ပုလောက စစ်ကောင်စီခြေလျင်တပ်ရင်းကို PRDFက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
Dawei Watch
April 4, 2024ပုလောမြို့နယ်ရှိ စစ်ကောင်စီ အမှတ် ၂၈၅ ခြေလျင်တပ်ရင်းကို ဒရုန်းဖြင့်ဗုံး သုံးလုံးကြဲချတိုက်ခိုက်ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF) ထံမှ သိရသည်။ ယနေ့ ဧပြီလ ၃ရက်က ပုလောမြို့နယ်ထဲရှိ စစ်ကောင်စီတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ရာတပ်ရင်းအတွင်းရှိ စစ်ဆေးရုံနှင့် လက်နက်ကြီးကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ ထိုသို့ တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိနိုင်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်ကမူ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။ “ကျွန်တော်တို့မှာ ဒရုန်းတွေဒီထက်ပိုရှိရင် စကစကို အခုထက်ပိုပြီးတိုက်ခိုက်နိုင်မှာဖြစ်သလို အခုလက်ရှိမှာ ကျွန်တော်တို့ ဒရုန်းတိုက်ခိုက်မှုစွမ်းရည်ကို တိုးတက်မှုရှိလာအောင်ကြိုးစားနေပါတယ်” ဟု PRDF ၏ ဒရုန်းတပ်ဖွဲ့တာဝန်ခံက ပြောသည်။ PRDF […]


