ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တိတ်ဆိတ်ငြိမ်သက်သပိတ်နေ့ ထားဝယ်

diz_admin

February 1, 2023

အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ဆင်နွှဲနေကြသည်။ စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆန့်ကျင်သည်ကို တိတ်ဆိတ်မှုဖြင့် သက်သေပြကြခြင်းလည်း ဖြစ်သည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို နံနက် ၁ဝနာရီမှ ညနေ ၃နာရီအထိ ဆင်နွှဲနေကြခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင်လည်း သပိတ်ဆင်နွှဲနေကြသဖြင့် မြို့ပေါ်တွင်အသွားအလာတိတ်ဆိတ်ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြအပ်ပါသည်။

ရေးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၊ ခြေထောက်ပြတ်တောက်ဒဏ်ရာရ

diz_admin

January 31, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ဘေးကလွဲရွာ ကြိုးတံတားချောင်းအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက် နံနက် ၁၀ နာရီခန့်က အသက် ၆၀ ဝန်းကျင်ရှိ နိုင်ကိုးမိုင်ဆိုသူက ကြိုးတံတားချောင်းအနီး ၎င်း၏ဥယျာဉ်ခြံတွင် ရေပိုက်လာပြင်ရင်း မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဖက်ခြေထောက် ပြတ်တောက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “နိုင်ကိုးမိုင်က သူ့ခြံမှာ ရေပိုက်လာပြင်ရင်းနဲ့ မိုင်းနင်းမိတာ။ ခြေထောက်ထိသွားလို့ ဆေးရုံတင်ထားရတယ်လို့ ပြောတယ်။ ဒီနယ်ဘက်မှာ မိုင်းနင်းမိတာတော့ မကြားဖူးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ကိုးမိုင်ကို လူမှုကူညီရေးအသင်းတို့၏ အကူအညီဖြင့် လမိုင်းမြို့ဆေးရုံမှတစ်ဆင့် မော်လမြိုင်မြို့ ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင် […]

လောင်းလုံး တောကျဲရွာအနီးပေါက်ကွဲမှုဖြစ်၊ မြို့ပေါ်တွင် စစ်ဆေးတင်းကြပ်

diz_admin

January 31, 2023

လောင်းလုံးမြို့နယ် တောကျဲကျေးရွာနှင့် သပြေရှောင်ကျေးရွာအုပ်စု ရဘဲအင်းကျေးရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၈ နာရီကျော်တွင် လက်နက်ကြီးပစ်ခတ်သံ သို့မဟုတ် မိုင်းပေါက်ကွဲသံဟု ယူဆရသည့် ပေါက်ကွဲသံ သုံးချက် ကြားရကြောင်း ၎င်းတို့က ဆိုသည်။ ပေါက်ကွဲမှုဖြစ်ရသည့်အကြောင်းအရင်းကိုမူ တိတိကျကျ မသိရသေးပေ။ ဒေသခံအချို့ကမူ သပြေရှောင်ကျေးရွာအထိ ရေကြောင်းကနေလာပြီး ယင်းမှတစ်ဆင့် တောကျဲရွာကို ကုန်းကြောင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။ “ပေါက်ကွဲမှုဖြစ်တာတော့ သေချာတယ်။ နောက်ဆက်တွဲတော့ ဘာမှမကြားရသေးဘူး။ ရွာထဲမှာ အဖမ်းခံရတာလည်း မရှိဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ ဘာဖြစ်တယ်ဆိုတာကိုလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ ပေါက်ကွဲမှုဖြစ်ပေါ်နေချိန် လောင်းလုံးမြို့ ရဲစခန်းအရှေ့တွင်မူ […]

မြိတ်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်လာ

diz_admin

January 31, 2023

မြိတ်မြို့၊ တရုတ်တန်းရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ရပ်ကွက်များတွင် ဧည့်စာရင်း စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၉ ရက်ညက တရုတ်တန်းရပ်ကွက် ကေတီဗွီတွင် ဆိုင်ရှင် ၏ မိသားစုဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သူ သုံးဦးမှာ ထွက်ပြေးသွားကြောင်း မြို့ခံများက ပြောသည်။ ယင်းညမှစတင်ကာ ကလွင်၊ ရေပုန်း၊ ရွှေပြည်တန်၊ မြိတ်တောင်၊ မြို့သစ်၊ တိုးချဲ့ စသည့် ရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု မြို့ခံများက ဆိုသည်။ “ညကလည်း ကျွန်တော်တို့ဖက်မှာ စစ်တာ။ လမ်းကြိုလမ်းကြားတောင် မချန်ဘူး။ အိမ်ပေါက်စေ့ကိုစစ်တာ” ဟု မြို့သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက Dawei Watch သို့ ပြောသည်။ လာရောက်စစ်ဆေးစဉ် ရပ်ကွက်လူကြီးနှင့် ရဲတပ်ဖွဲ့အပါအဝင် လူဦးရေနှစ်ဆယ်ကျော် ပါဝင်သည်ဟု […]

ထိုင်းတွင် မြန်မာမိန်းကလေးတစ်ဦး ဓားထောက်အဓမ္မပြုကျင့်ခံရ

diz_admin

January 31, 2023

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖူထောင်စာခလာ ရဲစခန်းက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီခန့်တွင် မြန်မာမိန်းကလေးတစ်ဦးက အဆိုပါဖြစ်စဉ်ကို စမွတ်ပရကန်ခရိုင် စာခလာရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာမိန်းကလေး၏ သက်သေထွက်ဆိုမှုအရ CCTV ကင်မရာများမှတစ်ဆင့် ကျူးလွန်သူ အသက် ၂၄နှစ်အရွယ် ထိုင်းနိုင်ငံသားကို ခြေရာခံလိုက်လံစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၇ရက် ညနေ ၆နာရီခန့်တွင် နေအိမ်အတွင်း ဖမ်းမိခဲ့ ကြောင်း ရေးသားထားသည်။ အဆိုပါထိုင်းနိုင်ငံသားသည် အလုပ်လျှောက်ပေးမည်ဟုဆိုကာ မြန်မာမိန်းကလေးအား ဝတ်ခေါင်စန်ဘုန်းကြီးကျောင်း ရှေ့တွင် ကားဖြင့် လာရောက်ကြိုခဲ့ပြီးနောက် မြေကွက်လပ်တစ်ခုသို့ လိမ်လည်ခေါ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။ ထို့နောက် မြန်မာမိန်းကလေးကို […]

တိုင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိဟုဆို

diz_admin

January 31, 2023

ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ငွေကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၇ ရက်က ထားဝယ်မြို့ ဥသာရံတိုးချဲ့ရပ်ကွက်၊ ကမ်းနားလမ်းတွင် ထော်လာဂျီတစ်စီးနှင့်အတူ တွေ့ရှိသည့် အသက် ၂၅နှစ်ရှိ အမျိုးသားတစ်ဦးအား စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ယင်းသို့စစ်ဆေးရာ ထော်လာဂျီပေါ်ကက စိတ်ကြွရူးသွပ်ဆေးပြား ၉၅၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါဆေးပါးမှာ တစ်ပြားလျှင် ဒေသကာလပေါက်ဈေး ၂၅၀၀ ကျပ်ဖြင့်တွက်ချက်ကာ စုစုပေါင်း ကျပ် ၂၃၇၅ သိန်း ဖိုးတန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားနှင့် ဆက်နွယ်နေသည့် အသက် ၄၆ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၄၄ နှစ်ရှိ […]

ထားဝယ်မြို့ပေါ်ရှိ နေအိမ်အချို့ ဝင်ရောက်စီးနင်းရှာဖွေခံရ

diz_admin

January 30, 2023

ထားဝယ်မြို့ပေါ်ရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးကြောင်း မြို့ခံအချို့က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲအင်အား အလုံးအရင်းဖြင့် လမ်းမ၊ လမ်းသွယ်များအထိ ဝိုင်းကာ ဝင်ရောက်ရှာဖွေခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တလိုင်းမရပ်ကွက်၊ ဗဟိုလမ်းဆုံ မီးပွိုင့်အနီးရှိ ဦးတင်စန်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေကြောင်း မြို့ခံအချို့က ဆိုသည်။ “ကျွန်တော်လာတဲ့အချိန် ဒေါ်စေးမူ (ဦးတင်စန်း၏ ဇနီး) တို့အိမ်ကို ဝင်ဝိုင်းနေတာ တွေ့ရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ ယင်းသို့စီးနင်းရှာဖွေရာတွင် ဒေါ်စေးမူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းယူသွားကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ “ကားကို ဓာတ်ပုံရိုက်သွားတယ်လို့ပြောတယ်။ […]

ရေဖြူ သပြေဇွန်းရွာ တောမီး နှစ်ရက်ကြာသည်အထိ မငြိမ်းသေး

diz_admin

January 30, 2023

ရေဖြူမြို့နှင့် သပြေဇွန်းရွာအကြား ရေဆူတောင်ကြောတစ်လျှောက် လောင်နေသော တောမီးမှာ နှစ်ရက်ကြာသည်အထိ မငြိမ်းသေးကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းတောမီးသည် ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းကတည်းက လောင်ကျွမ်းနေခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၃၀ ရက် ညအချိန်အထိ လောင်နေဆဲဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ မနေ့က ညနေ ၆ နာရီလောက်ကတည်းက ငြှိမ်းနေတာ၊ မနက် ၄ နာရီအထိပဲ။ တစ်ညလုံး ငြှိမ်းနေတာ။ မနိုင်တော့လို့ လက်လျှော့ပြီးပြန်လာရတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းတောမီးသည် ယနေ့ ည ၇ ခွဲအချိန်တွင် ကျခတ္တပင်အင်းကျေးရွာအနီးအထိ ရောက်ရှိလာနေပြီး မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက အနီးအနားတွင် အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံတို့က ဆိုသည်။ တောမီးလောင်ရာတွင် […]