ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးမြို့နယ် ခေါဇာရဲစခန်းတိုက်ခိုက်ခံရ

diz_admin

September 1, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့ရဲစခန်း ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရကြောင်း မြို့ခံများထံမှသိရသည်။ ခေါဇာမြို့ရဲစခန်းကို ယနေ့ (စက်တင်ဘာ ၁) နံနက် ၆ နာရီခန့်က ဝင်ရောက်တိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) MSDF-S က ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဘက်က သေဆုံးထိခိုက်ဒဏ်ရာရသည်ဟု သိရသော်လည်း အရေအတွက်အတိအကျ စုံစမ်း နေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။ မွန်ပြည်ကာကွယ်ရေးတပ်ဘက်ကမူ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဆက်လက် ထုတ်ပြန်ထားသည်။ “ပစ်ခတ်မှုဖြစ်ထားတော့ စစ်ဆေးတာတွေရှိနေတယ်။ လူတွေလည်း အသွားအလာ သိပ်မရှိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ဆင်ဖြူစစ်ဆင်ရေးဟု အမည်ပေးထားသည့် ယခုတိုက်ခိုက်မှုသည် မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) ၏ ပထမဆုံးပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထားဝယ်မြို့ပေါ်က ဆန်အလှူ

diz_admin

September 1, 2022

ထားဝယ်မြို့၊ စည်ပင်သာယာစျေး အာဇာနည်လမ်းတွင် ဆန်၊ မာမားခေါက်ဆွဲထုပ်နှင့်ကြက်ဥ လူ ၂၅၀ စာကို အလှူရှင်မိသားစုက ယနေ့နေ့လယ် ၁ နာရီခန့်က စတင်ပေးဝေနေစဉ်။ ဒေသခံများမှာ နံနက် ၁၀ နာရီမှစတင်ကာ သွားရောက်စောင့်ဆိုင်းခဲ့ပြီး အလှူပစ္စည်းများ ရယူခဲ့ကြကြောင်းသိရသည်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းလာကာ အထွေထွေကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်လာမှုကြောင့် ပြည်သူအများစုမှာ စား၊ဝတ်၊နေရေး ကျပ်တည်းနေကြပြီဖြစ်သည်။

ခင်ပွန်းဖြစ်သူ ပစ်သတ်ခံရပြီးတစ်နှစ်အကြာတွင် ဇနီးဖြစ်သူ ပစ်ခတ်ခံရ

diz_admin

September 1, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁) နံနက်စောစောပိုင်းက အသက် ၄၀ ဝန်းကျင် အရွယ်ရှိ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး၏ဇနီး ဒေါ်မီးဝေ ဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးဇော်မျိုးဦးမှာလည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ပစ်သတ်ခံခဲ့ရသည်။ ယနေ့ နံနက် ၅နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက ဒေါ်မီးဝေ နေအိမ်ပေါ်သို့ တက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်နဲ့ တစ်ချက်ပစ်သွားတယ်လို့ ပြောတယ်” ဟု၎င်းက ပြောဆိုသည်။ သို့သော် ဒေါ်မီးဝေကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားခဲ့သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ PDF အဖွဲ့နှစ်ဖွဲ့ဖြစ်သည့်လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ […]

ရုရှားနိုင်ငံသားများကို ဥရောပသမဂ္ဂ ဗီဇာပြည်ဝင်ခွင့် တင်းကျပ်ပြီ

diz_admin

September 1, 2022

မော်စကိုအစိုးရနှင့် သဘောတူထားခဲ့သော ဗီဇာသဘောတူညီချက်များကို ဆိုင်းငံ့ရန်အတွက် ဥရောပသမဂ္ဂနိုင်ငံခြားရေး ဝန်ကြီးများက သဘောတူလိုက်ပြီး ရုရှားနိုင်ငံသားများအနေဖြင့် ဥရောပဘက်သို့ ဝင်ရောက်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း BBC သတင်းက ဖော်ပြထားသည်။ ယူကရိန်းနှင့် အချို့နိုင်ငံများက လုံးဝပိတ်ပင်ပစ်ရန် တောင်းဆိုထားသော်လည်း ပြင်သစ်နှင့် ဂျာမနီတို့က လုံးဝပိတ်ရေးကို ဆန့်ကျင်ထားသည်။ ရုရှားက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယူကရိန်းကို စတင် ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ရုရှားနိုင်ငံသား တစ်သန်းခန့် ဥရောပသို့ ခရီးသွားလာခဲ့သည်။ ရုရှားနှင့် နယ်နမိတ်ချင်း ထိစပ်နေသော ဥရောပအရှေ့ဖျားနိုင်ငံများသည် ကန့်သတ်မှုများ တိုးမြှင့်ပြုလုပ်ကြဖွယ်ရှိသည်။ EU သည် ကိုယ့်ခြေထောက်ကိုယ် သေနတ်ဖြင့်ပစ်ခြင်း ဖြစ်ကာ၊ ယင်းသို့ ဆောင်ရွက်ချက်က တုန့်ပြန်မှုကြုံရမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး အလက်ဇန်းဒါးဂလက်ရှ်ကို က ပြောကြားသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ ကမူ […]

ထားဝယ်ဈေးကွက်ထဲ ကျပ်ငွေအတုများတွေ့လာ

diz_admin

August 31, 2022

တစ်သောင်းတန်၊ ငါးထောင်တန် ကျပ်ငွေအတု ထားဝယ်ဈေးကွက်တွင် အသုံးပြုလာသည်ကို တွေ့ရှိလာရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ Dawei Watch ၏စုံစမ်းမေးမြန်းချက်အရ ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ငါးထောင်ကျပ်တန်ငွေစက္ကူအတု တွေ့ရှိမူ နှစ်ကြိမ်ရှိကြောင်း သိရသည်။ ပထမတစ်ကြိမ် ကုန်စုံဆိုင်တစ်ဆိုင်တွင် မျက်နှာစိမ်းအမျိုးသမီးတစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုတစ်ရွက်ဖြင့် ဈေးလာဝယ်ခဲ့ပြီး နောက်တစ်ကြိမ်မှာမူ ငွေစက္ကူအထပ်လိုက်ထဲတွင် ရောပါလာခြင်းဖြစ်သည်။ ပထမအကြိမ်တွင် ငွေအတုအစစ်ခွဲခြားသည့် ဓာတ်မီးဖြင့်စစ်ဆေးတွေ့ရှိပြီး ဒုတိယအကြိမ်တွင်မူ ငွေအတုအစစ်ခွဲနိုင်သည့် ငွေရေစက်ဖြင့် စစ်ရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ထားဝယ်ဒေသခံတို့က ပြောဆိုကြသည်။ “ကျွန်တော်ကတော့ လာဝယ်တဲ့သူကိုခေါ်ပြီး (ငွေစက္ကူအတုကို) ပြန်ပေးလိုက်တယ်။ အတုလည်းဝယ်လို့ရတာပဲ လို့ပြောပြီးပြန်သွားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ဆိုသည်။ ပြီးသည့် ငါးလဝန်းကျင်ကလည်း ထားဝယ်ဒေသရှိ ဆောက်လုပ်ရေး လုပ်သားများအား လစာရှင်းပေးမည့် ငွေစက္ကူများအနက် တစ်သောင်းတန်ငွေစက္ကူအတု […]

သထုံတွင် ငါးရက်ကြာပျောက်နေသည့်အမျိုးသမီးငယ်၏ ရုပ်အလောင်းပြန်တွေ့

diz_admin

August 31, 2022

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်တက်လမ်းတွင် အသတ်ခံထားရသည့် အသက် ၂ဝအရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းတွင် တောထဲသွားသူတစ်ဦးက ပုတ်ပွနေသည့်အလောင်းတစ်ခုတွေ့ရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များထံမှ သိရသည်။ အဆိုပါအမျိုးသမီးသည် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၂၀ အရွယ် မမေသင်္ကြန်ဦးဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ ငါးရက်ခန့်ရှိနေပြီဟု သိရကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ အလောင်းတွေ့ရှိချိန်တွင် ပုတ်ပွနေပြီး ပေါင်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိထားကာ ဝတ်လစ်စလစ် အနေအထားဖြင့် တွေ့ရှိရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “တွေ့တဲ့အချိန်မှာ အလောင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာတစ်ချက်တွေ့တယ်” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားပြီး […]

မြိတ်တွင် အမျိုးသားနှစ်ဦး သေနတ်များနှင့်အတူ ဖမ်းဆီးခံရ

diz_admin

August 31, 2022

မြိတ်တွင် အမျိုးသားနှစ်ဦးကို ပစ္စတိုသေနတ်နှစ်လက်၊ ကျည်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၃၀ ရက် ည ၆ နာရီဝန်းကျင်က မြိတ်မြို့၊ကန်ခေါင်းရပ်ရှိ မြစံအိမ်တည်းခိုခန်းတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှာ လာရောက်ဖမ်းဆီးရာ လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ဒေသခံများ ကပြောသည်။ ဖမ်းဆီးခံရသူသည် ကျွန်းစုမြို့တွင်နေထိုင်သူ အသက် ၃၄ နှစ်ရှိ တင်ထွန်းဝင်း ဖြစ်ပြီး ၎င်းနှင့်အတူ ပစ္စတိုသေနတ် ၁ လက်နှင့်ကျည်များကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီတပ်နှင့်ဆက်နွယ်သည့် ပုလဲဇာနီ ပေ့ချ်စာမျက်နှာတွင် ဖော်ပြထားသည်။ သူကမလေးရှားမှာ နေတဲ့သူပါ ကျွန်းစုကို ပြန်ရောက်တာ လပိုင်းပဲ ရှိသေးတယ် “”ဟု ကျွန်းစုမြို့ဒေသခံ ကပြောသည်။ ၎င်း၏ထွက်ဆိုချက်အရ မြိတ်တောင်ကျေးရွာအုပ်စုတွင်နေထိုင်သည့် အမျိုးသားတစ်ဦးလည်း လက်နက်နှင့်အတူ ထပ်မံအဖမ်းခံခဲရကြောင်း ပုလဲဇာနည်တွင် ဖော်ပြထားသည်။ ဒုတိယမြောက် […]

ထားဝယ်ထောင်တွင် အစားအသောက် ကျွေးမွေးမှု ပမာဏ လျှော့ချ

diz_admin

August 31, 2022

အထွေထွေကုန်စျေးနှုန်း ကြီးမြင့်လာမှု အကျိုးဆက်အဖြစ် ထားဝယ်ထောင်အတွင်း အစားအသောက် ကျွေးမွေးရာတွင် ခွဲတမ်းများ လျှော့ချလာကြောင်း အကျဉ်းသားများနှင့် နီးစပ်သူများ ထံမှ သိရသည်။ ထားဝယ်ထောင်အတွင်း အကျဉ်းသားတစ်ဦးလျှင် တစ်ရက် ၉၇၅ ကျပ် နှုန်းဖြင့် တွက်ချက်ပြီး သုံးနပ်ကျွေးမွေးလျက်ရှိသည်။ နံနက်ပိုင်းတွင် ဆန်ပြုတ် သို့မဟုတ် ထမင်းကြော်၊ နေ့လယ်ပိုင်းတွင် ပဲဟင်းနှင့် ထမင်းဖြူ၊ ညနေပိုင်းတွင် တစ်ပတ်လျှင် ကြက်သား နှစ်ရက်၊ ငါးတစ်ရက်၊ ကြက်ဥ တစ်ရက် ကျွေးမွေးသည်။ ကျန်ရက်တွင် အသီးအရွက် ဟင်းချိုတစ်မျိုးမျိုးဖြင့် ကျွေးမွေးသည်။ “အခုတော့ အစားအသောက် ခွဲတမ်းတွေ နည်းလာပါတယ်။ ကြက်သားတုံးတွေ ငယ်လာပါတယ်။ ငါးတွေကို စားမကောင်းတဲ့၊ မလတ်ဆတ်တဲ့ မွေးမြူရေး ငါးတွေကိုပဲ ကျွေးပါတယ်”ဟု အကျဉ်းသား မိသားစု ဝင်တစ်ဦးက ထားဝယ်ထောင်တွင်း […]