ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှားတွင် တရားမဝင် မြန်မာလုပ်သားများလိုက်ပါသောကား ကားတိုက်မှုဖြစ်၊ တစ်ဦးဒဏ်ရာရ

diz_admin

August 25, 2022

မလေးရှားနိုင်ငံ Terengganu ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို တင်ဆောင် လာသောကားမှာ ကားသုံးစီးဆင့်တိုက်ပြီး မြန်မာအလုပ်သမားတစ်ဦးဒဏ်ရာရကြောင်း မလေးရှားသတင်း ဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက တလ်လမ်ဂနူပြည်နယ် ဘယ်စုတ် (Besut) ခရိုင် Kampung Tok Dor အနီးရှိ လမ်ပေါ်တွင် ကားသုံးစီးဆင့်တိုက်မှုဖြစ်ပွားကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများလိုက်ပါလာသော ကားက ယာဉ်မောင်းအိပ်ငိုက်သည်ဟု ယူဆရကာ အရှေ့က ကားကို ဝင်တိုက်မိပြီး အတိုက်ခံရသောကားမှာ မျက်နှာချင်းဆိုင်မှ လာနေသော ကားကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါကားပေါ်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦး လိုက်ပါလာခဲ့ပြီး ကားတိုက်မှုကြောင့် မြန်မာလုပ်သမား တစ်ဦးနှင့် မလေးရှားနိုင်ငံသား ကားမောင်းသမားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကျန်မြန်မာအလုပ်သမား ကိုးဦးမှာ […]

ကော့သောင်းနယ်စပ်တွင် ဘတ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုစတင်

diz_admin

August 25, 2022

ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်မှုအတွက် ထိုင်းနိုင်ငံငွေကြေးဘတ်ငွေနှင့် မြန်မာကျပ်ငွေတို့ တိုက်ရိုက် ငွေပေး‌ချေနိုင်သည့် ဝန်ဆောင်မှုကို ဩဂုတ်လ တတိယအပတ်ကစပြီး စတင်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယင်းသို့ ပေးချေရန် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမူနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးသည့် ကုမ္ပဏီမှတ်ပုံတင် အထောက်အထားများဖြင့် ဘဏ်အကောင့်ဖွင့်ရမည်ဖြစ်သည်။ “အခုလောလောဆယ်မှာတော့ နယ်စပ်ကုန်သွယ်ရေးအတွက်ပဲ ရသေးတယ်။ personal အကောင့်တွေတော့ ဖွင့်လို့မရ‌သေးဘူး” ဟု ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ဘတ်၊ ကျပ်ဝန်ဆောင်မှုကို မြန်မာ့စီးပွားရေးဘဏ်ကလည်း ဝန်ဆောင်မှုပေးနေပြီး ပုဂ္ဂလိကဘဏ်အနေဖြင့် A Bank ခေါ် ဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်ကလည်း ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။ ကော့သောင်းနှင့် မြိတ်မြို့တွင် A Bank က ဘဏ်ခွဲနှစ်‌ခုလာရောက် ဖွင့်လှစ်ထားသည်။ နယ်စပ်ကုန်သွယ်ရေး (သွင်းကုန်၊ ပို့ကုန်) အတွက် ဘတ်-ကျပ် တိုက်ရိုက်ငွေပေးချေခြင်းကို […]

ကော့သောင်း၌ ထိုင်းမှပြန်လွှဲပေးသူ ၂၅ဦးတွင် ကိုဗစ်ထပ်တွေ့

diz_admin

August 24, 2022

ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမား ၂၅ ဦးတွင် ယနေ့ ကိုဗစ်ပိုးတွေ့ရှိ ကြောင်း ကော့သောင်းမြို့ကျန်းမာရေးဦးစီးဌာနက၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။ ဩဂုတ်လ ၁၇ ရက်နေ့က ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် ၂၅ ဦးတွင် ယနေ့ (ဩဂုတ် ၂၄) ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦး စုစုပေါင်း ရှစ်ဦးတို့တွင် ဩဂုတ်လ ၁၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးဖြစ်သည်။ ယင်းနောက် ကွာရန်တင်းစခန်းရှိ ကျန်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အနက် ဩဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁၉ ဦး […]

ပုလောတွင် တိုက်ပွဲပြင်းထန်

diz_admin

August 24, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုများ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်းကျေးရွာတွင် ယနေ့ (ဩဂုတ် ၂၄) နံနက် ၈ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးအသံတွေရော လက်နက်ငယ်အသံတွေပါကြားရတယ်။ မွန်းတည့်အချိန်ထိ လက်နက်ကြီးနဲ့ ပစ်တုန်း” ဟု ဒေသခံအမျိုးသားက ပြောသည်။ ပုလောမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ မိနစ် ၃၀ ခန့် ကြာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) က ယနေ့ ညနေတွင် သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ယာဉ်တန်းမှာ မိုင်း ၂ ကြိမ် အခွဲခံရသေးကြောင်းလည်း ဒေသခံများကပြောသည်။ “မိုင်တိုင် […]

ထိုင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည့် မြန်မာလုပ်သားတစ်ဦး၏ အလောင်းတွေ့

diz_admin

August 24, 2022

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာအလုပ်သမားတစ်ဦး၏ အလောင်းကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နခွန်ပထုန်ခရိုင် စမ်ဖရာန်ဒေသရှိ လမ်ထွန်းကြက်သားစက်ရုံအရှေ့ရှိ လူကူးတံတားပေါ်တွင် ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသော အလုပ်သမားတစ်ဦး၏အလောင်းကို တွေ့ရှိရသဖြင့် လမ်းသွားလမ်းလာတစ်ဦးက ဖို့ကယ်ဝ်ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားတွင် ထိုးသွင်းဒဏ်ရာအပါအဝင် ဒဏ်ရာ ၁၀ ချက်ထက်မနည်းရရှိကာ သေဆုံးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ သေဆုံးသူထံတွင် ရှာဖွေရာ ဘတ်ငွေ ၁၈၀ နှင့်အတူ မြန်မာဘာသာဖြင့်ရေးသားထားသော အလုပ်အကိုင်ရှာဖွေ‌ရေး ပက်စ်ပို့လုပ်ငန်း ခရီးသွားလုပ်ငန်း စသော စာသားများပါသည့် အထောက်အထားတစ်ခု တွေ့ရှိရသဖြင့် မြန်မာအလုပ်သမားဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု ဖော်ပြထားသည်။ သေဆုံးသူမှာ အသက် ၃၀ အရွယ် စောရဲမင်း ဆိုသူဖြစ်ပြီး […]

သရက်ချောင်းတွင် နေအိမ်သုံးဆောင် ဓားပြတိုက်ခံရ

diz_admin

August 24, 2022

ထားဝယ်ခရိုင် သရက်ချောင်းမြို့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်တစ်ဆောင်နှင့် လဘကျေးရွာ အုပ်စု ကျွဲဇပ်ကျေးရွာရှိ နေအိမ်နှစ်ဆောင်တို့တွင် ဓားပြတိုက်မှု ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဓားပြတိုက်ခံရသည့်နေအိမ် သုံးဆောင်လုံးမှာ ထားဝယ်-မြိတ်ကားလမ်းဘေးရှိ နေအိမ်များဖြစ်သည်။ ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့ပေါ်ရပ်ကွက် ကျောက်မြောင်းရပ်ကွက်ရှိ ဈေးဆိုင် ရောင်းနေသည့် နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနေအိမ်တွင် ကုန်စုံဆိုင်ဖွင့်ထားပြီး ဓားပြတိုက်သည့်လူတစ်စုမှာ အိမ်စီးကား အမည်းရောင်ဖြင့် အိမ်ထဲဝင်လာပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ယောက်ျားဝတ် လက်စွပ်တစ်ကွင်း၊ ပိုက်ဆံအိတ်တစ်လုံးနှင့် ဖုန်းဘေလ်ကတ်များပါသွားသည်ဟုသာ ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။ “ခက်တာက အဲဒီအိမ်က ဘယ်သူ့ကိုမှလည်း မပြောဘူး။ အုပ်ချုပ်ရေးမှူးကိုလည်း မပြောဘူး။ ရဲလည်း မသိဘူး။ […]

ထိုင်းဝန်ကြီးချုပ်ကို တာဝန်မှ ဆိုင်းငံ့

diz_admin

August 24, 2022

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ (ဩဂုတ် ၂၄) နေ့လယ်ပိုင်းတွင် မဲခွဲဆုံးဖြတ်၍ တာဝန်မှ ဆိုင်းငံ့လိုက်သည်။ ဝန်ကြီးချုပ် ပရာယွတ် အစိုးရလက်ထက်၌ ပြဋ္ဌာန်းထားသည့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးချုပ်သက်တမ်းကို အများဆုံး ၈ နှစ်ထက်ကျော်လွန်၍ တာဝန်ထမ်းဆောင်ခွင့် မရှိဟု ဖော်ပြထားသည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန်ယူခြင်းဖြစ်သဖြင့် ယမန်နေ့ ညအချိန်တွင် တာဝန်ထမ်းဆောင်မှု ၈နှစ် သက်တမ်းပြည့်ပြီဖြစ်ရာ ရာထူးမှ ရပ်ဆိုင်းပေးရန် အတိုက်အခံ လွှတ်တော်အမတ်များက တောင်းဆိုစာကို လွှတ်တော်ပါလီမာန်မှ တရားရုံးသို့ ပေးပို့လျှောက်ထားခဲ့သည်။ ယင်းလျှောက်ထားမှုကို အခြေခံဥပဒေတရားရုံးမှ ခုံရုံးတရားသူကြီး ကိုးဦးပါဝင်သည့်အဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၅ […]

အိန္ဒိယမှာစတွေ့သည့် တုပ်ကွေးအသစ် ကလေးများကို ခြိမ်းခြောက်လာ

diz_admin

August 24, 2022

နားလည်ရန်ခက်နေဆဲဖြစ်၍ ခရမ်းချဉ်တုပ်ကွေးဟု အမည်ပေးထားသည့် ရောဂါတစ်မျိုး အိန္ဒိယတွင် တွေ့ရှိပြီးနောက် ယင်းရောဂါပို၍ ပျံ့နှံ့လာမည်ကို စိုးရိမ်ကြောက်ရွံ့လျက်ရှိသည်။ ထိုရှားပါးဗိုင်းရပ်စ်ကူးစက်မှုကို အိန္ဒိယနိုင်ငံ ခဲရလာဒေသတွင် မေလ ၆ ရက်ကပထမဆုံး တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ငါးနှစ်အောက် ကလေးပေါင်း ၈၀ ကျော် ကူးစက်ခံရပြီးဖြစ်သည်။ ဩစတေးလျနိုင်ငံတွင် ကူးစက်ကပ်ရောဂါများကို ဉာဏ်ရည်တုနည်းပညာဖြင့် စောင့်ကြည့်လေ့လာသော အဖွဲ့ဦးဆောင်သူ အက်ရှလေကမူ ခရမ်းချဉ်တုပ်ကွေးသည် ဩစတေးလျသို့လည်း ရောက်လာနိုင်သည်ဟု လက်တွေ့ကျကျ ယူဆထားဖို့လိုကြောင်း သတင်းဌာနတစ်ခုကို ဖြေဆိုထားသည်။ “တကယ်လို့ ဒီကူးစက်မှုကို ကျွန်မတို့ အနီးအနားက နိုင်ငံတွေမှာတွေ့တယ်လို့ သတင်းတွေတွေ့ရပြီ ဆိုရင် ကျွန်မတို့ ဒါကို ပြန်ခြေရာခံလို့ရပါတယ်။ ပြောရရင် နှစ်လလောက်ထဲမှာ သုံးနိုင်ငံကနေ ငါးနိုင်ငံလောက်မှာ အဲဒီကူးစက်မှုမျိုးတွေ့ရရင် ဒီကူးစက်မှုဟာ ဩစတေးလျကို ရောက်လာဖို့ ဖြစ်နိုင်ချေတော်တော် မြင့်ပါတယ်။ […]