တိုက်ပွဲရက်ဆက်ဖြစ်လာပြီးနောက် ပုလောရွာအချို့ ဧည့်သည်လက်မခံရဲဖြစ်လာ
diz_admin
November 30, 2022တိုက်ပွဲနေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့် ပုလောမြို့နယ် ကျေးရွာအချို့တွင် ညအိပ်ဧည့်သည် လက်မခံရဲတော့သည့် အခြေအနေဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နှင့် ပလမြို့နယ်ခွဲကြားရှိ ကျေးရွာများအနီးတစ်ဝိုက်တွင် နိုဝင်ဘာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်လာနေပြီး ယင်းမြို့အနီးရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက ဝင်ရောက် ရှာဖွေ စစ်ဆေးမှုများပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။ ပလမြို့သည် ပုလောမြို့၏ တောင်ဖက်တွင်ရှိသည်။ ယင်းသို့ စစ်ဆေးရာတွင် ဧည့်သည်လက်မခံရန်၊ လက်ခံလျှင် အိမ်ရှင်ပါ အမှုပတ်မည် စသဖြင့် ပြောဆိုသတိပေးမှု များ ရှိကြောင်း ဒေသခံများက ဆိုသည်။ ယင်းနောက် ဧည်သည့်များကို နေထိုင်ခွင့်ပြုရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။ “ရွာခံကလွဲပြီး ဧည့်သည်နေထိုင်ခွင့် မပေးတော့ဘူး။ မောင်နှမသားချင်း လာနေတာတောင် မရတော့ဘူး” ဟု ပုလောမြို့အနီးနေ ကျေးရွာဒေသခံအမျိုးသားတစ်ဦးက […]


