ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အိန္ဒိယမှာစတွေ့သည့် တုပ်ကွေးအသစ် ကလေးများကို ခြိမ်းခြောက်လာ

diz_admin

August 24, 2022

နားလည်ရန်ခက်နေဆဲဖြစ်၍ ခရမ်းချဉ်တုပ်ကွေးဟု အမည်ပေးထားသည့် ရောဂါတစ်မျိုး အိန္ဒိယတွင် တွေ့ရှိပြီးနောက် ယင်းရောဂါပို၍ ပျံ့နှံ့လာမည်ကို စိုးရိမ်ကြောက်ရွံ့လျက်ရှိသည်။ ထိုရှားပါးဗိုင်းရပ်စ်ကူးစက်မှုကို အိန္ဒိယနိုင်ငံ ခဲရလာဒေသတွင် မေလ ၆ ရက်ကပထမဆုံး တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ငါးနှစ်အောက် ကလေးပေါင်း ၈၀ ကျော် ကူးစက်ခံရပြီးဖြစ်သည်။ ဩစတေးလျနိုင်ငံတွင် ကူးစက်ကပ်ရောဂါများကို ဉာဏ်ရည်တုနည်းပညာဖြင့် စောင့်ကြည့်လေ့လာသော အဖွဲ့ဦးဆောင်သူ အက်ရှလေကမူ ခရမ်းချဉ်တုပ်ကွေးသည် ဩစတေးလျသို့လည်း ရောက်လာနိုင်သည်ဟု လက်တွေ့ကျကျ ယူဆထားဖို့လိုကြောင်း သတင်းဌာနတစ်ခုကို ဖြေဆိုထားသည်။ “တကယ်လို့ ဒီကူးစက်မှုကို ကျွန်မတို့ အနီးအနားက နိုင်ငံတွေမှာတွေ့တယ်လို့ သတင်းတွေတွေ့ရပြီ ဆိုရင် ကျွန်မတို့ ဒါကို ပြန်ခြေရာခံလို့ရပါတယ်။ ပြောရရင် နှစ်လလောက်ထဲမှာ သုံးနိုင်ငံကနေ ငါးနိုင်ငံလောက်မှာ အဲဒီကူးစက်မှုမျိုးတွေ့ရရင် ဒီကူးစက်မှုဟာ ဩစတေးလျကို ရောက်လာဖို့ ဖြစ်နိုင်ချေတော်တော် မြင့်ပါတယ်။ […]

မြိတ် ကန်ကြီးနယ်မြေက ရာအိမ်မှူးတစ်ဦး ထပ်မံပစ်သတ်ခံရ

diz_admin

August 23, 2022

မြိတ်မြို့ ကန်ကြီးနယ်မြေ ရာအိမ်မှူး ဦးသန်းဦး ယနေ့ ညနေပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ် ၂၃) ညနေ ၃ နာရီဝန်းကျင်က မြိတ်မြို့၊ ကလွှင်ကျေးရွာအုပ်စု၊ NFD အိမ်ယာစီမံကိန်းနှင့် ကမ်းသာယာကျေးရွာအနီးလမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အနီးကပ် ပစ်သတ်ခံထားရတဲ့အနေအထားပဲ။ ထိတာကနဖူးမှာထိတာ။ မင်္ဂါထဲမှာ သေနေတယ်” ဟု ငွေပုလဲရပ်ကွက်နေ အမျိုးသား ကပြောသည်။ ပစ်သတ်ခံရသူသည် ဦးသန်းဦးသည် အိန္ဒိယထုတ်သုံးဘီးဆိုင်ကယ် (မင်္ဂါ) မောင်းသူဖြစ်ပြီး ရေပုန်းရပ်ကွက်တွင် နေထိုင်ကြောင်း ရပ်ကွက်သားများက ပြောသည်။ “သူကရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ပေါင်းပြီး ဆောင့်ကြွားကြွားနေနေတာ။ အခုရင်ခွဲရုံကို သယ်လာပြီလို့ ကြားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး အသတ်ခံရသည့် အကြောင်းအရင်းနှင့် […]

ထိုင်းတွင် လျှပ်စစ်စက်ရုံက လုပ်သား ၁၆ဝကို နစ်နာကြေးပေးပြီး အလုပ်ထုတ်

diz_admin

August 23, 2022

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတစ်ရုံသည် လုပ်ငန်းအရှုံးပေါ်သဖြင့် အလုပ်သမားဦးရေ လျှော့ချသည့်အနေဖြင့် အလုပ်သမား ၁၆၀ ဦးကို နစ်နာကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။ ချွန်ဘူရီခရိုင် ခလောတမ်းရူဒေသ အမတစက်မှုဇုံရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော SIAM ORIENT ELECTRIC CO., LTD. စက်ရုံက အလုပ်သမား ၁၆၀ ဦးကို ဩဂုတ်လ ၁၉ ရက်နေ့က အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အလုပ်သမားများ အလုပ်ထုတ်ခံရသော သတင်းအရ ထိုင်းအလုပ်သမားဝန်ကြီး၏ ညွှန်ကြားမှုဖြင့် အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အလုပ်သမား အခွင့်ရေးအပြည့်အဝရရှိစေရန် သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ စက်ရုံတွင် အလုပ်သမား ၂၉၀ ဦးရှိသည့်အနက် စက်ရုံနှင့် စာချုပ်ချုပ်ထားသော အလုပ်သမား ၁၂၀ ဦးနှင့် ပုတ်ပြတ် အလုပ်သမား […]

တနင်္သာရီ ကော့မပြင်းရွာအနီး တိုက်ပွဲခုနစ်ကြိမ်ဖြစ်၊ ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦးကျဆုံး

diz_admin

August 23, 2022

တနင်္သာရီမြို့နယ်၊ ကော့မပြင်းအနီးတွင် တိုက်ပွဲ ခုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦး ကျဆုံးခဲ့ရကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၂၃) ထုတ်ပြန်သည်။ ကော့မပြင်းကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တို့အကြား ဩဂုတ်လ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ရက်အတွင်း တိုက်ပွဲ ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ကျဆုံးကာ သုံးဦးမှာ ထိခိုက်ဒဏ်ရာရသော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ငါးဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဩဂုတ်လ ၂၁ ရက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကော့မပြင်းရွာသားအချို့ကို မေးမြန်းချက်အရ သိရသည်။ “စစ်တပ်က ပြန်ဆုတ်သွားလို့ အပစ်အခတ်တွေ ပြန်ငြိမ်သွားတာပါပြီ” ဟု […]

ကဏန်းမဲဈေးပြန်တက်သော်လည်း စရိတ်ကြီးမြင့်မှုကြောင့်တွက်ခြေမကိုက်သေးဟုဆို

diz_admin

August 23, 2022

မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းပြန်တက်နေသော်လည်း ကဏန်းဖမ်းရသည့် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် တွက်ခြေမကိုက်သေးကြောင်း ကဏန်ဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတို့က ပြောသည်။ ပြီးခဲ့သည့် မေလအတွင်းက ကဏန်းမဲကို ထိုင်းသို့တင်ပို့နေကျဖြစ်သည့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်ခဲ့သဖြင့် ကဏန်းမဲဆိုဒ်စုံတစ်ပိဿာလျှင် တစ်သောင်းရှစ်ထောင်ကျပ်မှ ကိုးထောင်ကျပ်အထိ ထိုးကျခဲ့သည်။ ဩဂုတ်လ ၂ ရက်နေ့တွင် နယ်စပ်ဂိတ်ပြန်ဖွင့်ခဲ့သဖြင့် ၁၃၀၀၀ ကျပ်အထိ ဈေးပြန်တက်လာခဲ့သည်။ “ကိုယ့်ပစ္စည်း ဈေးပြန်တက်တာ ဝမ်းလာလို့မရသေးဘူး။ ကုန်ဈေးနှုန်းတက်နေတာ ကြည့်ကြည့်လေ။ ဒီဇယ်ဆို လိုသလောက်ဝယ်တာ မရသေးဘူး” ဟု အင်းလေးမြိုင်ရပ်နေ ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူ အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ ကဏန်းမဲဖမ်းလုပ်ငန်း တစ်ရက်တာအတွက် ဒီဇယ်ဆီ၊ ဂဏန်းအစာ၊ စားသောက်စရိတ်စသဖြင့် ကျပ်နှစ်‌သောင်း ဝန်းကျင်အထိ ကုန်ကျနေပြီး တစ်ရက်ပျမ်းမျှ ရရှိသည့် ကဏန်းနှစ်ပိဿာအတွက် ငွေနှစ်သောင်း […]

ထိုင်းတွင် လျှပ်စစ်မီတာခဈေးမြင့်တက်မှု မြန်မာလုပ်သားများ ပိုခက်ခဲလာနိုင်

diz_admin

August 22, 2022

ထိုင်းနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် လျှပ်စစ်မီတာခပါ ဈေးတက်တော့မည်ဖြစ်ရာ မြန်မာအလုပ်သမားများအတွက် အခက်အခဲပိုမိုရင်ဆိုင်ရနိုင်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားများကို မေးမြန်းချက်အရ သိရသည်။ ပြည်တွင်းတွင် ဓာတ်ငွေ့ထုတ်လုပ်မှုလျော့ကျလာ၍ LNG (Liquefied Natural Gas) ဓာတ်ငွေ့ကို ပြည်ပမှ ဈေးကြီးပေးတင်သွင်းနေရသဖြင့် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ မီတာခလက်ရှိဈေးနှုန်း၏ ၁၈ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ တစ်ယူနစ်ဈေးနှုန်း ၄ ဘတ်မှ ၄ ဒသမ ၇၂ ဘတ်သို့ တိုးမြင့်ကောက်ခံမည်ဖြစ်သည်။ ထိုင်းနိုင်ငံသားများနည်းတူ မြန်မာအလုပ်သမားများလည်း ပေးဆောင်ကြရမည်ဖြစ်ပြီး ဥပမာ မီတာခ တစ်လ ၁၀၀ဝဘတ် ကုန်ကျနေသူများသည် နှုန်းထားသစ်အရ ၁၁၈၀ ဘတ်ကုန်ကျတော့မည်ဖြစ်သည်။ ထိုင်းရောက်မြန်မာအလုပ်သမားများအတွက်မူ အခြေခံလုပ်ခလစာ မတိုးလာသော်လည်း ကုန်ကျစရိတ်နောက်တစ်ခု ထပ်မံတိုးလာခြင်းဖြစ်သည်။ “ဒီနှုန်းထားက OT (အချိန်ပိုကြေး) ပုံမှန်ရနေတဲ့သူတွေအတွက်ကိစ္စမရှိပေမယ့် OT မရှိဘဲ […]

စင်္ကာပူတွင် လိင်တူဆက်ဆံမှု တားမြစ်ထားသည့်ဥပဒေ ပုဒ်မ ၃၇၇ ကိုပယ်ဖျက်

diz_admin

August 22, 2022

ဝန်ကြီးချုပ် လီရှန်လွန်းက ကိုလိုနီခေတ်ဥပဒေဖြစ်သော လိင်တူစုံမက်ခြင်းကို ဥပဒေအရ ပိတ်ပင်ထားခြင်းကို ဖယ်ရှားလိုက်ကြောင်း ကြေညာလိုက်ပြီးနောက် စင်္ကာပူသားအချို့ ပျော်ရွှင်ဝမ်းမြောက်စွာ အောင်ပွဲခံလျက် ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ “လူသားမျိုးနွယ်အတွက် အောင်ပွဲတစ်ရပ်” ဖြစ်ကြောင်း LGBT အရေး တက်ကြွလှုပ်ရှားသူများက ယင်းသို့ ရရှိခြင်းကို ခိုင်းနိူင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်၏ မိန့်ခွန်းထဲတွင် အစိုးရအနေဖြင့် လက်ထပ်ခြင်းဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဥပဒေအရ ပိုမို အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထည့်ပြောသွားသဖြင့် လိင်တူလက်ထပ်ခြင်းကို တရားဝင် ပြုနိုင်ရေး ပိုမိုခက်ခဲသွားမည်လောဟု စိုးရိမ်မှုများလည်း ရှိသည်။ စင်္ကာပူနိုင်ငံသည် ရှေးရိုးစွဲသည့် အယူအဆများရှိသည်ဟု သတ်မှတ်ခံရပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက စတင်ကာ ကိုလိုနီခေတ်ဥပဒေ ပုဒ်မ၃၇၇ ကို ဖယ်ရှားပေးရန် တောင်းဆိုမှုများ မြင့်တက်လာသည်။ အိန္ဒိယ၊ ထိုင်ဝမ် နှင့် ထိုင်းနိုင်ငံတို့တွင် လိင်တူအခွင့်အရေးတောင်းဆိုမှုများ […]

လယ်သမားများ စရိတ်သက်သာရန် ရိတ်သိမ်းခြွေလှေ့စက်များ ချပေးမည်ဟုဆို

diz_admin

August 22, 2022

မြိတ်ခရိုင်အတွင်းရှိ တောင်သူလယ်သမားများ စရိတ်သက်သာစေရန်အတွက် ရိတ်သိမ်းခြွေလှေ့စက် ၁၀ စီးချပေးသွားမည်ဟု သိရှိရကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမောင်ထွေး ထံမှသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြိတ်မြို့သို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ရောက်ရှိစဉ် လယ်သမားများအတွက် ရိတ်သိမ်းခြွေလှေ့စက် ဆယ်စီးအား ချပေးမည်ဟု ကတိပေးပြောဆိုသွားကြောင်း ၎င်းကပြောသည်။ “တောင်သူတွေရဲ့ အခက်အခဲကို တင်ပြပြီး တောင်းဆိုခဲ့တယ်။ ဒီအပေါ်မှာ ဝန်ကြီးချုပ်ကလည်း ဆောင်ရွက်ပေးမယ်လို့ ကတိပေးသွားတယ်”ဟု ဆန်စက်လုပ်ငန်းရှင်ကြီး တစ်ဦးလည်းဖြစ်သည့် ၎င်းကပြောသည်။ မြိတ်ခရိုင်အတွင်းရှိ စပါးစိုက်တောင်သူများ ယခုနှစ်မိုးရာသီ စပါးစိုက်ကာလအတွင်း စက်သုံးဆီ၊ ဓါတ်မြေသြဇာနှင့် အထွေထွေသွင်းအားစုများ မြင့်တက်မှုကြောင့် အရှုံးခံကာ စိုက်ပျိုးခဲ့ကြရသည်။ ယင်းအပေါ် တောင်သူများ သက်သာစေရန် ရည်ရွယ်၍ တောင်းဆိုပေးခဲ့သည်ဟု ဦးမောင်ထွေး ကဆိုသည်။ “စက်တွေရောက်လာရင်တော့ အပြင်ပေါက်စျေးထက် အများကြီးသက်သာအောင်တော့ စီစဉ်ဆောင်ရွက်ပေးသွားဖို့ရှိတယ်”ဟု […]