ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပေါင်တွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းဟောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

February 2, 2023

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ တွင် ရွေးကောက်ပွဲဝင်ခဲ့သူ ဦးကိုကိုလေး ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ဦးကိုကိုလေးမှာ ပေါင်မြို့ ပေါင်းရပ်ကွက်တွင် နေထိုင်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက် ညနေ ၆ နာရီခန့်က နေအိမ် ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် အမည်မသိသေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကိုကိုလေးတွင် ဝဲဘက်ရင်ညွန့်၊ ဝမ်းဗိုက်၊ မေးစေ့ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။ “သေနတ်သမား နှစ်ဦးက ဆိုင်ကယ်နဲ့ အိမ်မှာ လာပစ်ခတ်သွားတာ။ ၇ ချက် ၈ ချက်လောက် ပစ်သွားတယ်။ ဆေးရုံပို့တဲ့အချိန်မှာ […]

ကော့သောင်းတွင် ကုန်တင်လှေတစ်စီးမီးလောင်၊ လှေသားသုံးဦး ဒဏ်ရာရ

diz_admin

February 2, 2023

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံတံတားတွင် ဆိုက်ကပ်ထားသည့် ကုန်တင်လှေတစ်စီး ယနေ့ နံနက်က မီးလောင်ပြီး လှေသားသုံးဦးဒဏ်ရာရကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသူတို့မှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၅ နာရီခန့်က လှေပေါ်တွင် ပဲ့နင်းဖြစ်သူ အိပ်ပျော်နေစဉ် လှေသားတို့က ဂတ်စ်အိုးဖြင့် ထမင်းတည်ရာမှ ဂတ်စ်ယိုစိမ့်ပြီး မီးလောင်ခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် မီးတပ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မှုကြောင့် ဒီဇယ်ဆီ ၅ ပီပါ၊ ကုန်တင်လှေခေါင်းပိုင်းနှင့် စားသောက်ကုန်ရိက္ခာများ မီးလောင်ကျွမ်းခဲ့သဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်း သုံးဆယ်သုံးသိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။ “ဒဏ်ရာရတဲ့ သူတွေကို ဆေးရုံကို ပို့ပေးထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟု ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။ ဒဏ်ရာရ လှေသား အမျိုးသားသုံးဦးအား ကော့သောင်းခရိုင် […]

ရနောင်းလဝကစခန်းတွင် ဆန္ဒပြတောင်းဆိုသည့်မြန်မာခြောက်ရာကျော်ကို နေရပ်ပြန်ပို့ပြီ

diz_admin

February 2, 2023

ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝကထိန်းသိမ်းရေးစခန်းတွင် လနှင့်ချီကြာထိန်းသိမ်းခံရသဖြင့် နေရပ်ပြန်ပို့ပေးရန် ဆန္ဒပြခဲ့ကြသော မြန်မာနိုင်ငံသား ၆၇၀ ကျော်ကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ အမျိုးသား ၅၄၀ဦးနှင့် အမျိုးသမီး ၁၃၈ဦး စုစုပေါင်း ၆၇၈ဦး ကော့သောင်းဘက်သို့ ရောက်ရှိလာကြောင်း နေရပ်ပြန်ပို့သူများကို လက်ခံရာတွင် ကူညီပေးနေသည့် ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်များ အဖွဲ့ထံမှ သိရသည်။ မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်မှ တာဝန်ရှိသူများက စက်လှေ လေးစီးဖြင့် လာရောက်ခေါ်ယူခဲ့ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါမြန်မာများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် လွတ်ရက်စေ့ချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ရနောင်းလဝက စခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံဘက်က အရေအတွက်အကန့်သတ်ဖြင့်သာ လက်ခံနေခြင်း၊ […]

တနင်္သာရီမြို့နယ်တွင် ပြည်သူနှင့် PDF ပူးပေါင်းသပိတ်ဆင်နွှဲ

diz_admin

February 2, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အာဏာသိမ်း ၂နှစ်ပြည့် နွေဦးတော်လှန်ရေးသပိတ်ကို ယနေ့ ဖေဖော်ဝါရီလ ၂ရက်တွင် ပြုလုပ်သည်။ အဆိုပါ နွေဦးတော်လှန်းရေးသပိတ်တွင် လူရာနှင့်ချီပါဝင်ခဲ့ပြီး PDF ၊ ပကဖ အဖွဲ့များက ဝန်းရံကာ ဆန္ဒပြခြင်းဖြစ်ပြီး စစ်အာဏာရှင် အလိုမရှိ အပါအဝင် ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်တွင်လည်း PDF နှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဖေဖော်ဝါရီလ ၁ရက် ညပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

ကော့သောင်းတွင် ပျူစောထီးခေါင်းဆောင်ပစ်သတ်ခံရပြီး စစ်ကူလာသည့်ကား မိုင်းဆွဲခံရ

diz_admin

February 2, 2023

ကော့သောင်းမြို့နယ်တွင် ပျူစောထီးဒုခေါင်းဆောင် ပစ်သတ်ခံရပြီး စစ်ကူလာသည့် ကားမိုင်းဆွဲခံရကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က မနေ့ညကထုတ်ပြန်လိုက်သည်။ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ မာရမ်းကျေးရွာတွင် နေထိုင်သည့် ပျူစောထီးဒုခေါင်းဆောင် ဦးဆန်းတင်အား မနေ့က(ဖေဖော်ဝါရီ ၁)နံနက် ၆ နာရီကျော်တွင် သွားရောက်ရှင်းလင်းခဲ့ပြီး ၎င်းနှင့်အတူ M 16 ၊A1 မောင်းပြန်ရိုက်ဖယ်နှစ်လက်၊ ကျည်ဘောက်အရှည်တစ်ခုနှင့် ကျည်ဆံ ၂၈ တောင့်အပါအဝင် ဓါးမြှောင် ၃ လက်ကိုသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းသို့ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၁၁ နာရီခွဲတွင် ခမောက်ကြီးမြို့နယ်ဘက်မှ မာရမ်းကျေးရွာဖက်သို့ စစ်ကာကြီးနှစ်စီးဖြင့် အင်အားခြောက်ဆယ်ခန့်တက်လာစဥ် အောင်ချမ်းသာကျေးရွာနှင့် ဆိတ်ဖူးကျေးရွာကြား ပလတ်ခွတံတားအနီးတွင် ထပ်မံပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သော်လည်း Dawei Watch အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။ “ပျုစောထီးခေါင်းဆောင် […]

လောင်းလုံးတွင် PDF နှင့်ပြည်သူ ပူးပေါင်းဆန္ဒပြ

diz_admin

February 1, 2023

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းတွင် လောင်းလုံးမြို့နယ်၌ PDF နှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြကြောင်း ပါဝင်ဆန္ဒပြသည့် ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့နယ် ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စုအသီးသီးနှင့် ပြည်သူလူထုပူးပေါင်း၍ ကျေးရွာအချို့တွင် ဆိုင်ကယ်ဖြင့် လှည့်လည်၍ ဆန္ဒပြကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “(ဆန္ဒပြသူ) အင်အားတစ်ရာလောက်ရှိမယ်။ ဆိုင်ကယ်တွေနဲ့ ဘေးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဝန်းရံထားတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ PDF နှင့် ပြည်သူ ပူပေါင်းသပိတ်စစ်ကြောင်းသည် ယနေ့ ည ၇ နာရီမှစပြီး ကျေးရွာအချို့သို့ သွားရောက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ […]

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

February 1, 2023

သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရသူမှာ ဦးကျော်စိုးဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။ ဦးကျော်စိုးသည် ပိန်းတောရွာတွင် ပိုက်လှေလုပ်ငန်းလုပ်ကိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးနီးကပ်ကပ် နေ့ထိုင်သွားလာလေ့ရှိသည်ကို တွေ့ရကြောင်း အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ယင်းကြောင့် သတိပေးစာ ပေးခံရသည့် သတင်းများလည်း ထွက်ဖူးကြောင်း ၎င်းက ဆိုသည်။ “သူ့ကို စာပစ်ပြီးသတိပေးနေတာ နှစ်ခါရှိပြီလို့တော့ ကြားတယ်။ အိမ်မှာ လာပစ်သွားတယ်ဆိုတာလောက်ပဲ ကြားတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ သို့သော် ဦးကျော်စိုးကို […]

ဘုတ်ပြင်း ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

diz_admin

February 1, 2023

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အနီး ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်က ကားတစ်စီး မိုင်းဆွဲခံရကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအနီးတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်က မိုင်းဆွဲခံရခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။ “ဟန်ကပြုရွာနားက တောင်ကုန်းမှာဖြစ်တာ။ ကားက အရပ်သားစီးကားပါ။ စစ်တပ်က ရိက္ခာလာထုတ်တာလို့ သိရတယ်။ ဖြစ်တဲ့နေရာက စစ်တပ်နဲ့လည်း နီးတယ်” ဟု ဘုတ်ပြင်းဒေသခံအမျိုးသားတစ်ဦးက Dawei Watch သို့ ပြောသည်။ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်က အရာရှိတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရသည်ဟု သတင်းထွက်နေကြောင်း ဒေသခံများနှင့် ကားသမားများက ဆိုသည်။ “ကျွန်တော်တို့ ဖြတ်လာပြီးမှဖြစ်တာ။ ကားတစီးလုံး မြှောက်တက်သွားတယ်လို့ ပြန်ကြားရတယ်” ဟု မြိတ် – ကော့သောင်းခရီးသည်တင်ယာဉ် ယာဉ်မောင်းတစ်ဦက ပြောသည်။ […]