လောင်းလုံးတွင် သစ်တောရုံးမီးရှို့ခံရပြီးနောက် အပြန်လှန်ပစ်ခတ်
diz_admin
February 4, 2023လောင်းလုံးမြို့ပေါ်တွင် မြို့နယ်သစ်တောဦးစီးဌာနရုံး မီးရှို့ခံရပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက် ၂နာရီခန့်တွင် လက်နက်ကိုင်လူတစ်စုက မြို့နယ်သစ်တောဦးစီးဌာနရုံးကို မီးရှို့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းနောက် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ၁၅ မိနစ်ခန့်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “သေနတ်သံတွေက ဆူနေတာ” ဟု ၎င်းက ဆိုသည်။ မြို့နယ်သစ်တောဦးစီးဌာနရုံးမှာ လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက် ညောင်ပင်လမ်းဆုံ လောင်းလုံးမှ စမ်းလှန်းသို့ သွားသည့် လမ်းပိုင်းတွင်ရှိပြီး ပစ်ခတ်မှုမှာ ယင်းရုံးအနီးတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်တောရုံးကို မီးရှို့သည်မှာ PDF အဖွဲ့က ဖြစ်နိုင်ဖွယ်ရှိပြီး အပြန်လှန်ပစ်ခတ်မှုမှာလည်း PDF အဖွဲ့နှင့်ပင် ဖြစ်နိုင်ဖွယ်ရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက […]


