ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး အသတ်ခံရ

diz_admin

November 26, 2022

ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးနှင့် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ အမျိုးသားသုံးဦး၏ အလောင်းလေးလောင်းကို နိုဝင်ဘာ ၂၅ ရက်နေ့ (မနေ့က) မနက်ပိုင်းတွင် ဆင်ဖြူပြင်ဆိပ်ကမ်းအနီးတွေ့ရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရွာ ဆိပ်ခံတံတားအနီးတွင် ငါးဖမ်းလှေတစ်စီး မျောပါနေသည်ကို တွေ့ရှိရပြီး လှေပေါ်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့ပေါ်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လှေပေါ်တွင်သေဆုံးနေသူ အမျိုးသမီးမှာ ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက်မှ မခိုင်(ခေါ်) ဒေါ်ဝင်းခိုင်ကျော်ဖြစ်ပြီး သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ အမျိုးသား သုံးဦးမှာ ရွာအခေါ် သားသား(ခ) ကိုအောင်မျိုးသန်း၊ အာလူး၊ ချူးဝါး တို့ဖြစ်သည်ဟု ပြင်းဖြူကြီးရွာမှ ဒေသခံအချို့က ပြောသည်။ အသက် ၃၅ နှစ်ခန့်ရှိ သားသားမှာ ရွာတွင် လှေငယ်ဖြင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး […]

ဘန်ကောက်တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သော မြန်မာလုပ်သား နေရပ်ပြန်ပြီဟုဆို

diz_admin

November 26, 2022

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သော မြန်မာအလုပ်သမားကို ယနေ့ (နိုဝင်ဘာ ၂၆) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးထံမှ သိရသည်။  ကိုအဒီးအမည်ရှိသော မြန်မာအလုပ်သမားသည် ဘန်ကောက်မှ မဲဆောက်သို့ ကားဖြင့် ရောက်ရှိလာခဲ့ပြီးနောက် မဲဆောက်မြို့ အလုပ်သမားသံအရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့် မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ ပြန်လည်ပို့ဆောင်ပေးကြောင်း သိရသည်။ “ဒီနေ့ပဲ အဆင်ပြေအောင် ဆောင်ရွက်ပေးလိုက်ပါပြီ၊ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လွှတ်ပေးလိုက်တာပါ” ဟု မဲဆောက်အခြေစိုက် အလုပ်သမားသံအရာရှိ ဦးပြည့်ဖြိုးအောင်က ဆိုသည်။ အလုပ်လက်မဲ့ဖြစ်နေသော ကိုအဒီးသည် ဘန်ကောက်ခရိုင် ဟွေ့ကွမ်ဒေသ မာန်ရတီလမ်းဆုံရှိ ဖလမ်းကောက် ခုံးကျော်တံတားပေါ်မှ နိုဝင်ဘာလ ၁၃ ရက်‌ ညနေပိုင်းတွင် […]

တနင်္သာရီ၊လယ်သစ်တွင် စစ်ရေးတင်းမာနေ၍ တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်

diz_admin

November 26, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်က ပစ်ခတ်မှုဖြစ်ခဲ့ပြီး ယနေ့တွင် စစ်ရေးတင်းမာလျက်ရှိသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။ လယ်သစ်ကျေးရွာ အနောက်ကမ်းဖက်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေသည်ဟု ဒေသခံများကပြောသည်။ မနေ့ကမနက်ပိုင်းတွင် ပစ်ခတ်သံအချို့ ကြားခဲ့ရပြီး စစ်ကောင်စီဖက်မှ နှစ်ဦးထိခိုက် ဒဏ်ရာရခဲ့သည်ဟုလည်း ကြားခဲ့ရကြောင်း လယ်သစ်ဒေသခံ အမျိုးသမီးတစ်ဦးကဆိုသည်။ “ဒီနေ့တော့ မချကြသေးဘူး။ ချရင်လည်းမနေ့ကထက် ပိုကြမ်းမယ်ထင်တယ်။ ရွာသားတွေက ရင်တဒိတ်ဒိတ်ပဲ”ဟု ၎င်းကပြောသည်။ လက်ရှိအချိန်တွင် လယ်သစ်အရှေ့ကမ်း အနောက်ကမ်း နှစ်ရွာစလုံးတွင် ရွာသားများမရှိကြတော့ဘဲ စစ်ကြောင်းထိုးလာသည့် နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက တောထဲသွားရောက် ရှောင်တိမ်းနေကြရသည်။ လယ်သစ်ကျေးရွာတွင် ၂၀၂၂ နှစ်အစမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး […]

စတိဗ်ဂျော့စ် စီးခဲ့သည့် ကွင်းထိုးဖိနပ် ဒေါ်လာနှစ်သိန်းကျော်ဖြင့် လေလံတင်ရောင်းချ

diz_admin

November 26, 2022

Apple ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့ရာ စတိဗ်ဂျော့စ် ၏ ကယ်လီဖိုးနီးယားရှိနေအိမ်သည် သမိုင်းဝင်နေရာ တစ်ခု ဖြစ်လျက်ရှိကာ၊ အဆိုပါ အိမ်ထဲတွင် စီးခဲ့သည့် ကွင်းထိုးဖိနပ်ကို ဒေါ်လာ နှစ်သိန်းကျော် (၂သိန်း၁သောင်း၈ထောင်) ဖြင့် လေလံတင်ရောင်းချခဲ့ရသည်။ ၁၉၇၀ ကာလများက စတိဗ်ဂျော့စ် စီးခဲ့သော အဆိုပါ အညိုရောင်ဖိနပ်သည် ကွင်းထိုးဖိနပ်များ လေလံတင်ရာ၌ အမြင့်ဆုံးစျေးရရှိသွားခြင်း ဖြစ်သည်ဟု Julien’s Auctions လေလံကုမ္ပဏီက ပြောကြားခဲ့သည်။ နှစ်ပေါင်းများစွာ အိမ်တွင်း စီးထားသည့် ဖိနပ်ဖြစ်သည့်အတွက် ဖိနပ်တွင် စတိဗ်ဂျော့စ် ၏ ခြေရာထင်နေကြောင်း လေလံကုမ္ပဏီက ထုတ်ပြန်ထားသည်။ အဆိုပါ ကွင်းထိုးဖိနပ်အဟောင်းကို ဒေါ်လာ (၆သောင်း) ရရှိရန် ခန့်မှန်းထားခဲ့ပြီး နောက်ဆုံး ရောင်းစျေးက ဒေါ်လာ (၂၁၈၀၀၀) အထိ ရရှိခဲ့ခြင်း ဖြစ်သည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

November 25, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗြီတိန်က ယူကရိန်းအတွက် ရဟတ်ယာဉ်တွေ ပထမဆုံး ပေးပို့မယ် ရုရှား – ယူကရိန်းအရေးမှာ ယူကရိန်းကိုကူညီတဲ့အနေနဲ့ ဗြိတိန် ကနေ ရဟတ်ယာဉ်တွေ ပထမဆုံးအကြိမ်အနေနဲ့ စေလွှတ်မယ်လို့ လန်ဒန် ကာကွယ်ရေးဝန်ကြီးဌာနကနေ နိုဝင်ဘာ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ လေယာဉ်အမှုထမ်းနဲ့ အင်ဂျင်နီယာဆယ်ဦးတို့ဟာ ယူကေမှာ ခြောက်ပတ်ကြာ လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ကြတာပါ။ ဗြိတိသျှတိုက်ခိုက်ရေးယာဉ်အမျိုးအစား Sea King ရဟတ်ယာဉ်သုံးစင်းနဲ့အတူ နောက်ထပ်အမြောက်ကျည် ၁၀,၀၀၀ ကိုလည်း ထောက်ပံ့ပေးမယ်လို့ ဆိုထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်သစ် မစ္စတာရီရှီဆူးနက်ခ်ကတော့ အီရန်ကနေ ရုရှားကို ထောက်ပံ့ပေးထားတဲ့ ဒရုန်းတွေကို […]

ညောပြင်ရွာဖြစ်စဉ်တွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

November 25, 2022

လောင်းလုံးမြို့နယ် ညောပြင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းက ညောပြင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ညောပြင်ရွာသား အသက် ၂၀ကျော်အရွယ်ရှိ ဒေသအခေါ် လေးရွာစားဆိုသူ အမျိုးသားနှင့် အီကြာကွေးကြော်ရောင်းသည့် ရွှေ့ပြောင်းလုပ်သား အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အလောင်းကို ခြုံထဲကို ဆွဲသွင်းထားခဲ့တယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်သွားပြီး ဒေသခံများ၏ ဆိုင်ကယ် ၁၅ စီးခန့်ကို ယူဆောင်သွားသည်ဟု ဒေသခံတို့က ပြောဆိုသည်။ “နေအိမ်တွေလည်း ဖျက်ဆီးခံထားရတယ်။ […]

လောင်းလုံး ညောပြင်ရွာသား ၂၀ ခန့် ဖမ်းဆီးခံရ

diz_admin

November 25, 2022

လောင်းလုံးမြို့နယ် ညောပြင်ရွာသို့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ညောပြင်ရွာသား ၂၀ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၅ ‌နာရီခန့်တွင် VIGO ကားသုံးစီးဖြင့် စစ်ကောင်စီစစ်ကြောင်းက သေနတ်ပစ်ဖောက် ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ဒေသခံရွာသား အမျိုးသား၊ အမျိုးသမီး ၂၀ ခန့်ကို ညောပြင်ရွာ သင်္ချိုင်းကုန်းတွင် ဖမ်းဆီးကာ နေအိမ်အချို့ကို ဖျက်ဆီးခံရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်အချက် သုံးဆယ်လောက်ရှိမယ် ပစ်ပြီးဝင်လာတာ။ အခုလောလောဆယ်တော့ ရွာသားတွေကို သင်္ချိုင်းကုန်းမှာ ဖမ်းထားတယ်” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံထားရသူများမှာ ယနေ့ ညနေ ၄နာရီအထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ […]

ပုလောနှင့် ကျွန်းစုက ဒီရေတော ဧကလေးထောင်ကျော်ကို ကာကွယ်တောအဖြစ်သတ်မှတ်

diz_admin

November 25, 2022

မြိတ်ခရိုင် ကျွန်းစုနှင့် ပုလောမြို့နယ်တို့ရှိ ဒီရေတောဧရိယာ ၄၀၅၇ ဧက ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် လိုက်ကြောင်း သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်ရှိ အကျယ်အဝန်း ၃၃၄၀ ဧကရှိသော မအိုင်ကျွန်းဒီရေတောနှင့် ပုလောမြို့နယ်ရှိ အကျယ်အဝန်း ၇၁၇ ဧကရှိသော ကျောက္ကာအနောက်ကျွန်းတို့ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ မအိုင် ဒီရေတောအား ဩဂုတ်လကတည်းက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကျောက္ကာအနောက်ကျွန်းကိုမူ နိုဝင်ဘာလ ၁၅ ရက်က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ မအိုင်ကျွန်း ဒီရေတောအတွင်း လမု၊ သမဲ့၊ ကန့်ပလာ၊ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ မဓမ၊ ပင်လယ်အုန်း၊ ခရာ အစရှိသည့် ဒီရေတောပင်များ ပေါက်ရောက်လျက်ရှိပြီး ရေငန်ငါးအမျိုးမျိုး၊ ပုစွန်၊ ကဏန်း၊ ခရုစုပ်ငှက်၊ နှုတ်သီးဝိုင်း ရေညောင့်ငှက်၊ […]