တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
diz_admin
September 3, 2022ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ အီရတ်မှာ အစိုးရအိမ်တော်ဝင်စီး၊ ၁၅ ယောက်သေဆုံး သြဇာကြီးမားတဲ့ အီရတ် ရှီးယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦး ရာထူးမှနှုတ်ထွက်ပြီးနောက် ဆန္ဒပြသူတွေက ဘဂ္ဂဒတ်မြို့တော်ရှိ အစိုးရိအိမ်တော်ကို စီးနင်းတိုက်ခိုက်ရာ လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရှီးယိုက် (Shiite) ဘာသာရေးခေါင်းဆောင် မွတ်တာဒါအယ်ဆာဒါ (Muqtada al-Sadr) က နိုင်ငံရေးမှနှုတ်ထွက်တယ်လို့ ကြေညာပြီး ပါတီရုံးတွေပိတ်သိမ်းဖို့ ညွှန်ကြားပြီးနောက် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဘဂ္ဂဒတ်မြို့တော်ရှိ အစိုးရအိမ်တော်ကို စီးနင်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံး၊ သေနတ်နဲ့ပစ်ခတ်ကာ ဖြိုခွင်းတာကြောင့် […]


