ဘုတ်ပြင်း ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ
diz_admin
February 1, 2023ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အနီး ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်က ကားတစ်စီး မိုင်းဆွဲခံရကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအနီးတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်က မိုင်းဆွဲခံရခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။ “ဟန်ကပြုရွာနားက တောင်ကုန်းမှာဖြစ်တာ။ ကားက အရပ်သားစီးကားပါ။ စစ်တပ်က ရိက္ခာလာထုတ်တာလို့ သိရတယ်။ ဖြစ်တဲ့နေရာက စစ်တပ်နဲ့လည်း နီးတယ်” ဟု ဘုတ်ပြင်းဒေသခံအမျိုးသားတစ်ဦးက Dawei Watch သို့ ပြောသည်။ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်က အရာရှိတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရသည်ဟု သတင်းထွက်နေကြောင်း ဒေသခံများနှင့် ကားသမားများက ဆိုသည်။ “ကျွန်တော်တို့ ဖြတ်လာပြီးမှဖြစ်တာ။ ကားတစီးလုံး မြှောက်တက်သွားတယ်လို့ ပြန်ကြားရတယ်” ဟု မြိတ် – ကော့သောင်းခရီးသည်တင်ယာဉ် ယာဉ်မောင်းတစ်ဦက ပြောသည်။ […]


