မြိတ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး
diz_admin
November 28, 2022မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်နှစ်ဦး ကျဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သည့် တောကြီးမြွှေဟောက် (King Cobra Force) အဖွဲ့က ရဲဘော် မိုက်သည် နိုဝင်ဘာလ ၂၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။ မည်သည့်အကြောင်းကြောင့် ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။ နိုဝင်ဘာလ ၂၄ ရက်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် ပျုစောထီးအပါအဝင် စစ်ကောင်စီတပ်နှင့် တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ရဲဘော် မိုက် သည် တိုက်ပွဲ၌ ပစ်ခတ်တိုက်ခိုက်ကြရာတွင် ကျဆုံးခြင်းမဟုတ်ဘဲ မိုင်းများသယ်လာစဉ် ဆိုင်ကယ် မတော်တဆဖြစ်၍ မိုင်းကွဲကာ ကျဆုံးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အလားတူ […]


