ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတောနက်ထဲတွင်စွန်ပစ်ခံ တရားမဝင်မြန်မာလုပ်သား ၂၄ဦး ဖမ်းဆီးခံရ

diz_admin

August 29, 2022

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တောနက်ထဲတွင် ပွဲစားက စွန့်ပစ်ထားခဲ့သော တရားမဝင် မြန်မာအလုပ်သမား ၂၄ဦးကို ယနေ့ (ဩဂုတ်လ ၂၉) နံနက်ပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းတော်ဝင်တပ်မတော်က ထုတ်ပြန်သည်။ မဲရမတ်ဒေသရှိ တောနက်ထဲတွင် အလင်းရောင်ကဲ့သို့သော မီးအရောင်တစ်ခုကို တွေ့မြင်ရသဖြင့် ထိုင်းတာဝန်ရှိသူ များက သွားရောက်စစ်ဆေးရာတွင် အိပ်ပျော်နေသော မြန်မာအလုပ်သမား ၂၄ဦးကိုတွေ့ရှိကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသား ၂၁ဦးနှင့် အမျိုးသမီး ၃ဦးတို့ ပါဝင်ကြပြီး ပွဲစားက ကားဖြင့် လာခေါ်မည်ဟုပြောသည်ကို စောင့်နေကြသော်လည်း လာခေါ်မည်ဟု ပြောဆိုထားခဲ့သောအချိန်ပြည့်သည်အထိ လာခေါ်ခြင်းမရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၎င်းတို့သည် ရန်ကုန်၊ မြဝတီ၊ တောင်ငူ၊ မော်လမြိုင်၊ ပုသိမ်၊ ပဲခူး၊ ရခိုင်၊ နေပြည်တော် စသော မြို့အသီးသီးမှ လာရောက်ကြခြင်းဖြစ်ပြီး […]

သရက်ချောင်း ကျွဲမင်းကုန်းရွာက ဖမ်းဆီးခံရသည့် စိတ်ဝေဒနာရှင်အမျိုးသား ပြန်လွတ်

diz_admin

August 29, 2022

သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းရွာက ရိုက်နှက်ဖမ်းဆီးခံရသည့် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး ယနေ့ (ဩဂုတ် ၂၉) နံနက် ၈ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။ အသက် ၃၀ အရွယ် ကိုမင်းလဲ့ဆိုသူသည် စိတ်ကျန်းမာရေး မကောင်းသူဖြစ်သဖြင့် ရွာစဉ်လျှောက်ပြီး သွားလာ နေလေ့ရှိသူလည်းဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းသို့ ရွာစဉ်လှည့်ပြီးလျှောက်သွားနေစဉ် စုံစင်ဖျားရွာ မီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ဆဲဆိုသောကြောင့် ဩဂုတ်လ ၂၈ရက် နံနက် ၁၀ နာရီခန့်တွင် ရိုက်နှက်ထုထောင်း ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။ “ရွာပြန်ရောက်နေပြီ။ မနက်တုန်းက ၈ နာရီထိုးလောက်မှာ ပြန်ရောက်နေတယ်။ လူကတော့ သွားလာနိုင်နိုင်ကြီး။ ရိုက်ထားထုထားတဲ့ နေရာက ညိုနေတဲ့ ဒဏ်ရာနည်းနည်းပါးပါးတော့ရှိတယ်” ဟု […]

မြိတ်တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်ဖမ်းဆီးမှုများလာ

diz_admin

August 29, 2022

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ် စစ်ဆေးဖမ်းဆီးမှုများလာကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်ကယ်များကို ဩဂုတ်လ နောက်ဆုံးအပတ်မှစ၍ စစ်ဆေးဖမ်းဆီးမှုများလာကြောင်း ၎င်းတို့က ပြောသည်။ “ဖမ်းနေတာက သုံးလေးရက်ရှိပြီ။ နေရာအစုံမှာ အဖွဲ့လိုက်ဖမ်းနေတာ။ တစ်နေရာမှာ ကြည့်လိုက် အစီးရေ သုံးလေးဆယ်ပဲ၊ အဖမ်းခံထားရတာ” ဟု ဆိုင်ကယ်ကယ်ရီမောင်းသည့် အမျိုးသားတစ်ဦးက ပြောသည်။ ယခင်က အမျိုးသားနှစ်ဦး (သို့မဟုတ်) သုံးဦးစီးလာသည့် ဆိုင်ကယ်များကိုသာ အဓိကထား စစ်ဆေးဖမ်းဆီးနေရာမှ လက်ရှိတွင် တစ်ဦးတည်း စီးလာသည့်ဆိုင်ကယ်များကိုလည်း စစ်ဆေးလာကြောင်း ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။ “ဦးထုပ်၊ မှန်ကိုင်း၊ မောင်းလိုင်စင်၊ ယာဉ်လိုင်စင် အကုန်စစ်တယ်။ ကျွန်တော်ကိုယ်တိုင် ဦးထုပ်မပါလို့ သုံးသောင်း ဒဏ်ကြေးဆောင်ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။ မြိတ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့က ဩဂုတ်လအတွင်းက ကားမိုင်းဆွဲတိုက်ခိုက်မှုနှင့် […]

သံဖြူဇရပ်ရဲစခန်း ပစ်ခတ်ခံရမှုတွင် လူငယ်ခြောက်ဦး ဖမ်းဆီးခံရ

diz_admin

August 28, 2022

မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့မရဲစခန်းကို ပစ်ခတ်ရာတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲပြီး လူငယ်ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးအမှုဖွင့်ထားကြောင်း မြို့ခံအချို့က ပြောသည်။ သံဖြူဇရပ် မြို့မရဲစခန်းကို ဩဂုတ်လ ၁၇ ရက်ညက သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး ဩဂုတ်လ ၂၅ ရက်က သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက်မှ အသက် ၃၁ နှစ်အရွယ် ကိုလင်းထွဋ်ဝင်း (ခ) ကိုပု (ခ) ကိုတရုပ်ပုဆိုသူကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီဘက်က ဩဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။ သံဖြူဇရပ်မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရန် ကိုပိုင်စိုး (ခေါ်) ကိုပိုင်စိုးဦးဆိုသူက လူ၊ လက်နက်ထောက်ပံ့ပေးပြီး စေခိုင်းခဲ့ကာ ကိုလင်းထွဋ်ဝင်းက ထွက်ဆိုထားသည်ဟုလည်း ထုတ်ပြန်ထားသည်။ ၎င်းအပြင် ပါဝင်ပတ်သက်သူ အသက် ၂၅နှစ်အရွယ်များဖြစ်သည့် […]

ပါကစ္စတန်ရေဘေးနောက်ဆက်တွဲ လူ ၁၀၀၀ ကျော်သေဆုံး၊ အကူအညီများတောင်းခံ

diz_admin

August 28, 2022

ရေဘေး တိုင်းပြည်အနှံ့ဖြစ်ပွါးပြီးနောက် လူပေါင်းတစ်ထောင်ကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ နေရာများ ရွှေ့ပြောင်းရလျက်ရှိရာ ပါကစ္စတန်အစိုးရက နိုင်ငံတကာထံ အကူအညီပေးရန် တောင်းဆိုလိုက်သည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် နှင့် ယူအေအီး တို့က အကူအညီများပေးထားသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ပြည်ထဲရေးဝန်ကြီးက BBC ကို ပြောကြားသည်။ တိုင်းပြည်၏ အနောက်မြောက်ပိုင်းတွင် ခီဘာပက်တွန်ခွါပြည်နယ်၌ မြစ်များ ကမ်းပါးပြိုခဲ့ရာ ထောင်ပေါင်းများစွာ သော ပြည်သူများ တိမ်းရှောင်ရကာ နေအိမ်များစွာ မြစ်ထဲပါသွားခဲ့သည်။ “နှစ်ပေါင်းများစွာ ကျွန်မတို့ ချွေးနဲ့ရင်းပြီး တည်ဆောက်ထားတဲ့ အိမ်ကလေးဟာ မျက်စိရှေ့မှာပဲ ရေထဲပြိုကျ မျောသွားပါတယ်” ဟု အသက် ၂၃နှစ်အရွယ် ဂျူနိုက်ခန်း က AFP သတင်းဌာနကို ပြောကြားခဲ့သည်။ ပါကစ္စတန်အရှေ့တောင်ပိုင်းပြည်နယ် ဆင်းဒ်တွင်လည်း ထောင်ပေါင်းများစွာသော ပြည်သူများ နေရာစွန့်ခွါ […]

ထိုင်းသို့ တရားမဝင်လာသော မြန်မာလုပ်သားများ စီးလာသောကားတိမ်းမှောက်၊ လေးဦးသေဆုံး

diz_admin

August 28, 2022

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါ လာသောကားသည် ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းတွင် တိမ်းမှောက်သဖြင့် မြန်မာအလုပ်သမား လေးဦးသေဆုံး ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ နံနက် ၄ နာရီခန့်တွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသ နောင်လူရွာရှိ ဘုရားသုံးဆူ-စန်ခရာဘူရီ အမှတ် ၃၂၃ လမ်းမကြီးတွင် ကားတိမ်းမှောက်ခြင်းဖြစ်သည်။ ကားတစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားပြီး ပက်လက်အနေအထား ဖြစ်နေကြောင်း သတင်းတွင် ဖော်ပြသည်။ ကားမှာ လုံးဝပျက်စီးနေပြီး ကားထဲတွင် မြန်မာအလုပ်သမား လေးဦး သေဆုံးနေပြီး ကိုးဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း ရေးသားထားသည်။ သေဆုံးသူများတွင် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၃-၁၄နှစ်အရွယ် ကလေးတစ်ဦးပါဝင်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များကို […]

ပုဂေါဇွန်းရွာသားနှစ်ဦး တစ်ညတည်းတွင် ပစ်သတ်ခံရ

diz_admin

August 28, 2022

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာသားနှစ်ဦး ဩဂုတ်လ ၂၇ရက်ညက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၃၀ကျော်အရွယ် ‌ဦးစောမင်းထွေးဆိုသူနှင့် အသက် ၄၀ကျော်အရွယ် ဦးရဲမြင့်ဦးဆိုသူတို့ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းနေ့ည ၈ နာရီဝန်းကျင်က လက်နက်ကိုင်လူတစ်စုသည် ကျေးရွာသို့လာရောက်ကာ ဦးစောမင်းထွေးကို ပစ်သတ် သွားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ဦးရဲမြင့်ဦးကို ထပ်မံပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “စောမင်းထွေးကတော့ ဦးခေါင်းမှာ လေးချက်၊ နောက်ရဲမြင့်ဦးမှာက လည်ပင်းတစ်ချက်၊ ရင်ဖက်တစ်ချက် တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ဦးစောမင်းထွေးဆိုသူမှာ ရှမ်းဆိုဒ် (ဆောက်လုပ်ရေး) တွင် အလုပ်လုပ်နေသူဖြစ်ပြီး ကိုရဲမြင့်ဦးကတော့ တောခုတ် ကြုံရာကျပန်း လုပ်သူဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ သေဆုံးချိန်တွင် ဦးစောမင်းထွေးတွင် ဇနီးနှင့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

August 28, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျပ် ၃၀၀၀ ကျော်ဖြစ်သွားသည့် ဒေါ်လာ ယခုသီတင်းပတ်တွင် ဒေါ်လာဈေးခုန်တက်သွားပြီး ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၀၀၀ ကျော်အထိဖြစ်သွားသည်။ စစ်ကောင်စီက ဩဂုတ်လ ၅ရက်တွင် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ဒေါ်လာဈေး ဆက်တိုက်တက်လာခဲ့ပြီး ဩဂုတ်လ ၂၇ ရက် ပြင်ပပေါက်ဈေးမှာ ကျပ် ၃၂၀၀ အထက်တွင် ရှိနေသည်။ သို့သော် ဈေးကွက်ထဲတွင် ရောင်းသူနည်းသဖြင့် ဝယ်ရခက်နေသည့် အခြေအနေဖြစ်နေသည်။ စစ်ကောင်စီက ဩဂုတ်လ ၁၉ရက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို အပြောင်းအလဲလုပ်ခဲ့သော်လည်း ဒေါ်လာကို ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် ပို၍ပင် […]