ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆန္ဒပြပွဲများ အနှံ့အပြားဖြစ်ပြီးနောက် ကိုဗစ်တင်းကျပ်မှုများကို တရုတ်မြို့ကြီးနှစ်မြို့တွင် စတင်ဖြေလျော့

diz_admin

December 2, 2022

တရုတ်တွင် ကမ္ဘာ့အတင်းကျပ်ဆုံး ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ကန့်သက်ချက်များကို ဆန့်ကျင်ဆန္ဒပြနေ ကြရာ ဂွမ်ကျိုးပြည်နယ်တောင်ပိုင်းတွင် ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်အဓိကရုဏ်းဖြစ်ခဲ့ကြပြီးနောက် ဂွမ်ကျိုးနှင့် ချုံကင်းမြို့များတွင် တင်းကျပ်မှုများကို ဖြေလျော့လိုက်ကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။ ဒီဇင်ဘာလ ၁ ရက်က စတင်ဖြေလျှော့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ ရှန်ဟိုင်း၊ ဘေဂျင်း စသည့် မြို့တော်ကြီးများအထိ ကူးစက်ခဲ့သော ဆန္ဒပြပွဲများသည် သမ္မတရှီကျင့်ဖျင်၏ ဩဇာအာဏာကို လူမြင်ကွင်းတွင် အံ့တုသည့် ပုံရိပ်များ ဖြစ်လာခဲ့သည်။ တရုတ် အနောက်တောင်ပိုင်း ချုံကင်းမြို့တွင် ကိုဗစ် ၁၉ လူနာများနှင့် ထိတွေ့ခဲ့သူများကို နေအိမ်များတွင်သာ သီးခြားခွဲခြားနေခြင်းကို ခွင့်ပြုမည်ဟု မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။ ဟောင်ကောင်အနီးအနား ဂွမ်ကျိုးမြို့တွင် အလားတူ တင်းကျပ်မှုများကို ဖြေလျော့ပေးသည်ဟု ကြေညာ ထားကာ တိုင်းပြည်အနှံ့ […]

အီရန်အသင်း ကမ္ဘာ့ဖလားကထွက်ရလို့ အောင်ပွဲခံသည့် အီရန်နိုင်ငံသားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပစ်သတ်

diz_admin

December 1, 2022

အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်လိုက်ရတာကို ကားဟွန်းတီးပြီး အောင်ပွဲခံခဲ့တဲ့ အီရန်နိုင်ငံသားဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်တာကို ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အီရန်ဟာ အုပ်စုအဖွင့်ပွဲ အင်္ဂလန်ကို ခြောက်ဂိုး နှစ်ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ရကာ အရှက်တကွဲဖြစ်ခဲ့ရပြီး အုပ်စုဒုတိယပွဲစဉ်အရောက်မှာတော့ ဝေလကို နှစ်ဂိုး ဂိုးမရှိနဲ့အနိုင်ယူကာ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ်အဖြစ် နိုဝင်ဘာလ ၃၀ ရက်က ကစားရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အမေရိကန်ကို တစ်ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတာပါ။ အီရန်အစိုးရရဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင်နေတဲ့ အီရန်ပြည်သူလူထုဟာ အင်္ဂလန်နဲ့ပွဲတုန်းက နိုင်ငံတော်သီချင်း မသီဆိုဘဲ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြခဲ့စဉ်က အီရန်ဘောလုံးအသင်းကို အားပေးထောက်ခံခဲ့ကြပါတယ်။ ဝေလနဲ့ပွဲစဉ် အရောက်မှာ အီရန်နိုင်ငံတော်သီချင်းကို ကစားသမားတွေက ပြန်လည်သီဆိုလိုက်ကြတဲ့အတွက် အီရန်ဘောလုံးအသင်းဟာ အစိုးရဘက်သားတွေဖြစ်သွားပြီလို့ […]

ထိုင်းတွင် ပွဲစား စွန့်ပစ်ထားခဲ့သော တရားမဝင် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

diz_admin

December 1, 2022

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် ကားသမားဖြစ်သူ ပွဲစားက စွန့်ပစ်ထားခဲ့သော တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၁၃ဦးကို ဖမ်းဆီးရမိကြောင်း အမှတ် (၃၄) ထိုင်းနယ်ခြားစောင့်တပ်က နိုဝင်ဘာလ ၃ဝရက်တွင် ထုတ်ပြန်သည်။ တရားမဝင် မြန်မာအလုပ်သမားများကို ကားဖြင့် တင်ဆောင်လာသည်ဆိုသည့် သတင်းအရ နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းက စောင့်ဆိုင်းနေစဉ် ယင်းကားကို တာခ့်ခရိုင် မဲလမတ်ဒေသရှိ ဆေးရုံရှေ့တွင် အာဏာပိုင်များက တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မော်ဝါးဆိုသည့်ရွာဘက်သို့ လမ်းကြောင်းပြောင်း ထွက်ပြေးသွားကြောင်း ဖော်ပြသည်။ ယင်းနောက် အာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်ဝါးရွာလမ်းဘေးတွင် အရှိန်လွန်ကာ လမ်းဘေး ထိုးရပ် ခဲ့သော ပစ်ကပ်ကားကို တွေ့ရှိပြီး ကား၏ အနောက်ဘက်တွင်လိုက်ပါလာသည့် […]

ပွဲချောင်သွားတဲ့ အာဂျင်တီးနားနဲ့ နောက်တစ်ဆင့် တက်ရောက်သွားတဲ့ အသင်းတွေ

diz_admin

December 1, 2022

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့်က အုပ်စု(C) နဲ့ အုပ်စု(D)တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ တူနီးရှားနဲ့ ဩစတြေးလျတို့က နိုင်ပွဲကိုယ်စီရရှိသွားခဲ့ပါတယ်။ အုပ်စုအဖွင့်တုန်းက နာမည်ကြီး အာဂျင်တီးနားကို အနိုင်ရလိုက်လို့ ကစားသမားတစ်ယောက်ချင်းစီအလိုက် ရွိုးလ်ရွိုက်စ်ကားတစ်စီးစီ လက်ဆောင်ရရှိခဲ့တဲ့ ဆော်ဒီအာရေဗျဟာ အုပ်စုဒုတိယပွဲစဉ်မှာ ပိုလန်ကို အရေးနိမ့်ခဲ့သလိုမျိုး အခုကစားရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း မက္ကဆီကို,ကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အာဂျင်တီးနားကတော့ ပိုလန်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို ရယူလိုက်ကာ ပိုလန်ကတော့ အာဂျင်တီးနားကို အရေးနိမ့်ပြီး မက္ကဆီကိုနဲ့ ရမှတ်တူသွားပေမယ့် သွင်းဂိုးကွာခြားချက် အသာစီးအရ နောက်တစ်ဆင့်ဆီကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အုပ်စု(D)ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ လက်ရှိချန်ပီယံ ပြင်သစ်ကို တူနီးရှားက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပြီး ပြင်သစ်ကတော့ အရှုံးရလဒ် ကြုံဆုံရပေမယ့် […]

ထားဝယ်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၍ တစ်ဦးသေ၊လေးဦးဒဏ်ရာရ

diz_admin

November 30, 2022

ထားဝယ်မြို့အနီး ဇဟာရွာအဝင် လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းက မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာ ခရီးသည် အမျိုးသမီး ငါးဦးအနက် လေးဦးဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှသိရသည်။ ယနေ့ ညနေ‌ လေးနာရီဝန်းကျင်ခန့်တွင် မော်လမြိုင်မြို့မှ ထားဝယ်မြို့သို့ ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်အပါအဝင် စုစုပေါင်း လူခုနှစ်ဦးလိုက်ပါလာသော အံစာတုံးအမျိုးအစား မော်တော်ယာဉ်တစ်စီးသည် ထားဝယ်မြို့အဝင် ဇာဟာရွာလမ်းပိုင်းတစ်နေရာ‌တွင် လမ်းဘေးထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ ထားဝယ်ခရိုင် မေတ္တာမြို့နယ် ဖောင်းတောရွာသူ အသက် ငါးဆယ်အရွယ်ရှိအမျိုးသမီး ဖြစ်သည်ဟု ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။ “ကျွန်တော်တို့ ရောက်သွားချိန်မှာတော့ ကားက လမ်းဘေးထိုးကျနေတယ်။ မိုးကလည်း ရွာနေတာပေါ့နော လမ်းချော်တဲ့ အနေထားရှိတယ် သေဆုံးသူအမျိုးသမီးကတော့ ကားအောက်ပိနေတာ မနည်း ဆွဲထုတ်ရတယ်”ဟု ၎င်းကပြောသည်။ အဆိုပါမော်တော်ယာဉ်မှာ မော်လာမြိုင်အခြေစိုက် […]

အင်္ဂလန်နဲ့ ဆီနီဂေါ၊ နယ်သာလန်နဲ့ အမေရိကန်တို့ ထိပ်တိုက်ဆုံပြီ

diz_admin

November 30, 2022

အုပ်စု(A)နဲ့ အုပ်စု(B)ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးသွားခဲ့ပါပြီ။ ဒီအုပ်စု နှစ်ခုရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ အုပ်စုဒုတိယနေရာ အဆုံးအဖြတ်ပွဲစဉ်တွေက ထင်မှတ်မထားတဲ့အဖြေတွေ ထွက်ပေါ်သွားခဲ့ပါတယ်။ အုပ်စု(A)မှာ အုပ်စုဒုတိယပွဲစဉ်တုန်းက နယ်သာလန်ကို သရေခံကန်ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အခြေအနေကောင်းကို ဖန်တီးထားနိုင်ခဲ့တဲ့ အီကွေဒေါဟာ သရေတစ်မှတ်ရရင် ၁၆ သင်းရှုံးထွက်ကို တက်နိုင်ဖို့ ရှိခဲ့ပေမယ့် ဆီနီဂေါကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပါတယ်။ ဆီနီဂေါဟာ အုပ်စုအဖွင့်ပွဲစဉ်တုန်းက နယ်သာလန်ကို အရေးနိမ့်ခဲ့ပေမယ့် အုပ်စုဒုတိယပွဲစဉ်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါကို အနိုင်ကစားပြီး နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ အုပ်စု(B)ရဲ့အုပ်စုဒုတိယနေရာ အဆုံးအဖြတ်ပွဲစဉ်သဘောဖြစ်ခဲ့တဲ့ အီရန်နဲ့ အမေရိကန်တို့ရဲ့ပွဲစဉ်မှာလည်း အမေရိကန်က အီရန်ကို အနိုင်ယူပြီး ၁၆ သင်းရှုံးထွက်အဆင့်တက်ရောက်ခွင့်ကို ရယူသွားခဲ့ပါတယ်။ အီရန်ဟာ သရေတစ်မှတ် ရရှိရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် အဲ့ဒီအခွင့်အရေးကို အမိအရ […]

ဗိုလ်မှူးတစ်ဦး၏ အလောင်းကိုလာယူသည့် စစ်ကောင်စီကား မိုင်းဆွဲခံရ

diz_admin

November 30, 2022

ဗိုလ်မှူးတစ်ဦး၏ ရုပ်အလောင်းကို သွားယူသည့် စစ်ကောင်စီတပ်ကား သရက်ချောင်းမြို့နယ် ဝဲရစ်နှင့် ကမြိုင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ မြိတ်မှ ထားဝယ်ဘက်ကို ရွှေလီရတနာခရီးသည်ကားပေါ်တွင် အရပ်ဝတ်ဖြင့် လိုက်ပါလာသည့် ကြည်းတပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင်ကို ဘုတ်တောင်၌ နိုဝင်ဘာလ ၂၆ ရက် ည ၇နာရီခွဲခန့်တွင် ဖမ်းမိကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း က ထုတ်ပြန်ထားသည်။ ဗိုလ်မှူးဝင်းဌေးနိုင်မှာ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ လမ်းကြုံလိုက်လာသူ ဖြစ်ပြီး စစ်ဆေးမေးမြန်းနေစဉ် ပြန်လည်ခုခံရန်ကြိုးစားခဲ့သဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဘုတ်တောင်အနီးတွင် ထားခဲ့သည့် ဗိုလ်မှူးဝင်းဌေးနိုင်၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းက စစ်တပ်ကားနှင့် အရေးပေါ်ကားတစ်စီးတို့ဖြင့် လာယူပြီးအပြန် မွန်းလွဲ ၁ […]

ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ပစ်သတ်ခံရ

diz_admin

November 30, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း (ခေါ်) ရှမ်းလေးသည် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ၎င်းသည် ကျိုက်ထိုမြို့ ကျိုက်ပေါလောဘုရားလမ်းနှင့် ကံ့ကော်လမ်းမကြီးတောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခြံဝင်း အတွင်း သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ ၎င်းမှာ ကျည်ငါးချက်ထိမှန်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။   ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။ မိုင်းအောင်နေထွန်းသည် ကျိုက်ထိုမြို့နယ်အတွင်းက မီတာခမဆောင်သည့် နေအိမ်များကို မီးဖြတ်ခြင်း၊ မီတာခ ဆောင်စေရန် ဖိအားပေးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း မြို့ခံတို့က […]