ရပ်နားထားသော ဇမ္ဗူသီရိအဖွဲ့ မနက်ဖြန်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပတ်မည်
diz_admin
August 22, 2022ရပ်နားထားသည့် ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ မနက်ဖြန်(ဩဂုတ် ၂၃)မှစပြီး အရေးပေါ်လူနာများကို ပြန်လည်ကူညီ သယ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့မှစပြီး ရန်ပုံငွေပြတ်လပ်မှုနှင့် စက်သုံးဆီ ဝယ်ယူရရှိနိုင်မှု အခက်အခဲကြောင့် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ကို ယာယီရပ်နားထားခြင်းဖြစ်သည်။ သို့သော်ဒေသခံပြည်သူများ၏ အဆက်မပြတ် အကူအညီ တောင်းခံလာမှုကြောင့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး ပုံမှန်အတိုင်း ပြန်လည်ကူညီ ဆောင်ရွယ်ပေးတော့မည် ဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။ “အဓိကကတော့ ပြည်သူတွေအခက်အခဲကြောင့်ပေါ့ ဒီကာလမှာအခက်အခဲတွေ အများကြီး ကျွန်တော်တို့မှာ အကူအညီတောင်းခံလာတိုင်း ငြင်းဖို့မဝံမရဲဖြစ်မိတယ်။ ရန်ပုံငွေ မလောက်ရင် အိတ်စိုက်ပြီး တက်နိုင်သလောက် ကူညီမယ်လို့ ဆုံးဖြတ်ထားတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ ရပ်နားထားသည့် ၁၁ ရက်ကြာကာလအတွင်း လစဉ်အလှူရှင်များနှင့် […]


