတောင်တွေမှာပဲ ခိုလှုံနေကြတယ်။ တိုက်ပွဲက ဆက်ရှိနေတော့ ဘယ်သူမှလည်း မပြန်ရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ တို့အကြား ဧပြီလနောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ ယင်းနောက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ရမှုလည်း မြင့်တက်လာခြင်းဖြစ်သည်။ ထိုသို့ တိုက်ပွဲများဖြစ်ပွားတိုင်း စစ်ကောင်စီတပ်တို့က […]

ရေး – ထားဝယ်လမ်းမပေါ်က တံတားကြီးဂိတ် တိုက်ခိုက်ခံရ

diz_admin

August 25, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ တံတားကြီးစစ်ဆေးရေးဂိတ် ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ (ဩဂုတ် ၂၅) နံနက် ၁၀ နာရီခွဲခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များလည်း ရှိနိုင်သည်ဟု ရေးဘီလူးအဖွဲ့က ပြောဆိုထားသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ တံတားကြီးဂိတ်ကို တော်လှန်ရေးအဖွဲ့တိုက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ “တံတားကြီးစစ်ဆေးရေးဂိတ်က မကြာခဏ တိုက်ခိုက်ခံနေရတယ်။ အဲဒီလိုဖြစ်ပြီး ဒီနောက်ပိုင်းမှာ လုံခြုံရေး ပိုပြီး တင်းကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၇ […]

မြိတ်၌ လူငယ်သုံးဦးစီးလာသည့်ဆိုင်ကယ် ပစ်ခတ်ခံရ၍ နှစ်ဦးသေဆုံးဟုဆို

diz_admin

August 25, 2022

မြိတ်မြို့ ကမ်းနားလမ်းတွင် လူငယ်သုံးဦး အတူစီးလာသည့် ဆိုင်ကယ် ဩဂုတ်လ ၂၄ ရက် ညပိုင်းတွင် ပစ်ခတ်ခံရပြီး လူငယ်တစ်ဦးသေဆုံးကာ အနီးဝန်းကျင်က အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၂၄ရက် ည ၇နာရီခန့်က မြိတ်မြို့ကမ်းနားလမ်း ပုလဲရတနာခန်းမရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆိုင်ကယ် စီးလာသည့် လူငယ်သုံးဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ပုလဲရတနာခန်းမရှေ့၌ စစ်ကောင်စီတပ်ဖွဲ့က သွားလာနေသည့်ယာဉ်များအား စစ်ဆေးနေစဉ် လူငယ် သုံးဦးအတူ စီးလာသည့် ဆိုင်ကယ်ကို စစ်ဆေးရန်အတွက် တားစဉ် ဆိုင်ကယ်မရပ်ပေးသဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။ “ပထမတော့ ခြောက်ပစ်တယ်။ မရပ်တော့ နောက်ထပ် ထပ်ပစ်ရာမှာ ထိသွားတယ်” ဟု ဆိုင်ကယ်ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။ လူငယ် […]

ထားဝယ်တွင် ကားခဈေးနှုန်း နှစ်ဆခန့်တက်

diz_admin

August 25, 2022

ထားဝယ်တွင်စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ခရိုင်အတွင်းပြေးဆွဲသည့် ခရီးသည်တင်ကားများ ကားခ ဈေးနှုန်းမှာ နှစ်ဆခန့်တက်လာကြောင်း ဒေသခံများကပြောသည်။ အာဏာမသိမ်းခင်က သရက်ချောင်းမြို့နယ် အောက်ဘက်ကျေးရွာများနှင့် ထားဝယ်သို့ ပြေးဆွဲနေသည့်ကားခမှာ ခရီးသည်တစ်ဦးလျှင် အသွားအပြန် ကျပ် တစ်သောင်းခန့်သာ ရှိရာမှာ ယခုအသွားအပြန် ကျပ်သုံးသောင်းခန့် ဖြစ်လာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “အခုချိန်မှာ ထားဝယ်တစ်ခေါက်သွားရဖို့ မနည်းစဉ်းစားရတယ်။ ကျမ်းမာရေး ကိစ္စကလွဲ့လို့ လူမလိုက်တော့ဘူး။ ဝယ်တာချမ်းတာ တွေက ကားသမားကို မှာကြတာများတယ်”ဟု ၎င်းဒေသခံကပြောသည်။ ထိုနည်းတူ လောင်းလုံ အောက်ဖက်ကျေးရွာများနှင့် ထားဝယ် အသွားအပြန် ကားခဈေးနှုန်းမှာ ခရီးသည်တစ်ဦးလျှင် ယခင်က နှစ်ထောင်ကျပ်ခန့်သာရှိရာမှ ယခု သုံးထောင်ကျပ်ခန့်ရှိကြောင်း ခရီးသည်တင်ကားမောင်းသူ တစ်ဦးကပြောသည်။ “အရင်က ဒီဇယ်တစ်လီတာ ခြောက်ရာကျော်ပဲရှိတယ်။ အခုသုံးထောင်ကျော် ဆီဖိုးကာမိဖို့တောင် အနိုင်နိုင်ပဲ”ဟု၎င်းကပြောသည်။ ယင်းနည်းတူ ကံပေါက် ထားဝယ်ကားခ အသွားအပြန်ဈေးနှုန်းမှာလည်း […]

ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းဖမ်းဆီးခံရ

diz_admin

August 25, 2022

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ဗစ်ကီဘိုးမန်းမှာ နာမည်ကျော်ပန်းချီဆရာ ကိုထိန်လင်း၏ ဇနီးဖြစ်ပြီး ၎င်းတို့နေထိုင်ရာ ရန်ကုန်နေအိမ်တွင် မနေ့ညက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။ ယမန့်နေ့ညတွင် ၎င်းတို့၏ ရန်ကုန်နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ဗစ်ကီဘိုးမန်းမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ မှ ၂၀၀၆ အထိတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business (MCRB)) ၏ ဒါရိုက်တာလည်းဖြစ်သည်။ ယင်းမြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းတာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို အားပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Institute for Human Rights and Business IHRB နှင့် Danish […]