ထားဝယ်ထောင်တွင် ပြစ်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိဟုဆို
diz_admin
August 27, 2022ထားဝယ်အကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား (အမျိုးသား) ၂၀၁ ဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဩဂုတ် ၂၇) ထုတ်ပြန်သည်။ ဩဂုတ်လ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားသည့်စာရင်းဖြစ်ကြောင်း အထက်ပါကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်မောင်အပါအဝင် ပြစ်ဒဏ်ကျခံရသည့် နိုင်ငံရေး အကျဉ်းသား ၂၀၁ ဦးခန့်ကို စစ်ကောင်စီက အနိမ့်ဆုံး ထောင်ဒဏ် ၂ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထားဝယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရခြင်းမရှိသေးသည့် နိုင်ငံရေးအမှု အချုပ်သား ၁၀၀ ခန့်ရှိမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသမီး အချုပ်သား ၃၀ ဦးခန့်ရှိမည်ဟု အဆိုပါကွန်ရက်မှ တာဝန်ရှိသူက […]


