ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်း၊ ရတနာပုံရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

December 5, 2022

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရတနာပုံကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့ နှစ်ကြိမ်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကော့သောင်းခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က ယနေ့ညတွင်ထုတ်ပြန်သည်။ ရတနာပုံဒေသရှိ စစ်ကောင်စီစခန်းကုန်းသို့ ဒီဇင်ဘာ ၃ ရက်နံနက် ၁၁ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းသို့ တိုက်ခိုက်ရာတွင် RPJ ၁ လက်၊ MA 1 တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ တိုက်ပွဲမှာ ၂ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ၃ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရကာ မဟာမိတ်တပ်ဖက်ကကျဆုံးထိခိုက်သူမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့တိုက်ခိုက်ခံရပြီးနောက် နံနက် ၁ နာရီခွဲခန့်တွင် ကော့သောင်းအခြေစိုက်တပ်ရင်းများက ကား၊ ခြေလျင်တို့ဖြင့် လေညာ-ရတနာပုံလမ်းအတိုင်း စစ်ကူလာရောက်ခဲ့ကြောင်း […]

မောင်းမကန်ရွာတွင် ပစ်သံကြားရ၊ ရဲစခန်းဝင်တိုက်ခံရဟု သတင်းထွက်

diz_admin

December 4, 2022

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် သေနတ်ပစ်သံတွေ အဆက်မပြတ်ထွက်ပေါ်နေပြီး ရဲစခန်း ဝင်စီးခံရသည်ဆိုသည့် သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ည ၈ နာရီ ဝန်းကျင်ကနေ မောင်းမကန်ရွာ၏ အရှေ့မြောက်ဘက်ကသေနတ်ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်နေပြီး လက်နက်ကြီးသံများလည်း ကြားရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ည ၈ နာရီလောက်ကတည်းက ရဲစခန်းဖက်ကကြားရတယ်အများကြီးပဲ။ ၉နာရီလောက်ထိ ကြားနေရတယ်” ဟု၎င်းကပြောသည်။ အဆိုပါသေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေမှုကြောင့် ဒေသခံများက မအိပ်ရဲဘဲ အခြေအနေစောင့်ကြည့်နေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “စစ်ကားတွေနဲ့ အရေးပေါ်ကားတွေ အသံတိတ်ဆင်းနေကြာတယ် ဘာဖြစ်နေတယ်ဆိုတာ မသိသေးဘူး”ဟု ထားဝယ် မောင်းမကန်သွားလမ်းပိုင်းကဒေသခံတစ်ဦးကပြောသည်။ မောင်းမကန်နယ်မြေရဲစခန်း ဝင်တိုက်ခံရသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Dawei watch အနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။ မောင်းမကန်နယ်မြေရဲစခန်းသည် လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့၏ မောင်းမကန်နယ်မြေခံရဲတပ်ဖွဲ့ စခန်းတစ်ခုဖြစ်ပြီး […]

ကမြောကင်းတံတားအနီး ပေါက်ကွဲမှုဖြစ်၍ အမျိုးသမီးနှစ်ဦးဒဏ်ရာရ

diz_admin

December 4, 2022

ထားဝယ်မြို့ ကမြောကင်းတံတားအနီး လမ်းမဘေးတွင် ယနေ့ (ဒီဇင်ဘာ ၄) ညနေ လေးနာရီဝန်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ဆိုင်ကယ်စီးလာသည့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံအချို့ထံမှသိရသည်။ ဒဏ်ရာရရှိသူများမှာ ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်သည်။ ယင်းအမျိုးသမီးနှစ်ဦးမှာ မောင်းမကန်မှ ထားဝယ်သို့ပြန်လာစဉ် ထားဝယ်ဘက် ကမြောကင်းတံတားအနီး လမ်း၏ ဝဲဘက်မှ ပေါက်ကွဲမှုတစ်ခုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံခရီးသွားတစ်ဦးကပြောသည်။ “ပေါက်ကွဲသံက အတော်လေးကျယ်တယ်။ မီးခိုးတွေလည်း ထွက်လာတာ မြင်လိုက်တယ်။ ပြီးတာနဲ့အမျိုးသမီးတစ်ဦး လဲနေတာတွေ့ရတယ် “ဟု ၎င်းကပြောသည်။ ဒဏ်ရာရရှိသောအမျိုးသမီး နှစ်ဦးအနက်မှ အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသမီးက မေးစေ့ကွဲကာ ဆိုင်ကယ်ပေါ်မှ ကျသည့်ဒဏ်ရာကြောင့် ဒဏ်ရာပြင်းထန်နိုင်ပြီး […]

ပြင်သစ်နဲ့ အင်္ဂလန်တို့ ခက်ခက်ခဲခဲ ကစားရမယ့်ည

diz_admin

December 4, 2022

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဒီနေ့ညမှာလည်း ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေထဲက ပွဲစဉ်ကောင်း နှစ်ပွဲကို ဆက်လက်ရှုစားရပါတေ့မယ်။ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်က ပိုလန်နဲ့ ကစားရမှာပါ။ နောက်တစ်နေ့ဆီကို ကူးပြောင်းပြီးလို့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲဖြစ်ရင် နာမည်ကြီး အင်္ဂလန်နဲ့ အာဖရိကနိုင်ငံများဖလား ချန်ပီယံ ဆီနီဂေါတို့ရဲ့အားပြိုင်ပွဲ ဆက်လက် ရောက်ရှိလာပါလိမ့်မယ်။ ဒီနေ့ပွဲစဉ်တွေမှာ အနိုင်ရတဲ့အသင်းနှစ်သင်းက ကွာတားဖိုင်နယ်မှာ ထိပ်တိုက်ဆုံဖို့ ရှိနေပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန်တို့ဟာ ပြိုင်ဘက်တွေကို လွယ်လွယ်ကူကူ အနိုင်ရပါ့မလား၊ အသည်းသန် ရုန်းကန်ကစားရလေမလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။ Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။https://anchor.fm/dawei-watch/episodes/ep-e1rne39 Dawei Watch ရဲ့ YouTube […]

အင်အားတစ်သောင်းဖြင့် တိုက်ခိုက်မည်ဟု ဒုစရိုက်ဂိုဏ်းများကို အယ်ဆာဗေဒိုးသမ္မတ စစ်ကြေညာ

diz_admin

December 4, 2022

ရာဇဝတ်ဂိုဏ်းများကို အကြီးအကျယ်ဖြိုခွင်းနေသည့် စစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် အယ်ဆာဗေဒိုးနိုင်ငံ ဆိုယန်ပန်ဂိုမြို့တွင် စစ်အင်အားတစ်သောင်းအသုံးပြုကာ တိုက်ခိုက်မည်ဟု သမ္မတ နာရစ်ဘူကီလီ က ယနေ့ ကြေညာလိုက်သည်။ အဆိုပါ မြို့တော်သို့ သွားသည့် လမ်းများအားလုံးကို ပိတ်ချထားပြီး၊ အထူးတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်း ဒုစရိုက်ဂိုဏ်းဝင်များကို လိုက်လံရှာဖွေလျက်ရှိသည်။ စစ်တပ်အရာရှိများက မြို့ကို ထွက်ခွါလာသူတိုင်းကို တားဆီးစစ်ဆေးကာ မှတ်ပုံတင် စာရွက်စာတမ်းများ ကို စစ်ဆေးလျက်ရှိသည်။ ယခုနှစ်အတွင်း အယ်ဆာဗေဒိုး နိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်နေပြီးနောက် အစိုးရက ဒုစရိုက်ဂိုဏ်းများကို စစ်ပွဲဆင်နေခြင်း ဖြစ်သည်။ ဆိုယန်ပန်ဂိုမြို့သည် အယ်ဆာဗေဒိုးတွင် အကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ကာ လူဦးရေ နှစ်သိန်းကိုးသောင်း ရှိသည်။ အဆိုပါ မြို့သည် ဆန်ဆာဗေဒိုးမြို့တော်၏ ၁၃ ကီလိုမီတာသာ ကွာသော နေရာတွင် ရှိပြီး […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 3, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ သေဒဏ်ချခံရသူ ၁၄၀ နီးပါးရှိလာ၊ သေဒဏ်ချခြင်းရပ်ရန် ကုလလူ့အခွင့်အရေးမင်းကြီးပြော အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုကြောင့် ဖမ်းဆီးခံရသူတစ်သောင်းကျော်အနက် ၁၃၉ ဦးမှာ သေဒဏ်ချမှတ် ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။ နိုဝင်ဘာလ ၃ဝရက် မတိုင်ခင်အထိ သေဒဏ်ချမှတ်ခံထားရသူ ၁၂၈ဦးရှိပြီး နိုဝင်ဘာလ ၃ဝရက်တွင် တက္ကသိုလ် ကျောင်းသားခုနစ်ဦးအပါအဝင် လူငယ် ၁၁ဦးကို သေဒဏ်ချမှတ်လိုက်သဖြင့် စုစုပေါင်း ၁၃၉ ဦးအထိ ရှိလာသည်။ ယင်းအနက် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၄၂ဦးရှိကြောင်း AAPP ၏ စာရင်းအရ သိရသည်။ ၂၂ လတာ […]

ကော့သောင်းမှ ထိုင်းသို့ မှောင်ခိုသွင်းလာသည့် ရော်ဘာ ကီလိုတစ်သောင်းကျော် ဖမ်းမိ

diz_admin

December 3, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် တင်သွင်းလာသော ရော်ဘာ ကီလို ၁၀၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၃) ထုတ်ပြန်သည်။ ရော်ဘာပြားများ မှောင်ခိုတင်သွင်းနေသည်ကို ယမန်နေ့ (ဒီဇင်ဘာ ၂) မှစ၍ စတင်ဖမ်းဆီးရခဲ့ရာမှ ဆက်တိုက်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း‌ ထုတ်ပြန်ထားသည်။ ယနေ့အထိ ၄ ကြိမ်မြောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကီလို ၁၀၃၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ယမန်နေ့ မနက် ၉ နာရီအချိန်ခန့်တွင် ရနောင်းခရိုင် ကရဘူရီဒေသ နမ်းကျူရွာ မြစ်ကမ်းနဘေးတွင် ကီလို ၂၄၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ထိုင်းနိုင်ငံသား ပစ်ကပ်ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ […]

မော်လမြိုင်တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

diz_admin

December 3, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အတွင်း သေနတ်ကိုင်ထားသူတစ်ဦး ဝင်ရောက်လာကာ ဓားပြတိုက်သွားကြောင်း မြို့ခံများထံမှ သိရသည်။ သီရိမြိုင်ဈေးအနီးရှိ ရွှေအုန်းပင်ရွှေဆိုင်တွင် ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦး ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်ကို သေနတ်ဖြင့်ချိန်ကာ ငွေကျပ် သိန်း ၂၀ ခန့် ယူဆောင်သွားခြင်းဖြစ်သည်။ သေနတ်သမားသည် ရွှေထည်ပစ္စည်းများမယူဘဲ ငွေသားများသာ ယူဆောင်သွားသည်ဟုလည်း မျက်မြင်တွေ့ရှိသူများ ထံမှသိရသည် “ဆိုင်ရှင်လဲ ပထမ ပိုက်ဆံမရှိဘူးပြောပေမယ့် သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်တော့ ထုတ်ပေးလိုက်ရတယ်။ သိန်း ၂၀ လောက် ပါသွားတယ်လို့တော့ သိရတယ်” ဟု ဆိုင်ပိုင်ရှင်နှင့် နီးစပ်သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ သေနတ်သမားသည်  သေနတ်ပစ်ဖောက်ခြင်းမရှိဘဲ ငွေများယူဆောင်ပြီး ဆိုင်ကယ်ဖြင့် မောင်းပြေးသွားသည်ဟုလည်း ရပ်ကွက်နေသူများကဆိုသည်။ […]