ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ကွမ်းသီးအနု ဈေးပြန်တက်

diz_admin

August 31, 2022

မြိတ်မြို့နယ်အတွင်းရှိ ကွမ်းသီးအနုဈေးကွက်တွင် ဩဂုတ်လ လလယ်ခန့်မှစပြီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ကျော်အထိ ဈေးပြန်တက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တစ်ပိဿာလျှင် ၃၄၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ပြီးနောက် ဈေးပြန်တက်လာခြင်း ဖြစ်သည်။ ဈေးနှုန်းမကျဆင်းမီကဆိုလျှင် ကွမ်းသီးအနုတစ်လုံးလျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၆၅ ကျပ်၊ တစ်ပိဿာ လျှင် ၆၀၀၀ ကျပ်ကျော်အထိ ရရှိခဲ့ကြောင်း ကွမ်းစိုက်တောင်သူအချို့က ပြောသည်။ “ဈေးကျတော့ ကောက်ရောင်းတာ သွားလာစရိတ်နဲ့ သိပ်မကျန်ဘူး။ ငါးထောင် ခြောက်ထောင်ရမှပဲ တစ်ခါ သွားရောင်းရင် ရှစ်သောင်းကျော်ကိုးသောင်းအထိရတာ” ဟု စန္ဒဝတ်ကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ကွမ်းသီးအနု ဈေးကောင်းချိန်တွင် ရောင်းချသူများလာပြီး ပိဿာချိန် ထောင်ဂဏန်းအထိ အဝင်များလားသဖြင့် ဈေးနှုန်းလျော့ကျသွားကြောင်း ကွမ်းသီးအနုအဝယ်ဒိုင်အချို့ထံမှ […]

စစ်အေးတိုက်ပွဲ ငြိမ်းချမ်းရေးစွမ်းဆောင်ခဲ့သူ ဆိုဗီယက်သမ္မတဟောင်း ဂိုဘာချော့ဗ်ကွယ်လွန်

diz_admin

August 31, 2022

စစ်အေးတိုက်ပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့သူ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂိုဘာချော့ဗ် အသက် (၉၁)နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ ၁၉၈၅ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ဂိုဘာချော့ဗ် သည် ဆိုဗီယက်ကို တံခါးဖွင့်ခဲ့ပြီး ပြည်တွင်းပြုပြင် ပြောင်းလဲမှုများလည် လုပ်ဆောင်ခဲ့သည်။ သို့သော် ၎င်းသည် ဆိုဗီယက်ပြည်ထောင်စု တဖြည်းဖြည်းပြိုကွဲလာခြင်းကိုမူ မတားနိုင်ခဲ့ဘဲ ခေတ်သစ် ရုရှားဖက်ဒရေးရှင်း ပေါ်ပေါက်လာခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များက ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပြီး သမိုင်း၏ လမ်းကြောင်းကို ပြောင်းလဲပေးခဲ့သူဟု ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ် က မှတ်ချက်ပြုခဲ့သည်။ “မီခေးလ်ဂိုဘာချော့ဗ် ဟာ တမျိုးတည်းရှိတဲ့ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ဖြစ်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူးချုပ်က Twitter တွင် ရေးသားခဲ့သည်။ ဂိုဘာချော့ဗ်သည် လူကြီးရောဂါ ကာလကြာရှည် ခံစားနေရခြင်းဖြစ်ကာ ကျန်းမာရေး အခြေအနေများ ယိုယွင်းလာခဲ့ကြောင်း […]

ထိုင်းတွင် ဂတ်စ်အိုးစက်ရုံပေါက်ကွဲ၍ မြန်မာလုပ်သားအပါအဝင် ၅ ဦးဒဏ်ရာရ

diz_admin

August 30, 2022

ထိုင်းနိုင်ငံ စမုတ်ပရကန်ခရိုင်ရှိ LPG ဂက်စ်အိုးဖြည့် စက်ရုံတွင် မီးလောင်ပေါက်ကွဲမှုတစ်ခု ယနေ့မနက်အစောပိုင်းတွင် ဖြစ်ပွားရာ မြန်မာအလုပ်သမားများအပါအဝင် ၅ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဘန်ကောက်အနီး စမုတ်ပရကန်ခရိုင် စောင်ထွန်းဒေသရှိ LPG ဂက်စ်အိုးဖြည့်စက်ရုံ၌ အလုပ်သမားများ အိပ်ပျော်နေချိန် ယနေ့မနက် ၀၀ နာရီ ၂၀ မိနစ်ခန့်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မနက် ၈ မှ ညနေ ၅ နာရီ အလုပ်ချိန်ပြီးသွားသဖြင့် အခန်းထဲတွင် အလုပ်သမား ၃၀ ကျော်အိပ်ပျော်နေချိန် ပေါက်ကွဲသံများကြောင့် နိုးလာခဲ့ပြီး အပြင်သို့ထွက်ပြေးလာခဲ့ရာ စက်ရုံ၏ဂက်စ်ဖြည့်သောနေရာတစ်ခုလုံးမှာ မီးလောင်နေသည်ကို တွေ့ရှိရကြောင်း အလုပ်သမားတစ်ဦးက ပြောကြားသည်။ မီးလောင်ခံရသူများမှာ ကြောက်လန့်ပြီး ထွက်ပြေးနေကြသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။ မီးလောင်ရာနေရာသို့ စောင်ထွန်းအုပ်ချုပ်ရေးအဖွဲ့မှ မီးသတ်ကားများနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ […]

ထားဝယ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ဟုဆို

diz_admin

August 30, 2022

စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်ပြောဆိုထားသော်လည်း ပြင်ပဈေးကွက် တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံခဲ့ပြီး ရည်ညွှန်းဈေးအတိုင်းသာ ရောင်း ချရန် ပြောဆိုထားသော်လည်း ထားဝယ်တွင် ရန်ကုန်က ဈေးဖွင့်သည့် ပြင်ပပေါက်ဈေးအတိုင်းသာ အရောင်းအဝယ် ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေလုပ်ငန်းရှင်အချို့က ဆိုသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ (ဩဂုတ် ၃၀) အခေါက်ရွှေတစ်ကျပ်သားကို ၂,၀၃၄,၀၀၀ ကျပ်ဖြင့် ရည်ညွှန်းဈေးထုတ်ပြန်ထားသောလည်း ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြင်ပဈေးကွက်တွင် အရောင်းအဝယ် လုပ်နေ သည့် ပေါက်ဈေးမှာ တစ်ကျပ်သား ၃,၁၂၀,၀၀၀ အထိဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ […]

လောင်းလုံး စခန်းကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

August 30, 2022

လောင်းလုံးမြို့နယ် စခန်းကြီးရွာတွင် အမျိုးသားတစ်ဦးသည် ယနေ့ (ဩဂုတ် ၃၀) နံနက် ၁၁ နာရီခန့်က ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ စခန်းကြီးရွာသား အသက် ၄၀ အရွယ် ဦးအောင်ကျော်မိုးဆိုသူဖြစ်ပြီး ယင်းကျေးရွာ သင်္ချိုင်းအမှိုက်ပုံ အနီးတွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပစ်တာက ခုနှစ်ချက်လောက်ရှိမယ်။ နားနဲ့ ဦးခေါင်းမှာ ဒဏ်ရာအများဆုံးတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ဦးအောင်ကျော်မိုးဆိုသည် ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာ သပိတ်များ၏နောက်မှ ဗျောက်အိုးဖောက် ခြောက်လန့်ခြင်း၊ ရဲလာနေသည်ဟု ပြောဆိုခြောက်လန့်လေ့ရှိသူ ဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။ အထက်ပါပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို ဦးအောင်ကျော်မိုးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုလည်း […]

တနင်္သာရီအမြန်ရေယာဉ် ရပ်နားလိုက်သည့်အတွက် ကုန်တင်လှေငယ်များ အသုံးပြုနေရ

diz_admin

August 30, 2022

တနင်္သာရီမြို့နယ် ကျေးရွာများသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်ရပ်နားလိုက်သည့် အတွက် ကုန်တင်လှေငယ်များ အသုံးပြုနေရကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်ရှိ ပဝ၊ သရဖုံ၊ လယ်သစ် စသည့်ကျေးရွာအုပ်စုသို့  ၂ ရက်တစ်ကြိမ် ပြေးဆွဲနေသည့် အမြန်ရေယာဉ်သည် လက်ရှိအချိန်တွင် စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ရပ်နားလိုက်ပြီဖြစ်သည်။ ယင်းကြောင့် ကုန်စည်သယ်ဆောင်ရေးအတွက် ကုန်တင်လှေငယ်များဖြင့် အစားထိုး အသုံးပြုနေရသည်ဟု ဒေသခံများကပြောသည်။ “ပဲ့ချိတ်ငယ်တွေနဲ့ စျေးဆိုင်ကုန်တွေ လာတင်နေကြတာပေါ့ ခရီးသည်တွေက လိုက်လာတာသိပ်မရှိကြဘူး”ဟု မြိတ်မြို့ အမြန်ယာဉ်လှေဆိပ်တွင် ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသား ကပြောသည်။ ပဝ၊သရဖုံ၊လယ်သစ် စသည့်ကျေးရွာအုပ်စုများသည် တနင်္သာရီမြစ်မကြီးမှ ခွဲထွက်လာသည့် မြစ်လက်တက် တစ်ဖက်တစ်ချက်တွင် ရွာတည်ထားသည်။ ယင်းကျေးရွာများတွင် ကားတစ်ချို့ရှိသော်လည်း မိုးရာသီလမ်းခရီးဆိုးရွားသည့်အတွက် ကုန်းလမ်းထက် ရေလမ်းကို သာ အားထားနေရသည်ဟု ဒေသခံများ ကပြောပြသည်။ […]

မဲဆောက်သဘာဝတရားရိပ်သာတွင် မြန်မာစစ်တပ်သူလျှိုများ ဖမ်းမိဟုဆို၊ မဟုတ်မှန်ဟု ရိပ်သာငြင်း

diz_admin

August 30, 2022

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် မဲဆောက်ရှိ သဘာဝတရားရိပ်သာတွင် ဩဂုတ်လ ၂၉ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးရမိ‌သော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများတွင် စစ်ကောင်စီ၏ ထောက်လှမ်းရေး(သူလျှို)များ ပါဝင်နေကြောင်း ထိုင်းသတင်းဌာန Matichon Online တွင် ဖော်ပြထားသည်။ မဲဆောက်ဒေသ မယ်ပသဘာဝတရားရိပ်သာ ၃ ထပ်တိုက်အဆောက်အဦတွင် မြန်မာလူမျိုးများနေထိုင်ကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ မဲဆောက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များမှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ အဆောက်အအုံအတွင်း ဘုန်းကြီး၊ သီလရှင်အပါအဝင် မြန်မာနိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းအာဏာပိုင်များမှ နိုင်ငံအတွင်း နေထိုင်ခွင့် လဝက အထောက်အထား တစ်စုံတစ်ရာ မေးမြန်းရာ မရှိသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းဆိုသည်။ ဖမ်းဆီးခံရသူများအနက်အချို့မှာ မြန်မာစစ်ကောင်စီမှ စေလွှတ်လိုက်သော စစ်တပ်ထောက်လှမ်းရေးများ ပါဝင်နေကြောင်း ယင်းထိုင်းသတင်းတွင် ဖော်ပြထားသည်။ မဲဆောက်ခရိုင်အတွင်းရှိ စစ်ကောင်စီကို တော်လှန်နေသူများ၏ လှုပ်ရှားဆောင်ရွက်မှုများကို […]

ရုရှား၏ စစ်အင်အားတိုးချဲ့နေမှု ယူကရိန်းစစ်ပွဲအပေါ် သက်ရောက်မှု မရှိနိုင်ဟု ဗြိတိန်ဆို

diz_admin

August 29, 2022

ရုရှားက လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အားကို တိုးချဲ့နေခြင်းသည် လက်ရှိ ယူကရိန်းတွင်ဖြစ်ပွါးနေသော စစ်ကို သက်ရောက်မှုများ မရှိနိုင်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။ ရုရှားစစ်အင်အားကို ၁ဒသမ၁၅သန်းအထိ တိုးချဲ့ရန် ဗလာတီမာပူတင်က အမိန့်ထုတ်ပြန်ခဲ့ရာ စစ်သည်အင်အား တစ်သိန်းသုံးသောင်းခုနှစ်ထောင် ထပ်မံတိုးမြှင့်သွားမည်ဖြစ်သည်။ ယင်းသို့ တိုးမြှင့်ရုံဖြင့် ရုရှား၏ တိုက်ပွဲဝင်စွမ်းရည်ကို တိုးမြှင့်နိုင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေတွင် စစ်ပွဲက အရှူံးများဖြင့် ကြုံနေရကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။ ရုရှားတွင် စစ်အင်အားများ စုဆောင်းနေချိန်တွင် သမ္မတပူတင်၏ အဆိုပါ အမိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ စစ်သားစုဆောင်းသူများသည် အကျဉ်းထောင်များသို့ပင် သွားရောက်နေပြီး လွတ်လပ်ခွင့်နှင့် ငွေကြေးတို့ ပေးမည်ဟု ဆိုကာ မက်လုံးပေးနေကြောင်း သတင်းအစီရင်ခံစာများက ဖော်ပြထားသည်။ ရုရှားစစ်တပ်တွင် လက်ရှိအခြေအနေ၌ စစ်အင်အား တစ်သန်းရှိကာ၊ အရပ်သားဝန်ထမ်း (၉)သောင်း ရှိကြောင်း […]