ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်နားကပ်လာ၊ တရုတ်စီမံကိန်းများအနီးတွင်ဖြစ်ပွားမှု နှစ်ဆတိုးလာဟုဆို

diz_admin

November 25, 2022

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းအနီးဝန်းကျင်နှင့် အနီးတဝိုက် ဆက်စပ်နေရာများတွင် ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု နှစ်ဆနီးပါးတိုးလာပြီး အကြိမ်ရေအားဖြင့် ၂၀၀ ထက်မနည်းရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ယနေ့ ထုတ်ပြန်သည်။ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ မြန်မာနိုင်ငံတွင် တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအနက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် တိုင်းနှင့် ပြည်နယ် ရှစ်ခုက မြို့နယ် ၄၃ ခုတွင် တိုက်ပွဲ ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ISP က ဆိုသည်။ တရုတ်စီမံကိန်းများအနီး ဖြစ်ပွားသည့်တိုက်ပွဲများအနက် အကြိမ်ရေ နှစ်ရာထက်မနည်းမှာ ယခုနှစ် အောက်တိုဘာလ အထိ […]

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော ကလေးတစ်ဦးအပါအဝင် မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ

diz_admin

November 25, 2022

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦးကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း ကန်ချနဘူရီသတင်းဌာနတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသ နောင်းလူရွာတွင် မြန်မာအလုပ်သမားများအား တရားမဝင် တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို စန်ခရာဘူရီခရိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ကားပေါ်တွင် ကလေးတစ်ဦးအပါအဝင် မြန်မာအလုပ်သမား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၇ ဦးနှင့် ထိုင်းနိုင်ငံသား ကားမောင်းသမားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကား၏ အနောက်ဘက်တွင် အနက်ရောင် ပလတ်စတစ်အပိုင်းအစဖြင့် ဖုံးအုပ်ထားကာ ၎င်းအောက်တွင် မြန်မာအလုပ်သမားများသည် တစ်ဦးပေါ်တစ်ဦးဆင့်၍ အိပ်လျက်အနေအထားဖြင့် လိုက်ပါလာကြခြင်းဖြစ်သည်ဟု ဆိုသည်။ ကျန်မြန်မာအလုပ်သမားများမှာ ကား၏ […]

တနင်္သာရီမြို့နယ် ချောင်းညီကိုရွာသွားတစ်ဦးကို ရှင်းလင်းခဲ့ဟု ပကဖထုတ်ပြန်

diz_admin

November 24, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာနေ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦးကို သုတ်သင်ရှင်းလင်း လိုက်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ ချောင်းညီကိုရွာနေ စစ်ကောင်စီတပ် သတင်းပေးတစ်ဦးဖြစ်သူ ကိုမင်းဇော်အား ယနေ့နံနက် ၈ နာရီတွင် သွားရောက်ရှင်းလင်းခဲ့သည်ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ဦးမင်းဇော် အား စစ်ကောင်စီထံသို့ သတင်းမပေးရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း နောက်ထပ်လိုက်နာခြင်း မရှိသူများကိုလည်း ထပ်မံရှင်းလင်းသွားမည်ဖြစ်ကာ အချိန်မနှောင်းခင် အမြန်ဆုံးနည်းဖြင့် အမြင်မှန်ရပြီး ပြည်သူနဲ့အတူ ရပ်ကြရန် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး ဒေသခံများအား မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပေ။

လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

diz_admin

November 24, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီးသို့ ပျူစောထီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၂၃ ရက် နံနက်ကစပြီး လယ်သစ်ရွာဖက်သို့ စစ်ကြောင်းထိုးလာနေပြီး လက်ရှိအချိန်တွင် လယ်သစ်အရှေ့ကမ်းနှင့် အနောက်ကမ်းနေ ရွာသားများ ဘေးလွတ်ရာ တောတောင်အတွင်းသို့ သွားရောက်နေထိုင်နေကြပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပြေးရပြန်ပြီ။ အနောက်ကမ်းရော၊ အရှေ့ကမ်းရော နှစ်ရွာစလုံးပဲ။ စစ်တပ်က ဒီနေ့ဆို ရွာအနီးရောက်နေပြီလို့ ကြားရတယ်။ ဒီညနေကို ပစ်ကြတော့မလား မသိဘူး” ဟု လယ်သစ်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၂၃ ရက်နှင့် ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်တို့တွင် လေယာဉ်များ ပျံသန်းခဲ့သည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောဆိုသည်။ လယ်သစ်ကျေးရွာတွင် […]

မဟာချိုင်တွင် ငွေယူပြီး အလုပ်လည်းမသွင်းပေး၊ နေခွင့်ကတ်လည်း မလုပ်ပေးသည့် မြန်မာပွဲစား အဖမ်းခံရ

diz_admin

November 24, 2022

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် မြန်မာအလုပ်သမား ၅၀ကျော်ကို အလုပ်ရှာပေးပြီး နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်ပါ လုပ်ပေးမည်ဟုဆိုကာ ငွေကြေးရယူထားသော်လည်း တစ်စုံတစ်ရာ မလုပ်ပေးသည့် မြန်မာပွဲစားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှသိရသည်။ မြန်မာပွဲစား ဦးကျော်စိုးဆိုသူကို စမူစခွန်ခရိုင် မဟာချိုင်မြို့ ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၂ ရက်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုင်းလုံစင် ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်ကတ်) ပါ လုပ်ပေးမည်ဟုဆိုကာ မြန်မာပွဲစားသည် အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၄၀၀၀ အထိ ကြိုတင်ယူထားခဲ့ကြောင်း AAC အဖွဲ့ထံမှ သိရသည်။ အချိန်သုံးလကျော်ကြာ စောင့်ဆိုင်းသော်လည်း အလုပ်မရရှိသေးသည့်အပြင် ပန်းရောင်ကတ်လုပ်ရန် အမည်စာရင်း သွင်းထားခြင်းပင် မရှိသဖြင့် အလုပ်သမားများက AAC […]

တမူးနယ်စပ်ဂိတ်ပိတ်သဖြင့် မြိတ်ဒေသထွက် ကွမ်းသီးအသစ် ဈေးထိုးကျဟုဆို

diz_admin

November 24, 2022

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် တမူးနယ်စပ်ဂိတ်ကို ပိတ်လိုက်သဖြင့် မြိတ်ဒေသတွင် ယခုရာသီထွက် ကွမ်းသီးအသစ် ဈေးထိုးကျနေသဖြင့် အခက်တွေ့နေရကြောင်း ကွမ်းသီးခြံလုပ်ငန်းရှင်များနှင့် ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူများ ထံမှ သိရသည်။ တရားမဝင် အလုပ်သမားများ ဝင်ရောက်မှု မြင့်တက်နေသည်ဟုဆိုကာ တမူး-မိုးရေးနယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၁၅ရက်မှ စတင်ကာ အိန္ဒိယဘက်က သုံးလပိတ်ကြောင်း မဏိပူရ်ပြည်နယ်အစိုးရက ကြေညာထားသည်။ မြန်မာနိုင်ငံက ထွက်ရှိသည့် ကွမ်းသီးတို့အား စစ်ကိုင်းတိုင်းအတွင်းရှိ တမူးမြို့နှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့တို့ အကြားရှိ တမူး-မိုးရေးနယ်စပ်ဂိတ်မှ တင်ပို့ ရောင်းချလေ့ရှိကြသည်။ ယင်းကဲ့သို့ နယ်စပ်ဂိတ်ပိတ်ပြီးနောက် ကွမ်းသီးအသစ်ဈေးနှုန်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ကျော်မှ ၄၀၀၀ ကျပ် အောက်ဘက်သို့ ကျဆင်းသွားကြောင်း တနင်္သာရီမြို့တွင် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “ကွမ်းသီးဈေးက ဘာမှလုပ်လို့မရတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဝယ်ကြတဲ့ဈေးလည်း […]

ပုလော၊ ကြဲရွာတွင် ကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦး ပစ်သတ်ခံရ

diz_admin

November 24, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲရွာတွင် ကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ကြဲရွာတွင် လမ်းခင်းကျောက် ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် အသက် ၅၀ ကျော်အရွယ် ဦးစိုးဝေသည် နိုဝင်ဘာလ ၂၃ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။ “သူ့လုပ်ငန်းဆိုဒ်ထဲမှာ ပစ်သတ်ခံရတယ်။ ဒီနေ့မနက်ကပဲ သူ့အလောင်းကို ပုလောသယ်သွားတယ်” ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အသတ်ခံရသူသည် စစ်ကောင်စီတပ်များနှင့် ဆက်စပ်ပတ်သက်မှုရှိသူဖြစ်ပြီး ကြဲရွာတွင် နေထိုင်လေ့ရှိသည်ဟု ဒေသခံများကပြောသည်။ သို့သော် ဦးစိုးဝေကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို အတည်မပြုနိုင် သေးပေ။ စက်တင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီခန့် ကြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂွမ်တင် ၎င်းနေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

အမေရိကန်တွင် စတိုးဆိုင်မန်နေဂျာက ဝန်ထမ်းခြောက်ဦးကို သေနတ်ဖြင့်ပစ်သတ်

diz_admin

November 24, 2022

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် မြို့တစ်မြို့၏ Walmart စတိုင်းဆိုင်မန်နေဂျာသည် နားနေခန်းအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များကို ယနေ့ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခြောက်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရကြောင်း BBC သတင်းက ဖော်ပြထားသည်။ သေနတ်ကိုင်ထားသူ မန်နေဂျာက ဝန်ထမ်းများ နားနေခန်းအတွင်း သေနတ်ဖြင့် ပစ်ခတ်နေစဉ် ရဲအရာရှိများကို ဖုန်းလှမ်းခေါ်ခဲ့သေးသည်။ ထို့နောက် ၎င်းသည် မိမိကိုယ်ကိုယ်လည်း ပစ်သတ်ခဲ့ကာ ထိုဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ချက်ဆာပိခ် မြို့နယ် အရာရှိများက ဆိုသည်။ မည်သည့်အကြောင်းရင်းကြောင့် ယခုလို ပစ်ခတ်ရသည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။ ပစ်ခတ်သူမှာ အသက် ၃၁ နှစ် အရွယ် အန်ဒရီဘင်း ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ၎င်းသည် ပစ္စတိုသေနတ်ကို ကိုင်ထားပြီး ကျည်ကတ်များစွာလည်း ပါကြောင်း သတင်းများက ဖော်ပြထားသည်။ ပစ်ခတ်သူသည် […]